မာဆေးဆိုဒ်ဒါဘီမှာတော့ လီဗာပူးရဲ့ ဂိုးပေါက်ကို အယ်လီဆန် အစား အတ်ဒရီယန်က ပြောင်းလဲ တာဝန်ယူမှာဖြစ်ပြီး ကွင်းလယ်လူ ဖာဘင်ညိုနဲ့ ခံစစ်မှူး မာတစ်တို့ကတော့ နှစ်သစ်ထိ ပါဝင်နိုင်ဖို့ မျှော်လင့်လို့ မရနိုင်တာဖြစ်တယ်။

ဘရိုက်တန်နဲ့ပွဲမှာ အနီကဒ်ပြစ်ဒဏ် ရရှိခဲ့တဲ့ အယ်လီဆန်ဟာ သီတင်းပတ်အကုန်ဖြစ်တဲ့ ဘုန်းမောက်နဲ့ပွဲမှာတော့ ပြန်ပါလာနိုင်မှာဖြစ်တယ်။ ဒီရာသီ အမှတ်ပေးလိဂ်မှာ လီဗာပူးရဲ့ တစ်ပွဲတည်းသော clean sheet ကို ရယူပေးခဲ့သူ အတ်ဒရီယန်ဟာ ဒီရာသီ အန်ဖီးကွင်းမှာ တစ်ကြိမ်မှ clean sheet မရသေးတဲ့ အနေအထားကို အဆုံးသတ်ဖို့ ကြိုးစားမှာဖြစ်ပြီး သူ့အတွက်တော့ ပထမဆုံးသော မာဆေးဆိုဒ်ဒါဘီပွဲလည်း ဖြစ်ပါတယ်။

လီဗာပူးခံစစ်မှူး မာတစ် မပါနိုင်ပေမယ့် ဗန်ဒိုက်နဲ့ လိုဗရန်တို့ အတွဲမိနေပြီး ဘယ်ညာအစွန်တွေမှာ ထရန့်နဲ့ ရော်ဘတ်ဆန်တို့ မပြောင်းလဲပဲ ပွဲထွက်ခွင့်ရမှာဖြစ်တယ်။ ကွင်းလယ်မှာတော့ ဖာဘင်ညိုနေရာ ဟန်ဒါဆန်က တာဝန်ယူပြီး လက်ကျန် ကွင်းလယ် နှစ်နေရာထဲက တစ်နေရာကိုတော့ ဝိုက်နယ်ဒမ်က ပွဲထွက်ကစားမှာပါ။

လီဗာပူးဟာ တိုက်စစ်သမားသုံးဦးဖြစ်တဲ့ ဖာမင်နို၊ ဆာလက်၊ မာနေးတို့နဲ့ ကွင်းလယ်ကြားမှာ ချိတ်ဆက်ပြီး တိုက်စစ်ကို လိုက်ပါကစားမယ့် နေရာအတွက်တော့ ရွေးချယ်စရာ ကစားသမားတွေ ရှိနေတာပါ။ ဘရိုက်တန်ပွဲမှာ ချိန်ဘာလိန်ကို အသုံးပြုခဲ့ပေမယ့် ဒဏ်ရာကနေ ပြန်သက်သာလာတာ မကြာသေးတဲ့ ကွင်းလယ်လူကို ပွဲဆက်တွေမှာ ဆက်တိုက်မသုံးပဲ နောက်ထပ် ကွင်းလယ်လူဖြစ်တဲ့ ကီတာကို သုံးမယ်လို့ အသံထွက်နေပါတယ်။

အရန်လူစာရင်းမှာတော့ ဝါရင့်ဂိုးသမား လိုနာဂန်၊ ဂိုးမက်စ်၊ မီလ်နာ၊ ချိန်ဘာလိန်၊ လယ်လာနာတို့အပြင် ဒဏ်ရာက ပြန်သက်သာလာတဲ့ ရှာကွီရီနဲ့ အဲဗာတန်ကို အိပ်မက်ဆိုးတွေ ပေးခဲ့ဖူးတဲ့ အိုရီဂီတို့ကို ထည့်သွင်းလာဖွယ် ရှိနေပါတယ်။

အဲဗာတန်မန်နေဂျာ မားကိုစ့်ဆေးဗားဟာ တန်းဆင်းဇုန်ရောက်တော့မယ့် အနေအထားကြောင့် ဖိအားများနေပြီး ဒီပွဲကိုတော့ အစွမ်းကုန် ကြိုးစားလာနိုင်တာဖြစ်တယ်။ အဲဗာတန်ဘက်မှာ ဝဲလ်ကော့ အဖျားကြောင့် မပါနိုင်ဘူးလို့ ခန့်မှန်းရပြီး ကိုးမန်းနဲ့ ဒပ်ဖ်တို့ကတော့ ဒဏ်ရာကြောင့် ပါဝင်ကစားဖွယ် မရှိပါဘူး။

Liverpool predicted line-up (4-3-3): Adrian; Alexander-Arnold, Lovren, van Dijk, Robertson; Henderson, Wijnaldum, Keita; Salah, Firmino, Mane.

