ယွန်းဘတ်ဟာ ပြီးခဲ့တဲ့အပတ်က ယာယီနည်းပြအနေနဲ့ တာဝန်စယူခဲ့ပေမယ့် နောဝစ်ချ်ကို ၂-၂ နဲ့ သရေကျပြီးနောက် တစ်မှတ်သာ ရရှိခဲ့ပါတယ်။ ဒါကြောင့် ဂန်းနားတွေဟာ ပြိုင်ပွဲစုံမှာ နိုင်ပွဲမရတာ ၈ပွဲ ရှိပြီဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နေရာနဲ့ ၇မှတ် ကွာဟနေပါတယ်။

အာဆင်နယ် အနေနဲ့ ထိပ်ဆုံးလေးနေရာကို တက်လှမ်းနိူင်ချင်ရင် ကြီးမားတဲ့ တိုးတက်မှုအချို့ လိုအပ်နေပါတယ်။ အခုချိန်မှာ ယွန်းဘတ် ဘယ်လောက်ကြာမလဲဆိုတာ မသိသေးပေမယ့် အာဆင်နယ်က အမ်မရီနေရာအတွက် အမြဲတမ်းနည်းပြတစ်ယောက်ကို အလျင်စလို ခန့်အပ်ဦးမှာမဟုတ်ဘူးလို့ ဆိုတာကြောင့် ယွန်းဘတ်က အချိန်အတိုင်းအတာတစ်ခုအထိ ဆက်ရှိနေနိုင်ပါတယ်။

“အပြောင်းအလဲ ကာလအတွင်း ကျနော်တို့မှာ ပြဿနာတွေရှိတယ်၊ ဒါကို ပြင်ဆင်ဖို့ ကြိုးစားသွားမှာပါ” လို့ ယွန်းဘတ်က ပြောဆိုခဲ့ပါတယ်။ ဒါကို သူလုပ်နိုင်ရင် အာဆင်နယ် ပိုင်ဆိုင်ထားတဲ့ တိုက်စစ် စွမ်းရည်ကြောင့် နိုင်ပွဲတွေ မကြာခင် ရလာလိမ့်မယ်ဆိုတာ သေချာပါတယ်။

အာဆင်နယ်ကို ပြန်လည်ဦးမော့လာအောင် ကာလတိုအတွင်း သူပြင်ဆင်ရမယ့် ပြဿနာတွေမှာ အဓိကအကျဆုံးက ခံစစ်ကို တိုးတက်စေဖို့ဖြစ်တယ်။ ဒါက ပထမဦးစားပေးပါ။ အာဆင်နယ်ဟာ လက်ရှိအနေအထားကနေ တိုးတက်ချင်ရင် ခံစစ်ကို ပြင်ဆင်ဖို့လိုပါတယ်။ အမ်မရီ လက်အောက် ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် ၁၃ပွဲမှာ ၁၉ဂိ ေးပေးခဲ့ရပြီး နောဝစ်ချ်နဲ့ပွဲမှာ နောက်ထပ် ၂ဂိုး ထပ်ပေးခဲ့ရပါတယ်။ ဒါဟာ ထိပ်ဆုံးလေးနေရာ မျှော်မှန်းထားတဲ့အသင်းအတွက် မကောင်းပါဘူး။ ပြီးခဲ့တဲ့ ၂ရာသီတုန်းကလဲ အာဆင်နယ်ဟာ လိဂ်ဂိုး ၅၁ဂိုးစီ ပေးခဲ့ရတာပါ။

အမ်မရီဟာ နောက်တန်း လေးယောက်ကနေ သုံးယောက်ပြောင်းပြီး မတူညီတဲ့ နောက်ခံလူများစွာ သုံးခဲ့ပေမယ့် ဘယ်အရာကမှ မအောင်မြင်ခဲ့ပါဘူး။ တနင်္ဂနွေနေ့က ယွန်းဘတ်ဟာ မူစတာဖီကို ပြန်သုံးခဲ့ပြီး ဒေးဗစ်လုဇ်နဲ့ တွဲပေးခဲ့ပါတယ်။ ဒါကလဲ ဂိုးတွေပေးနေရတာကို မရပ်တန့်နိုင်ခဲ့ပါဘူး။ လီနိုကြောင့်သာ မဟုတ်ရင် အိမ်ရှင်တွေကို နှစ်ဂိုးထက် ပိုပေးခဲ့ရမှာပါ။

ယွန်းဘတ်ဟာ အမ်မရီရဲ့ နည်းစနစ်တွေကို မကြိုက်နှစ်သက်ခဲ့ဘူးဆိုတဲ့ သတင်းတွေ ဒီကနေ့မှာ ထွက်ရှိလာခဲ့တဲ့နောက် စပိန်သားကြီးမှားခဲ့တဲ့ ခံစစ်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဦးတည်လာဖို့ မျှော်လင့်ထားရတယ်။ အာဆင်နယ်ကို ကယ်တင်လိုရင် ခံစစ်ကို အရင်ဆုံး ကယ်တင်ဖို့လိုတယ်ဆိုတာ ယွန်းဘတ်သိထားတဲ့နောက် ဘရိုက်တန်နဲ့ပွဲ ခံစစ်အထိုင်က စောင့်ကြည့်ချင်စရာ ကောင်းလာခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

