ယူနိုက်တက်က စပါးကို အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရတာအတွက် မန်နေဂျာဆိုးရှားက ကလပ်အသင်း လူငယ်ကစားသမား နှစ်ဦးရဲ့ ခြေစွမ်းကို ကျေနပ်မိကြောင်း ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

ဒီပွဲမှာတော့ ရပ်ဖိုဒ့်က တိုက်စစ်ကနေ ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသခဲ့ပြီး မော်ရင်ညိုကို အပျော်တွေ ရပ်တန့်သွားအောင် လုပ်နိုင်ခဲ့တာပါ။ ဒါ့အပြင် ကလပ်ရဲ့ ပွဲသုံးပွဲကို လွဲချော်ထားတဲ့ စကော့တလန်လက်ရွေးစင် တော်မီနေးကလည်း ကွင်းလယ်မှာ ပြန်လည်ပါဝင်လာခဲ့ကာ ယူနိုက်တက် အနိုင်ရဖို့ ကြီးမားတဲ့ ထောက်ပံ့မှု ဖြစ်ခဲ့ပါတယ်။

” ဒီအခြေအနေမှာ တော်မီနေးကို လူစာရင်းကနေ လုံးဝ ဖယ်ထုတ်လို့ မရဘူးလို့တောင် ပြောနိုင်ပါတယ်။ သူ့ကို လူစာရင်းထဲ မထည့်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ကွင်းလယ်က ဦးဆောင်နိုင်စွမ်းနဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက ဖရတ်ကိုလည်း အဆင်ပြေစေတယ်။ ဒီနေ့မှာ ဖရတ်က အရမ်းကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဖရတ်က ထိပ်တန်းကစားသမားဖြစ်ပြီး တော်မီနေးနဲ့ တွဲဘက်ကောင်းလည်းဖြစ်တယ်။

မနေ့တုန်းက တော်မီနေး လေ့ကျင့်ရေးဆင်းခဲ့ပြီး အရန်အသင်းနဲ့ အစီအစဉ်ဖြစ်ပေမယ့် သူက တကယ်ကိုမာတဲ့ ကောင်လေးပါ။ ကြံ့ခိုင်မှု အခြေမခိုက်သေးတဲ့ ကစားသမားကို လူစာရင်းထဲ ထည့်မှုက ကျနော် ပထမဆုံးအကြိမ် လုပ်ခဲ့တာဖြစ်ပေမယ့် သူက အဆင်ပြေခဲ့ပါတယ် ” လို့ ဆိုးရှားက ရှင်းပြခဲ့တယ်။

ကွင်းလယ်မှာ တော်မီနေးနည်းတူ တိုက်စစ်က ရပ်ဖိုဒ့်ရဲ့ သွင်းဂိုးတွေကလည်း အဓိက အရေးပါခဲ့တာပါ။ ပြိုင်ပွဲစုံမှာ ၁၂ ဂိုးထိ သွင်းယူနိုင်ခဲ့တဲ့ ရပ်ဖိုဒ့်က အကောင်းဆုံး ပုံစံတွေလည်း ပြန်ရနေပြီဖြစ်ပါတယ်။

” ၂၂ နှစ်သားပဲရှိသေးတဲ့ ကောင်လေးဟာ ဒီကနေ့မှာ နောက်ဖေးက ဥယာဉ်မှာ အသင်းဖော်တွေနဲ့ ကစားနေသလိုကို သက်သောင့်သက်သာ ကစားခဲ့တယ်။ သူ့ဘာသာအတွက်လည်း သူပျော်ရွှင်နေပါတယ်။ တစ်ခါတစ်လေမှာ မျှော်လင့်ခံရမှုတွေ အများကြီးနဲ့ သူ့အပေါ် ဖိအားတွေအများကြီး ပေးထားကြတာဖြစ်တယ်။ အသင်းရဲ့ တိုက်စစ်သမားကို ပရိသတ်တွေ နှစ်သက်ကြတာအတွက် ကျေနပ်မိပါတယ်။

ဒါက ကျနော်လက်ထက် ရပ်ဖိုဒ့်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ဖြစ်တယ်။ သူက ရင့်ကျက်လာပြီး ပရီးမီးယားလိဂ်က ကစားသမားကောင်းတွေကို ရင်ဆိုင်ဖို့ သန်မာလာတယ်။ သူ့ရဲ့ ပင်နယ်တီက တည်ငြိမ်ပြီး သူ့ရဲ့ ပထမဂိုးက အရမ်းကောင်းပါတယ်။ နောက်ပြီ သူက အခွင့်အရေးကောင်း သုံးလေးကြိမ်လည်း ရခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္က စပါးကို အိမ္ကြင္းမွာ ၂-၁ နဲ႔ အႏုိင္ရတာအတြက္ မန္ေနဂ်ာဆိုးရွားက ကလပ္အသင္း လူငယ္ကစားသမား ႏွစ္ဦးရဲ႕ ေျခစြမး္ကို ေက်နပ္မိေၾကာင္း ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ပါတယ္။

