လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ကိုယ်လုပ်နေခဲ့သလိုပဲ ဒေသတွင်းပြိုင်ဘက် အဲဗာတန်နဲ့ပွဲကိုလည်း အကောင်းဆုံး လုပ်ဆောင်ပြီး အနိုင်ရလဒ်ကို ယူကြဖို့ အသင်းဖော်တွေကို တိုက်တွန်းစကား ပြောဆိုခဲ့ပါတယ်။

ဒီတစ်ကြိမ်ဟာ ၂၃၄ ကြိမ်မြောက် မာဆေးဆိုဒ်ဒါဘီဖြစ်ပြီး ဒီဒါဘီပွဲကို ကာလရှည် ယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးရဲ့ ဝါအရင့်ဆုံး ကစားသမား ဟန်ဒါဆန်က ပြိုင်ပွဲရဲ့ ပြင်းထန်မှုကို အသင်းဖော်တွေသိအောင် သတိပေးစကားဆိုပါတယ်။ ဟန်ဒါဆန်ဟာ စတီဗင်ဂျရတ်နဲ့အတူ မာဆေးဆိုဒ်ဒါဘီတွေမှာ အဲဗာတန်အသင်းသားတွေနဲ့ မကြာခဏ ထိပ်တိုက်တွေ့မှုတွေရှိထားပြီး လီဗာပူးပရိသတ်တွေအတွက် ဒီပွဲက ဘယ်လိုပွဲဆိုတာ နားလည်ထားသူဖြစ်တယ်။

လီဗာပူးကစားသမားဘဝ ၈ ရာသီအတွင်း အဲဗာတန်နဲ့ ဒါဘီပွဲပေါင်း ၁၃ ကြိမ် ကစားခဲ့တဲ့ ဟန်ဒါဆန်က ဒီပွဲဟာ အခြားသောပွဲတွေနဲ့ မတူညီတဲ့ ဖိအားနဲ့ တုန့်ပြန်မှုတွေရမယ်ဆိုတာ သိထားသူဖြစ်တယ်။ လီဗာပူးမြို့တွင်းမှာနဲ့ မီဒီယာတွေမှာ ဒီပွဲအကြောင်း ပြောဆိုမှုတွေ များမှာဖြစ်ပြီး ဒီအခြေအနေကို အကောင်းဆုံး ကိုင်တွယ်ကြဖို့လည်း အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။

ဟန်ဒါဆန်က ” ဒီပွဲက ပါဝင်ကစားကြဖို့ရာ တကယ်ကိုကောင်းမွန်တဲ့ ပွဲကောင်းတစ်ပွဲပါ။ ဒါက ဒါဘီပွဲပါ၊ ကြီးမားတဲ့ ဒါဘီပါ။ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး စိတ်ခံစားချက်တွေ ပြင်းပြတဲ့ပွဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နှစ်သင်းလုံးအတွက် ကြီးမားတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ ကျနေ်ာတို့တွေ အာရုံစိုက်နေပြီး အစွမ်းကုန်ပေးဆပ်ကစားဖို့ အဆင်သင့်ဖြစ်မှုနဲ့အတူ ဒီပွဲမှာ ပါဝင်လိုကြပါတယ်။

ဒီဒါဘီပွဲက အရေးကြီးတဲ့ပွဲဖြစ်လို့ အာရုံစိုက်နေပါတယ်။ အဆုံးမှာ ဒီပွဲဟာ ကျနေ်ာတို့ ရမှတ်သုံးမှတ် ရလိုတဲ့ နောက်ထပ် ပွဲတစ်ပွဲဖြစ်ပါတယ်။ အဲဗာတန်ကို ရင်ဆိုင်ရတဲ့ ဒီပွဲက ဒါဘီဖြစ်ပါတယ်။ ပွဲရဲ့ ပြင်ပမှာ ဒီပွဲအကြောင်း ပိုမိုတဲ့ ဖော်ပြမှုတွေရှိနေမှာဖြစ်ပြီး ပုံမှန်ထက် ပိုလည်း နာမည်ကြီးနေမှာဖြစ်လို့ ဒီအခြေအနေကို ကျနေ်ာတို့ ကိုင်တွယ်လိုပါတယ်။ ကျနော်တို့အတွက်က အရင်လိုပဲ ကိုယ်အလုပ်ကို အကောင်းဆုံးလုပ်ဖို့ရာ အစွမ်းကုန် ပေးဆပ်ကစားပြီး စွမ်းဆောင်ရည်ကောင်းတွေကို ပြသရမယ့်ပွဲ ဖြစ်ပါတယ်။ ” လို့ ဆိုပါတယ်။

