မာဆေးဆိုဒ် ဒါဘီပွဲမှာတော့ ယာဂင်ကလော့ပ်က တိုက်စစ်ပိုင်း အပြောင်းအလဲလုပ်ပြီး အထောင်တိုက်စစ်နေရာမှာ အိုရီဂီကို ပွဲထွက်ခွင့်ပေးခဲ့ကာ ဘယ်ဂျီယံသား တိုက်စစ်သမားကလည်း သွင်းဂိုး နှစ်ဂိုးသွင်းယူပြီး မန်နေဂျာရဲ့ ယုံကြည်မှုကို ပြန်လည်ပေးဆပ်ခဲ့ပါတယ်။

အိုရီဂီဟာ လီဗာပူးပရိသတ်တွေကြားမှာ နာမည်ကျော်သူဖြစ်ပြီး ဂျန့်နဲ့ ချန်ပီယံလိဂ်ပွဲကြိုမှာဆိုရင် ဘယ်ဂျီယံသတင်းထောက်တွေကို ယာဂင်ကလော့ပ်ကပဲ ‘အိုရီဂီကလည်း ဘယ်ဂျီယံအကယ်ဒမီထွက်ပါပဲ။ လီဗာပူးမှာတော့ သူက အရမ်းနာမည်ကြီးတယ်။ ဂန္တဝင်တစ်ဦးလေ’ လို့တောင် တင်စားခဲ့သေးတာဖြစ်ပါတယ်။

အိုရီဂီဟာ မာဆေးဆိုဒ်ဒါဘီမှာ စတီဗင်ဂျရတ် (၉ ဂိုး)၊ ရော်ဘီဖော်လာ (၆ ဂိုး) နောက်ပိုင်း ဂိုးအများဆုံး သွင်းယူသူအဖြစ် (၅ ဂိုး) သွင်းယူခဲ့ပြီဖြစ်တယ်။ မနှစ်တုန်းက အန်ဖီးကွင်းမှာ အဲဗာတန်နဲ့ ယှဉ်ပြိုင်ကစားစဉ် မိနစ် ၉၀ ကျော်လို့ အချိန်ပို ၆ မိနစ်မှာ သွင်းယူခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးက နာမည်ကျော်ပြီး သူဟာ လီဗာပူးအတွက် ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့်ရတဲ့ ပွဲ ၅၀ မှာ သွင်းဂိုး ၂၂ ဂိုးထိ သွင်းယူခဲ့သူဖြစ်တယ်။

အဲဗာတန်နဲ့ပွဲအပြီးမှာ အသင်းဖော် ရော်ဘတ်ဆန်က ‘အိုရီဂီက ပွဲကြီးတွေကို သိပ်ကြိုက်တဲ့သူပဲ..’ ဆိုတဲ့ စာသားနဲ့အတူ တိုက်စစ်မှူးကို GOAT (Greatest of all time) လို့ တင်စားခဲ့တယ်။

ဆက်ပြီးလည်း ‘လီဗာပူးအတွက် ပွဲ ၁၀၀ မြောက် ဒါဘီပွဲမှာ GOAT ကြီးနဲ့အတူ အောင်ပွဲခံခွင့်ရခဲ့တယ်။ သိပ်ကောင်းတဲ့ ညပါပဲ’ လို့ တွစ်တာကနေ ဖော်ပြခဲ့တာဖြစ်တယ်။

ရော်ဘတ်ဆန်နည်းတူ ထရန့်ကလည်း အဲဗာတန်နဲ့ ဒါဘီပွဲကို အောင်ပွဲခဲ့တဲ့အကြောင်း တွစ်တာကနေ ဖော်ပြရာမှာ ‘အိုရီဂီကြီးနဲ့ ပွေ့ဖက်ခွင့်ရဖို့ စောင့်နေရတာပေါ့ဗျာ။ ကောင်းမွန်တဲ့ အန်ဖီးညချမ်းလေးပါ YNWA’ ဆိုပြီး အိုရီဂီကို ဖက်ခွင့်ရဖို့ ဘေးကနေ စောင့်နေရတဲ့ပုံကို ဟာသအနေနဲ့ တင်ပြီး အောင်ပွဲခံခဲ့တာဖြစ်တယ်။

အိုရီဂီကတော့ သူ့ရဲ့ သွင်းဂိုးတွေအတွက် ဂိုးဖန်တီးမှုတွေ လုပ်ပေးခဲ့ကြတဲ့ မာနေးနဲ့ လိုဗရန်တို့ကို ကျေးဇူးတင်စကားတွေအား ပွဲအပြီးမှာ ပြောဆိုခဲ့ပြီး မန်နေဂျာရဲ့ ယုံကြည်မှုနဲ့ ပရိသတ်တွေရဲ့ အားပေးမှုအပေါ် တုန့်ပြန်မှု ပြန်ပေးနိုင်ခဲ့တာအတွက် ပျော်ရွှင်မိပါတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မာေဆးဆိုဒ္ ဒါဘီပြဲမွာေတာ့ ယာဂင္ကေလာ့ပ္က တိုက္စစ္ပိုင္း အေျပာင္းအလဲလုပ္ျပီး အေထာင္တုိက္စစ္ေနရာမွာ အိုရီဂီကို ပြဲထြက္ခြင့္ေပးခဲ့ကာ ဘယ္ဂ်ီယံသား တိုက္စစ္သမားကလည္း သြင္းဂိုး ႏွစ္ဂိုးသြင္းယူျပီး မန္ေနဂ်ာရဲ႕ ယံုၾကည္မႈကို ျပန္လည္ေပးဆပ္ခဲ့ပါတယ္။

