အိုထရတ်ဖိုဒ်မှာ မန်နေဂျာဟောင်း မော်ရင်ညို ဦးဆောင်လာမယ့် စပါးကို ရင်ဆိုင်ဖို့ ယူနိုက်တက် လူစာရင်းမှာတော့ တိုက်စစ်မှူး မာရှယ် ဒဏ်ရာကြောင့် ပါဝင်လာနိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။

ပြင်သစ်သားတိုက်စစ်သမားဟာ အက်စတွန်ဗီလာကို ရင်ဆိုင်ခဲ့တဲ့ပွဲမှာ ကြွက်သားဒဏ်ရာ ရခဲ့တာကြောင့် စပါးနဲ့ပွဲကို လွဲချော်ဖို့ ရှိနေတာပါ။ ဒါပေမယ့် သတင်းကောင်းကတော့ ကွင်းလယ်လူ တော်မီနေး ဒီပွဲမှာ ပါဝင်ဖို့ မျှော်လင့်ထားနိုင်တာဖြစ်တယ်။ ပြီးခဲ့တဲ့ နိုင်ငံတကာ သီတင်းပတ်အပြီး ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ တော်မီနေးက ပြန်သက်သာလာနေတယ်လို့ သိထားရပါတယ်။

မန်နေဂျာဆိုးရှားက ကွင်းလယ်မှာ ပေါ့ဘာ (သို့) တော်မီနေး ပါလာနိုင်တာကို သတင်းပေးထားပြီး တိုက်စစ်မှူး မာရှယ် မပါနိုင်တဲ့ အနေအထားမှာ ခံစစ်သုံးယောက်တန်း နည်းစနစ်နဲ့ ပွဲထွက်မယ်လို့လည်း သတင်းကြားထားရပါတယ်။ အကယ်ဒမီ လူငယ်တွေဖြစ်တဲ့ ဗဟိုခံစစ်မှူး တွမ်ဇီဘီ၊ ဘယ်အစွန်သမားလေး ဝီလီယံတို့ကို ပွဲထုတ်လာမှာဖြစ်တယ်။

အဓိက ကစားသမားတွေဖြစ်တဲ့ ဘစ်ဆာကာ၊ မက်ဂွဲရား၊ လင်ဒီအော့တို့ကို ခံစစ်မှာ မြင်တွေ့ရဦးမှာပါ။ မာတစ် ပြန်လည်ကစားနိုင်ဖို့ နီးစပ်နေပေမယ့် တော်မီနေးကို ဖရတ်နဲ့ တွဲပေးပြီး သူတို့နှစ်ဦးရှေ့မှာ ပါရဲရားကို ထားကစားဖို့ကို ဆိုးရှား ရွေးချယ်နိုင်ပါတယ်။ မာရှယ် မပါနိုင်ပေမယ့် လူငယ်တိုက်စစ်သမား ဂရင်းဝုဒ်ကို ထည့်ဖို့ထက် ရပ်ဖိုဒ့်နဲ့ ဂျိမ်းတို့ကိုပဲ တိုက်စစ်တင်ကာ ၃-၅-၂ ကစားကွက်ကို ကျင့်သုံးဖို့ များနေတာပါ။

အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ စပါးနဲ့ ပွဲပြီးရင် သီတင်းပတ် အကုန်မှာတော့ မန်စီးတီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ဖိအားတွေကနေ ရုန်းထွက်ဖို့ ဒီပွဲတွေမှာ ရလဒ်ကောင်းဖို့လိုပြီး ဆိုးရှားရဲ့ မန်နေဂျာရာထူးအတွက်လည်း ခပ်လှုပ်လှုပ်ဖြစ်နေတာဖြစ်ပါတယ်။

Possible United XI: De Gea; Wan-Bissaka, Tuanzebe, Maguire, Lindelof, Williams; McTominay, Fred, Pereira; Rashford, James

ZAWGYI

အိုထရတ္ဖိုဒ္မွာ မန္ေနဂ်ာေဟာင္း ေမာ္ရင္ညိဳ ဦးေဆာင္လာမယ့္ စပါးကို ရင္ဆိုင္ဖို႔ ယူႏုိက္တက္ လူစာရင္းမွာေတာ့ တိုက္စစ္မွဴး မာရွယ္ ဒဏ္ရာေၾကာင့္ ပါဝင္လာႏုိင္ဖြယ္ မရွိဘူးလို႔ သိရပါတယ္။