ပြိုင်ဘက်က တန်းဆင်းဇုန်အနားမှာ ရှိနေပေမယ့် ဒါဟာ မာဆေးဆိုဒ်ဒါဘီဖြစ်လို့ ကလပ်အသင်းကို စိတ်ပျက်သွားကြစေဖို့ရာ ပြိုင်ဘက် အပြာရောင်သားတွေက ရလဒ်တစ်ခုအတွက် အစွမ်းကုန် ကြိုးစားလိမ့်မယ်လို့ ဟန်ဒါဆန်က အသင်းဖော်တွေကို သတိပေးမှု လုပ်ခဲ့ပါသေးတယ်။

ဟန်ဒါဆန်က ” အသင်းတိုင်းက အန်ဖီးကိုလာပြီး ကျနေ်ာတို့ကို အနိုင်ရချင်တယ်။ ကျနေ်ာတို့ကို စိတ်ပျက်စေဖို့ ရလဒ်တစ်ခုလောက်ရဖို့ အစွမ်းကုန် ပေးဆပ်ကစားကြတယ်။ အဲဗာတန်ကလည်း အဲ့လိုပဲ ကစားပါလိမ့်မယ်။ ဒီအခြေအနေမှာ သူတို့က အကောင်းဆုံး အခြေအနေမှာ မရှိပေမယ့် ဒါဘီဆိုတာ ဘာမဆိုဖြစ်နိုင်တဲ့ ပွဲမျိုးပါ။ သူတို့ကလည်း ဒီပွဲအတွက်ဆိုပြီး အစွမ်းကုန် ကြိုးစားကြမှာဖြစ်ပါတယ်။ ” လို့ သတိပေးခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ကိုယ္လုပ္ေနခဲ့သလိုပဲ ေဒသတြင္းျပိဳင္ဘက္ အဲဗာတန္နဲ႔ပြဲကိုလည္း အေကာင္းဆံုး လုပ္ေဆာင္ျပီး အႏုိင္ရလဒ္ကို ယူၾကဖို႔ အသင္းေဖာ္ေတြကို တိုက္တြန္းစကား ေျပာဆိုခဲ့ပါတယ္။

ဒီတစ္ၾကိမ္ဟာ ၂၃၄ ၾကိမ္ေျမာက္ မာေဆးဆိုဒ္ဒါဘီျဖစ္ျပီး ဒီဒါဘီပြဲကို ကာလရွည္ ယွဥ္ျပိဳင္ခဲ့တဲ့ လီဗာပူးရဲ႕ ဝါအရင့္ဆံုး ကစားသမား ဟန္ဒါဆန္က ျပိဳင္ပြဲရဲ႕ ျပင္းထန္မႈကို အသင္းေဖာ္ေတြသိေအာင္ သတိေပးစကားဆိုပါတယ္။ ဟန္ဒါဆန္ဟာ စတီဗင္ဂ်ရတ္နဲ႔အတူ မာေဆးဆိုဒ္ဒါဘီေတြမွာ အဲဗာတန္အသင္းသားေတြနဲ႔ မၾကာခဏ ထိပ္တိုက္ေတြ႔မႈေတြရွိထားျပီး လီဗာပူးပရိသတ္ေတြအတြက္ ဒီပြဲက ဘယ္လိုပြဲဆိုတာ နားလည္ထားသူျဖစ္တယ္။

လီဗာပူးကစားသမားဘဝ ၈ ရာသီအတြင္း အဲဗာတန္နဲ႔ ဒါဘီပြဲေပါင္း ၁၃ ၾကိမ္ ကစားခဲ့တဲ့ ဟန္ဒါဆန္က ဒီပြဲဟာ အျခားေသာပြဲေတြနဲ႔ မတူညီတဲ့ ဖိအားနဲ႔ တုန္႔ျပန္မႈေတြရမယ္ဆိုတာ သိထားသူျဖစ္တယ္။ လီဗာပူးျမိဳ႕တြင္းမွာနဲ႔ မီဒီယာေတြမွာ ဒီပြဲအေၾကာင္း ေျပာဆိုမႈေတြ မ်ားမွာျဖစ္ျပီး ဒီအေျခအေနကို အေကာင္းဆံုး ကိုင္တြယ္ၾကဖို႔လည္း အသင္းေဖာ္ေတြကို သတိေပးခဲ့ပါတယ္။