ယြန္းဘတ္ဟာ ၿပီးခဲ့တဲ့အပတ္က ယာယီနည္းျပအေနနဲ႔ တာဝန္စယူခဲ့ေပမယ့္ ေနာဝစ္ခ်္ကို ၂-၂ နဲ႔ သေရက်ၿပီးေနာက္ တစ္မွတ္သာ ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ ဂန္းနားေတြဟာ ၿပိဳင္ပြဲစုံမွာ ႏိုင္ပြဲမရတာ ၈ပြဲ ရွိၿပီျဖစ္ၿပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ေနရာနဲ႔ ၇မွတ္ ကြာဟေနပါတယ္။

အာဆင္နယ္ အေနနဲ႔ ထိပ္ဆုံးေလးေနရာကို တက္လွမ္းႏိူင္ခ်င္ရင္ ႀကီးမားတဲ့ တိုးတက္မႈအခ်ိဳ႕ လိုအပ္ေနပါတယ္။ အခုခ်ိန္မွာ ယြန္းဘတ္ ဘယ္ေလာက္ၾကာမလဲဆိုတာ မသိေသးေပမယ့္ အာဆင္နယ္က အမ္မရီေနရာအတြက္ အၿမဲတမ္းနည္းျပတစ္ေယာက္ကို အလ်င္စလို ခန္႔အပ္ဦးမွာမဟုတ္ဘူးလို႔ ဆိုတာေၾကာင့္ ယြန္းဘတ္က အခ်ိန္အတိုင္းအတာတစ္ခုအထိ ဆက္ရွိေနႏိုင္ပါတယ္။

“အ​ေျပာင္းအလဲ ကာလအတြင္း က်ေနာ္တို႔မွာ ျပႆနာေတြရွိတယ္၊ ဒါကို ျပင္ဆင္ဖို႔ ႀကိဳးစားသြားမွာပါ” လို႔ ယြန္းဘတ္က ေျပာဆိုခဲ့ပါတယ္။ ဒါကို သူလုပ္ႏိုင္ရင္ အာဆင္နယ္ ပိုင္ဆိုင္ထားတဲ့ တိုက္စစ္ စြမ္းရည္ေၾကာင့္ ႏိုင္ပြဲေတြ မၾကာခင္ ရလာလိမ့္မယ္ဆိုတာ ေသခ်ာပါတယ္။

အာဆင္နယ္ကို ျပန္လည္ဦးေမာ့လာေအာင္ ကာလတိုအတြင္း သူျပင္ဆင္ရမယ့္ ျပႆနာေတြမွာ အဓိကအက်ဆံုးက ခံစစ္ကို တိုးတက္ေစဖို႔ျဖစ္တယ္။ ဒါက ပထမဦးစားေပးပါ။ အာဆင္နယ္ဟာ လက္ရွိအေနအထားကေန တိုးတက္ခ်င္ရင္ ခံစစ္ကို ျပင္ဆင္ဖို႔လိုပါတယ္။ အမ္မရီ လက္ေအာက္ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ္ ၁၃ပြဲမွာ ၁၉ဂိ ေးေပးခဲ့ရၿပီး ေနာဝစ္ခ်္နဲ႔ပြဲမွာ ေနာက္ထပ္ ၂ဂိုး ထပ္ေပးခဲ့ရပါတယ္။ ဒါဟာ ထိပ္ဆုံးေလးေနရာ ေမွ်ာ္မွန္းထားတဲ့အသင္းအတြက္ မေကာင္းပါဘူး။ ၿပီးခဲ့တဲ့ ၂ရာသီတုန္းကလဲ အာဆင္နယ္ဟာ လိဂ္ဂိုး ၅၁ဂိုးစီ ေပးခဲ့ရတာပါ။

အမ္မရီဟာ ေနာက္တန္း ေလးေယာက္ကေန သုံးေယာက္ေျပာင္းၿပီး မတူညီတဲ့ ေနာက္ခံလူမ်ားစြာ သုံးခဲ့ေပမယ့္ ဘယ္အရာကမွ မေအာင္ျမင္ခဲ့ပါဘူး။ တနဂၤေႏြေန႔က ယြန္းဘတ္ဟာ မူစတာဖီကို ျပန္သုံးခဲ့ၿပီး ေဒးဗစ္လုဇ္နဲ႔ တြဲေပးခဲ့ပါတယ္။ ဒါကလဲ ဂိုးေတြေပးေနရတာကို မရပ္တန္႔ႏိုင္ခဲ့ပါဘူး။ လီႏိုေၾကာင့္သာ မဟုတ္ရင္ အိမ္ရွင္ေတြကို ႏွစ္ဂိုးထက္ ပိုေပးခဲ့ရမွာပါ။

ယြန္းဘတ္ဟာ အမ္မရီရဲ႕ နည္းစနစ္ေတြကို မၾကိဳက္ႏွစ္သက္ခဲ့ဘူးဆိုတဲ့ သတင္းေတြ ဒီကေန႔မွာ ထြက္ရွိလာခဲ့တဲ့ေနာက္ စပိန္သားၾကီးမွားခဲ့တဲ့ ခံစစ္ျပႆနာေတြကို ေျဖရွင္းႏုိင္ဖို႔ ဦးတည္လာဖို႔ ေမွ်ာ္လင့့္ထားရတယ္။ အာဆင္နယ္ကို ကယ္တင္လိုရင္ ခံစစ္ကို အရင္ဆံုး ကယ္တင္ဖို႔လိုတယ္ဆိုတာ ယြန္းဘတ္သိထားတဲ့ေနာက္ ဘရိုက္တန္နဲ႔ပြဲ ခံစစ္အထိုင္က ေစာင့္ၾကည့္ခ်င္စရာ ေကာင္းလာခဲ့ျပီျဖစ္ပါတယ္။