ZAWGYI

မာေဆးဆိုဒ္ဒါဘီမွာေတာ့ လီဗာပူးရဲ႕ ဂိုးေပါက္ကို အယ္လီဆန္ အစား အတ္ဒရီယန္က ေျပာင္းလဲ တာဝန္ယူမွာျဖစ္ျပီး ကြင္းလယ္လူ ဖာဘင္ညိဳနဲ႔ ခံစစ္မွဴး မာတစ္တုိ႔ကေတာ့ ႏွစ္သစ္ထိ ပါဝင္ႏုိင္ဖို႔ ေမွ်ာ္လင့္လို႔ မရႏုိင္တာျဖစ္တယ္။

ဘရိုက္တန္နဲ႔ပြဲမွာ အနီကဒ္ျပစ္ဒဏ္ ရရွိခဲ့တဲ့ အယ္လီဆန္ဟာ သီတင္းပတ္အကုန္ျဖစ္တဲ့ ဘုန္းေမာက္နဲ႔ပြဲမွာေတာ့ ျပန္ပါလာႏုိင္မွာျဖစ္တယ္။ ဒီရာသီ အမွတ္ေပးလိဂ္မွာ လီဗာပူးရဲ႕ တစ္ပြဲတည္းေသာ clean sheet ကို ရယူေပးခ့ဲသူ အတ္ဒရီယန္ဟာ ဒီရာသီ အန္ဖီးကြင္းမွာ တစ္ၾကိမ္မွ clean sheet မရေသးတဲ့ အေနအထားကို အဆံုးသတ္ဖို႔ ၾကိဳးစားမွာျဖစ္ျပီး သူ႔အတြက္ေတာ့ ပထမဆံုးေသာ မာေဆးဆိုဒ္ဒါဘီပြဲလည္း ျဖစ္ပါတယ္။

လီဗာပူးခံစစ္မွဴး မာတစ္ မပါႏုိင္ေပမယ့္ ဗန္ဒိုက္နဲ႔ လိုဗရန္တို႔ အတြဲမိေနျပီး ဘယ္ညာအစြန္ေတြမွာ ထရန္႔နဲ႔ ေရာ္ဘတ္ဆန္တို႔ မေျပာင္းလဲပဲ ပြဲထြက္ခြင့္ရမွာျဖစ္တယ္။ ကြင္းလယ္မွာေတာ့ ဖာဘင္ညိဳေနရာ ဟန္ဒါဆန္က တာဝန္ယူျပီး လက္က်န္ ကြင္းလယ္ ႏွစ္ေနရာထဲက တစ္ေနရာကိုေတာ့ ဝိုက္နယ္ဒမ္က ပြဲထြက္ကစားမွာပါ။

လီဗာပူးဟာ တိုက္စစ္သမားသံုးဦးျဖစ္တဲ့ ဖာမင္ႏို၊ ဆာလက္၊ မာေနးတို႔နဲ႔ ကြင္းလယ္ၾကားမွာ ခ်ိတ္ဆက္ျပီး တိုက္စစ္ကို လိုက္ပါကစားမယ့္ ေနရာအတြက္ေတာ့ ေရြးခ်ယ္စရာ ကစားသမားေတြ ရွိေနတာပါ။ ဘရိုက္တန္ပြဲမွာ ခ်ိန္ဘာလိန္ကို အသံုးျပဳခဲ့ေပမယ့္ ဒဏ္ရာကေန ျပန္သက္သာလာတာ မၾကာေသးတဲ့ ကြင္းလယ္လူကို ပြဲဆက္ေတြမွာ ဆက္တိုက္မသံုးပဲ ေနာက္ထပ္ ကြင္းလယ္လူျဖစ္တဲ့ ကီတာကို သံုးမယ္လို႔ အသံထြက္ေနပါတယ္။

အရန္လူစာရင္းမွာေတာ့ ဝါရင့္ဂိုးသမား လိုနာဂန္၊ ဂိုးမက္စ္၊ မီလ္နာ၊ ခ်ိန္ဘာလိန္၊ လယ္လာနာတို႔အျပင္ ဒဏ္ရာက ျပန္သက္သာလာတဲ့ ရွာကီြရီနဲ႔ အဲဗာတန္ကို အိပ္မက္ဆိုးေတြ ေပးခဲ့ဖူးတဲ့ အိုရီဂီတို႔ကို ထည့္သြင္းလာဖြယ္ ရွိေနပါတယ္။

အဲဗာတန္မန္ေနဂ်ာ မားကိုစ့္ေဆးဗားဟာ တန္းဆင္းဇုန္ေရာက္ေတာ့မယ့္ အေနအထားေၾကာင့္ ဖိအားမ်ားေနျပီး ဒီပြဲကိုေတာ့ အစြမ္းကုန္ ၾကိဳးစားလာႏုိင္တာျဖစ္တယ္။ အဲဗာတန္ဘက္မွာ ဝဲလ္ေကာ့ အဖ်ားေၾကာင့္ မပါႏုိင္ဘူးလို႔ ခန္႔မွန္းရျပီး ကိုးမန္းနဲ႔ ဒပ္ဖ္တုိ႔ကေတာ့ ဒဏ္ရာေၾကာင့္ ပါဝင္ကစားဖြယ္ မရွိပါဘူး။

Liverpool predicted line-up (4-3-3): Adrian; Alexander-Arnold, Lovren, van Dijk, Robertson; Henderson, Wijnaldum, Keita; Salah, Firmino, Mane.