ဒီပြဲမွာေတာ့ ရပ္ဖိုဒ့္က တုိက္စစ္ကေန ထူးခၽြန္တဲ့ ေျခစြမ္းေတြ ျပသခဲ့ျပီး ေမာ္ရင္ညိဳကို အေပ်ာ္ေတြ ရပ္တန္႔သြားေအာင္ လုပ္ႏုိင္ခဲ့တာပါ။ ဒါ့အျပင္ ကလပ္ရဲ႕ ပြဲသံုးပြဲကို လြဲေခ်ာ္ထားတဲ့ စေကာ့တလန္လက္ေရြးစင္ ေတာ္မီေနးကလည္း ကြင္းလယ္မွာ ျပန္လည္ပါဝင္လာခဲ့ကာ ယူႏုိက္တက္ အႏုိင္ရဖို႔ ၾကီးမားတဲ့ ေထာက္ပံ့မႈ ျဖစ္ခဲ့ပါတယ္။

” ဒီအေျခအေနမွာ ေတာ္မီေနးကို လူစာရင္းကေန လံုးဝ ဖယ္ထုတ္လို႔ မရဘူးလို႔ေတာင္ ေျပာႏုိင္ပါတယ္။ သူ႔ကို လူစာရင္းထဲ မထည့္စရာ ဘာအေၾကာင္းမွ မရွိပါဘူး။ ကြင္းလယ္က ဦးေဆာင္ႏုိင္စြမ္းနဲ႔ ရုပ္ပိုင္းဆုိင္ရာ သန္မာမႈက ဖရတ္ကိုလည္း အဆင္ေျပေစတယ္။ ဒီေန႔မွာ ဖရတ္က အရမ္းေကာင္းခဲ့တယ္လို႔ ထင္ပါတယ္။ ဖရတ္က ထိပ္တန္းကစားသမားျဖစ္ျပီး ေတာ္မီေနးနဲ႔ တြဲဘက္ေကာင္းလည္းျဖစ္တယ္။

မေန႔တုန္းက ေတာ္မီေနး ေလ့က်င့္ေရးဆင္းခဲ့ျပီး အရန္အသင္းနဲ႔ အစီအစဥ္ျဖစ္ေပမယ့္ သူက တကယ္ကိုမာတဲ့ ေကာင္ေလးပါ။ ၾကံ႕ခိုင္မႈ အေျခမခိုက္ေသးတဲ့ ကစားသမားကို လူစာရင္းထဲ ထည့္မႈက က်ေနာ္ ပထမဆံုးအၾကိမ္ လုပ္ခဲ့တာျဖစ္ေပမယ့္ သူက အဆင္ေျပခဲ့ပါတယ္ ” လို႔ ဆိုးရွားက ရွင္းျပခဲ့တယ္။

ကြင္းလယ္မွာ ေတာ္မီေနးနည္းတူ တိုက္စစ္က ရပ္ဖိုဒ့္ရဲ႕ သြင္းဂိုးေတြကလည္း အဓိက အေရးပါခဲ့တာပါ။ ျပိဳင္ပြဲစံုမွာ ၁၂ ဂိုးထိ သြင္းယူႏုိင္ခဲ့တဲ့ ရပ္ဖိုဒ့္က အေကာင္းဆံုး ပံုစံေတြလည္း ျပန္ရေနျပီျဖစ္ပါတယ္။

” ၂၂ ႏွစ္သားပဲရွိေသးတဲ့ ေကာင္ေလးဟာ ဒီကေန႔မွာ ေနာက္ေဖးက ဥယာဥ္မွာ အသင္းေဖာ္ေတြနဲ႔ ကစားေနသလိုကို သက္ေသာင့္သက္သာ ကစားခဲ့တယ္။ သူ႔ဘာသာအတြက္လည္း သူေပ်ာ္ရႊင္ေနပါတယ္။ တစ္ခါတစ္ေလမွာ ေမွ်ာ္လင့္ခံရမႈေတြ အမ်ားၾကီးနဲ႔ သူ႔အေပၚ ဖိအားေတြအမ်ားၾကီး ေပးထားၾကတာျဖစ္တယ္။ အသင္းရဲ႕ တိုက္စစ္သမားကို ပရိသတ္ေတြ ႏွစ္သက္ၾကတာအတြက္ ေက်နပ္မိပါတယ္။

ဒါက က်ေနာ္လက္ထက္ ရပ္ဖိုဒ့္ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ရည္ျဖစ္တယ္။ သူက ရင့္က်က္လာျပီး ပရီးမီးယားလိဂ္က ကစားသမားေကာင္းေတြကို ရင္ဆိုင္ဖို႔ သန္မာလာတယ္။ သူ႔ရဲ႕ ပင္နယ္တီက တည္ျငိမ္ျပီး သူ႔ရဲ႕ ပထမဂိုးက အရမ္းေကာင္းပါတယ္။ ေနာက္ျပီ သူက အခြင့္အေရးေကာင္း သံုးေလးၾကိမ္လည္း ရခဲ့ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။