လောလောလတ်လတ် ဘလွန်းဒီအော့ဆုမှာ နံပါတ် လေးနဲ့ ငါးနေရာတွေမှာ ရပ်တည်ခဲ့တဲ့ကြတဲ့ မာနေးနဲ့ ဆာလက်တို့ဟာ နောက်ထပ် အကောင်းဆုံးဆုအတွက် ဆန်ကာတင်စာရင်းထဲ ပါဝင်ခဲ့ကြပြီပြန်ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ အာဖရိက အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင် ၁၀ ဦးစာရင်းထဲ ပါဝင်ခဲ့ကြတာဖြစ်တယ်။ နှစ်ဦးလုံးဟာ ၂၀၁၇၊ ၂၀၁၈ ခုနှစ်တွေမှာလည်း အကောင်းဆုံးကစားသမားရဲ့ ပထမနဲ့ ဒုတိယနေရာတွေမှာ ရပ်တည်ခဲ့ကြသူတွေဖြစ်ပြီး ဒီရာသီမှာလည်း ထိပ်ဆုံး နှစ်နေရာကို သူတို့ပဲ သိမ်းပိုက်မယ်လို့ သတင်းကြီးနေပါတယ်။

အာဖရိက ဒေသတွင်း မန်နေဂျာ၊ နည်းစနစ်ဒါရိုက်တာနဲ့ အသင်းခေါင်းဆောင်တွေ စုပေါင်း ရွေးချယ်တဲ့ အဆိုပါဆုဟာ လီဗာပူးကစားသမားနှစ်ဦး လွှမ်းမိုးမှုတွေရှိလာနေခဲ့တာပါ။ ဆာလက်ဟာ အဆိုပါဆုကို နှစ်ရာသီဆက် အနိုင်ရခဲ့တာဖြစ်ပေပမယ့် ဒီရာသီမှာတော့ အသင်းဖော် မာနေးက ရရှိသွားဖို့ ရေပန်းစားနေတာဖြစ်တယ်။

မာနေးဟာ ဘလွန်းဒီအော့ဆုမှာလည်း စတုတ္ထနေရာမှာ ရှိခဲ့တာဖြစ်ပြီး အာဖရိက ကစားသမားတွေထဲ အမြင့်ဆုံးဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်အောင်မြင်မှု၊ အမှတ်ပေးမှာ မန်စီးတီးနောက် တစ်မှတ်အကွာက ရပ်တည်မှုတွေမှာ မာနေးကော ဆာလက်ပါ အဓိက ကစားသမားတွေအဖြစ် ပါဝင်ခဲ့ကြတာဖြစ်တယ်။

၂၀၁၉ အတွက် အာဖရိက အကောင်းဆုံး ကစားသမားဆုကိုတော့ ဇန်နဝါရီလ ၇ ရက်နေ့ အီဂျစ်မှာ အခမ်းအနားနဲ့ ပေးအပ်သွားမှာဖြစ်တယ်။ အူဘာမီယန်၊ မားရက်စ်လို ပရီးမီးယားလိဂ် ကစားသမားတွေလည်း ဆန်ကာတင် ၁၀ ဦးစာရင်းထဲ ပါဝင်နေပြီး အခမ်းအနားနေ့မှာတော့ လီဗာပူးက မာနေးနဲ့ ဆာလက်တို့ကို စေလွှတ်ပေးရဖွယ် ရှိနေပါတယ်။

ZAWGYI

ေလာေလာလတ္လတ္ ဘလြန္းဒီေအာ့ဆုမွာ နံပါတ္ ေလးနဲ႔ ငါးေနရာေတြမွာ ရပ္တည္ခဲ့တဲ့ၾကတဲ့ မာေနးနဲ႔ ဆာလက္တို႔ဟာ ေနာက္ထပ္ အေကာင္းဆံုးဆုအတြက္ ဆန္ကာတင္စာရင္းထဲ ပါဝင္ခဲ့ၾကျပီျပန္ျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးဟာ အာဖရိက အေကာင္းဆံုးကစားသမားဆုအတြက္ ဆန္ကာတင္ ၁၀ ဦးစာရင္းထဲ ပါဝင္ခဲ့ၾကတာျဖစ္တယ္။ ႏွစ္ဦးလံုးဟာ ၂၀၁၇၊ ၂၀၁၈ ခုႏွစ္ေတြမွာလည္း အေကာင္းဆံုးကစားသမားရဲ႕ ပထမနဲ႔ ဒုတိယေနရာေတြမွာ ရပ္တည္ခဲ့ၾကသူေတြျဖစ္ျပီး ဒီရာသီမွာလည္း ထိပ္ဆံုး ႏွစ္ေနရာကို သူတို႔ပဲ သိမ္းပိုက္မယ္လုိ႔ သတင္းၾကီးေနပါတယ္။

အာဖရိက ေဒသတြင္း မန္ေနဂ်ာ၊ နည္းစနစ္ဒါရိုက္တာနဲ႔ အသင္းေခါင္းေဆာင္ေတြ စုေပါင္း ေရြးခ်ယ္တဲ့ အဆိုပါဆုဟာ လီဗာပူးကစားသမားႏွစ္ဦး လႊမ္းမိုးမႈေတြရွိလာေနခဲ့တာပါ။ ဆာလက္ဟာ အဆိုပါဆုကို ႏွစ္ရာသီဆက္ အႏုိင္ရခဲ့တာျဖစ္ေပပမယ့္ ဒီရာသီမွာေတာ့ အသင္းေဖာ္ မာေနးက ရရွိသြားဖို႔ ေရပန္းစားေနတာျဖစ္တယ္။

မာေနးဟာ ဘလြန္းဒီေအာ့ဆုမွာလည္း စတုတၳေနရာမွာ ရွိခဲ့တာျဖစ္ျပီး အာဖရိက ကစားသမားေတြထဲ အျမင့္ဆံုးျဖစ္ပါတယ္။ လီဗာပူးအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈ၊ အမွတ္ေပးမွာ မန္စီးတီးေနာက္ တစ္မွတ္အကြာက ရပ္တည္မႈေတြမွာ မာေနးေကာ ဆာလက္ပါ အဓိက ကစားသမားေတြအျဖစ္ ပါဝင္ခဲ့ၾကတာျဖစ္တယ္။

၂၀၁၉ အတြက္ အာဖရိက အေကာင္းဆံုး ကစားသမားဆုကိုေတာ့ ဇန္နဝါရီလ ၇ ရက္ေန႔ အီဂ်စ္မွာ အခမ္းအနားနဲ႔ ေပးအပ္သြားမွာျဖစ္တယ္။ အူဘာမီယန္၊ မားရက္စ္လို ပရီးမီးယားလိဂ္ ကစားသမားေတြလည္း ဆန္ကာတင္ ၁၀ ဦးစာရင္းထဲ ပါဝင္ေနျပီး အခမ္းအနားေန႔မွာေတာ့ လီဗာပူးက မာေနးနဲ႔ ဆာလက္တို႔ကို ေစလႊတ္ေပးရဖြယ္ ရွိေနပါတယ္။