ဟန္ဒါဆန္က ” ဒီပြဲက ပါဝင္ကစားၾကဖို႔ရာ တကယ္ကိုေကာင္းမြန္တဲ့ ပြဲေကာင္းတစ္ပြဲပါ။ ဒါက ဒါဘီပြဲပါ၊ ၾကီးမားတဲ့ ဒါဘီပါ။ ျပိဳင္ဆိုင္မႈ ျပင္းထန္ျပီး စိတ္ခံစားခ်က္ေတြ ျပင္းျပတဲ့ပြဲျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ႏွစ္သင္းလံုးအတြက္ ၾကီးမားတဲ့ ပြဲတစ္ပြဲျဖစ္ပါတယ္။ က်ေန္ာတို႔ေတြ အာရံုစိုက္ေနျပီး အစြမ္းကုန္ေပးဆပ္ကစားဖို႔ အဆင္သင့္ျဖစ္မႈနဲ႔အတူ ဒီပြဲမွာ ပါဝင္လိုၾကပါတယ္။

ဒီဒါဘီပြဲက အေရးၾကီးတဲ့ပြဲျဖစ္လို႔ အာရံုစိုက္ေနပါတယ္။ အဆံုးမွာ ဒီပြဲဟာ က်ေန္ာတို႔ ရမွတ္သံုးမွတ္ ရလိုတဲ့ ေနာက္ထပ္ ပြဲတစ္ပြဲျဖစ္ပါတယ္။ အဲဗာတန္ကို ရင္ဆုိင္ရတဲ့ ဒီပြဲက ဒါဘီျဖစ္ပါတယ္။ ပြဲရဲ႕ ျပင္ပမွာ ဒီပြဲအေၾကာင္း ပိုမိုတဲ့ ေဖာ္ျပမႈေတြရွိေနမွာျဖစ္ျပီး ပံုမွန္ထက္ ပိုလည္း နာမည္ၾကီးေနမွာျဖစ္လို႔ ဒီအေျခအေနကို က်ေန္ာတို႔ ကိုင္တြယ္လိုပါတယ္။ က်ေနာ္တို႔အတြက္က အရင္လိုပဲ ကိုယ္အလုပ္ကို အေကာင္းဆံုးလုပ္ဖို႔ရာ အစြမ္းကုန္ ေပးဆပ္ကစားျပီး စြမ္းေဆာင္ရည္ေကာင္းေတြကို ျပသရမယ့္ပြဲ ျဖစ္ပါတယ္။ ” လို႔ ဆိုပါတယ္။

ျပိဳင္ဘက္က တန္းဆင္းဇုန္အနားမွာ ရွိေနေပမယ့္ ဒါဟာ မာေဆးဆိုဒ္ဒါဘီျဖစ္လို႔ ကလပ္အသင္းကို စိတ္ပ်က္သြားၾကေစဖို႔ရာ ျပိဳင္ဘက္ အျပာေရာင္သားေတြက ရလဒ္တစ္ခုအတြက္ အစြမ္းကုန္ ၾကိဳးစားလိမ့္မယ္လို႔ ဟန္ဒါဆန္က အသင္းေဖာ္ေတြကို သတိေပးမႈ လုပ္ခဲ့ပါေသးတယ္။

ဟန္ဒါဆန္က ” အသင္းတိုင္းက အန္ဖီးကိုလာျပီး က်ေန္ာတို႔ကို အႏုိင္ရခ်င္တယ္။ က်ေန္ာတို႔ကို စိတ္ပ်က္ေစဖို႔ ရလဒ္တစ္ခုေလာက္ရဖို႔ အစြမ္းကုန္ ေပးဆပ္ကစားၾကတယ္။ အဲဗာတန္ကလည္း အဲ့လိုပဲ ကစားပါလိမ့္မယ္။ ဒီအေျခအေနမွာ သူတို႔က အေကာင္းဆံုး အေျခအေနမွာ မရွိေပမယ့္ ဒါဘီဆိုတာ ဘာမဆိုျဖစ္ႏုိင္တဲ့ ပြဲမ်ိဳးပါ။ သူတို႔ကလည္း ဒီပြဲအတြက္ဆိုျပီး အစြမ္းကုန္ ၾကိဳးစားၾကမွာျဖစ္ပါတယ္။ ” လို႔ သတိေပးခဲ့တာျဖစ္ပါတယ္။