အိုရီဂီဟာ လီဗာပူးပရိသတ္ေတြၾကားမွာ နာမည္ေက်ာ္သူျဖစ္ျပီး ဂ်န္႔နဲ႔ ခ်န္ပီယံလိဂ္ပြဲၾကိဳမွာဆိုရင္ ဘယ္ဂ်ီယံသတင္းေထာက္ေတြကို ယာဂင္ကေလာ့ပ္ကပဲ ‘အိုရီဂီကလည္း ဘယ္ဂ်ီယံအကယ္ဒမီထြက္ပါပဲ။ လီဗာပူးမွာေတာ့ သူက အရမ္းနာမည္ၾကီးတယ္။ ဂႏၱဝင္တစ္ဦးေလ’ လို႔ေတာင္ တင္စားခဲ့ေသးတာျဖစ္ပါတယ္။

အိုရီဂီဟာ မာေဆးဆိုဒ္ဒါဘီမွာ စတီဗင္ဂ်ရတ္ (၉ ဂိုး)၊ ေရာ္ဘီေဖာ္လာ (၆ ဂိုး) ေနာက္ပိုင္း ဂိုးအမ်ားဆံုး သြင္းယူသူအျဖစ္ (၅ ဂိုး) သြင္းယူခဲ့ျပီျဖစ္တယ္။ မႏွစ္တုန္းက အန္ဖီးကြင္းမွာ အဲဗာတန္နဲ႔ ယွဥ္ျပိဳင္ကစားစဥ္ မိနစ္ ၉၀ ေက်ာ္လို႔ အခ်ိန္ပို ၆ မိနစ္မွာ သြင္းယူခဲ့တဲ့ ေခါင္းတိုက္သြင္းဂိုးက နာမည္ေက်ာ္ျပီး သူဟာ လီဗာပူးအတြက္ ပြဲထြက္လူစာရင္းကေန ပါဝင္ခြင့္ရတဲ့ ပြဲ ၅၀ မွာ သြင္းဂိုး ၂၂ ဂိုးထိ သြင္းယူခဲ့သူျဖစ္တယ္။

အဲဗာတန္နဲ႔ပြဲအျပီးမွာ အသင္းေဖာ္ ေရာ္ဘတ္ဆန္က ‘အိုရီဂီက ပြဲၾကီးေတြကို သိပ္ၾကိဳက္တဲ့သူပဲ..’ ဆိုတဲ့ စာသားနဲ႔အတူ တိုက္စစ္မွဴးကို GOAT (Greatest of all time) လို႔ တင္စားခဲ့တယ္။

ဆက္ျပီးလည္း ‘လီဗာပူးအတြက္ ပြဲ ၁၀၀ ေျမာက္ ဒါဘီပြဲမွာ GOAT ၾကီးနဲ႔အတူ ေအာင္ပြဲခံခြင့္ရခဲ့တယ္။ သိပ္ေကာင္းတဲ့ ညပါပဲ’ လို႔ တြစ္တာကေန ေဖာ္ျပခဲ့တာျဖစ္တယ္။

ေရာ္ဘတ္ဆန္နည္းတူ ထရန္႔ကလည္း အဲဗာတန္နဲ႔ ဒါဘီပြဲကို ေအာင္ပြဲခဲ့တဲ့အေၾကာင္း တြစ္တာကေန ေဖာ္ျပရာမွာ ‘အိုရီဂီၾကီးနဲ႔ ေပြ႔ဖက္ခြင့္ရဖို႔ ေစာင့္ေနရတာေပါ့ဗ်ာ။ ေကာင္းမြန္တဲ့ အန္ဖီးညခ်မ္းေလးပါ YNWA’ ဆိုျပီး အိုရီဂီကို ဖက္ခြင့္ရဖို႔ ေဘးကေန ေစာင့္ေနရတဲ့ပံုကို ဟာသအေနနဲ႔ တင္ျပီး ေအာင္ပြဲခံခဲ့တာျဖစ္တယ္။

အိုရီဂီကေတာ့ သူ႔ရဲ႕ သြင္းဂိုးေတြအတြက္ ဂိုးဖန္တီးမႈေတြ လုပ္ေပးခဲ့ၾကတဲ့ မာေနးနဲ႔ လိုဗရန္တို႔ကို ေက်းဇူးတင္စကားေတြအား ပြဲအျပီးမွာ ေျပာဆိုခဲ့ျပီး မန္ေနဂ်ာရဲ႕ ယံုၾကည္မႈနဲ႔ ပရိသတ္ေတြရဲ႕ အားေပးမႈအေပၚ တုန္႔ျပန္မႈ ျပန္ေပးႏုိင္ခဲ့တာအတြက္ ေပ်ာ္ရႊင္မိပါတယ္လို႔ ဆိုခဲ့တာျဖစ္ပါတယ္။