ျပင္သစ္သားတိုက္စစ္သမားဟာ အက္စတြန္ဗီလာကို ရင္ဆိုင္ခဲ့တဲ့ပြဲမွာ ၾကြက္သားဒဏ္ရာ ရခဲ့တာေၾကာင့္ စပါးနဲ႔ပြဲကို လြဲေခ်ာ္ဖို႔ ရွိေနတာပါ။ ဒါေပမယ့္ သတင္းေကာင္းကေတာ့ ကြင္းလယ္လူ ေတာ္မီေနး ဒီပြဲမွာ ပါဝင္ဖို႔ ေမွ်ာ္လင့္ထားႏုိင္တာျဖစ္တယ္။ ျပီးခဲ့တဲ့ ႏုိင္ငံတကာ သီတင္းပတ္အျပီး ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ အနားယူခဲ့ရတဲ့ ေတာ္မီေနးက ျပန္သက္သာလာေနတယ္လို႔ သိထားရပါတယ္။

မန္ေနဂ်ာဆိုးရွားက ကြင္းလယ္မွာ ေပါ့ဘာ (သို႔) ေတာ္မီေနး ပါလာႏုိင္တာကို သတင္းေပးထားျပီး တိုက္စစ္မွဴး မာရွယ္ မပါႏုိင္တဲ့ အေနအထားမွာ ခံစစ္သံုးေယာက္တန္း နည္းစနစ္နဲ႔ ပြဲထြက္မယ္လို႔လည္း သတင္းၾကားထားရပါတယ္။ အကယ္ဒမီ လူငယ္ေတြျဖစ္တဲ့ ဗဟိုခံစစ္မွဴး တြမ္ဇီဘီ၊ ဘယ္အစြန္သမားေလး ဝီလီယံတို႔ကို ပြဲထုတ္လာမွာျဖစ္တယ္။

အဓိက ကစားသမားေတြျဖစ္တဲ့ ဘစ္ဆာကာ၊ မက္ဂြဲရား၊ လင္ဒီေအာ့တို႔ကို ခံစစ္မွာ ျမင္ေတြ႔ရဦးမွာပါ။ မာတစ္ ျပန္လည္ကစားႏုိင္ဖို႔ နီးစပ္ေနေပမယ့္ ေတာ္မီေနးကို ဖရတ္နဲ႔ တြဲေပးျပီး သူတို႔ႏွစ္ဦးေရွ႔မွာ ပါရဲရားကို ထားကစားဖို႔ကို ဆိုးရွား ေရြးခ်ယ္ႏုိင္ပါတယ္။ မာရွယ္ မပါႏုိင္ေပမယ့္ လူငယ္တိုက္စစ္သမား ဂရင္းဝုဒ္ကို ထည့္ဖို႔ထက္ ရပ္ဖိုဒ့္နဲ႔ ဂ်ိမ္းတို႔ကိုပဲ တိုက္စစ္တင္ကာ ၃-၅-၂ ကစားကြက္ကို က်င့္သံုးဖို႔ မ်ားေနတာပါ။

အမွတ္ေပးဇယား အဆင့္ ၉ ေနရာမွာ ရပ္တည္ေနတဲ့ ယူႏုိက္တက္ဟာ စပါးနဲ႔ ပြဲျပီးရင္ သီတင္းပတ္ အကုန္မွာေတာ့ မန္စီးတီးကို အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ရဦးမွာျဖစ္ပါတယ္။ ဖိအားေတြကေန ရုန္းထြက္ဖို႔ ဒီပြဲေတြမွာ ရလဒ္ေကာင္းဖို႔လိုျပီး ဆိုးရွားရဲ႕ မန္ေနဂ်ာရာထူးအတြက္လည္း ခပ္လႈပ္လႈပ္ျဖစ္ေနတာျဖစ္ပါတယ္။

Possible United XI: De Gea; Wan-Bissaka, Tuanzebe, Maguire, Lindelof, Williams; McTominay, Fred, Pereira; Rashford, James