အာဆင်နယ်အသင်းရဲ့ ယာယီနည်းပြ ယွန်းဘတ်က ကလပ် စံချိန်တင်ကြေး ပေါင် ၇၂ သန်းနဲ့ ခေါ်ယူထားတဲ့ တောင်ပံတိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီနဲ့ အေးအေးဆေးဆေး ပြောဆိုဆွေးနွေးကာ သူ အလိုရှိသည်များ အသိပေးဖို့ စီစဉ်နေပါတယ်။ ယွန်းဘတ်က ပီပီဟာ ယုံကြည်မှုပိုင်း လျော့နည်းနေတာမျိုး မဟုတ်ဘူးလို့ ယူဆထားပြီး ဒီရာသီ ၎င်းရဲ့ ရုန်းကန်မှုများနဲ့ ပတ်သတ်ကာ ဆွေးနွေးလိုနေတာပါ။

အိုဗရီကို့စ်သားဟာ အာဆင်နယ်အတွက် သက်ရောက်မှုကြီး လုပ်မပြနိုင်သေးဘဲ ဒီရာသီ ပြိုင်ပွဲစုံ ၃ ဂိုး သာ သွင်းယူရသေးကာ တစ်ဂိုးကမှ ကစားကွက်ကနေ ရယူနိုင်တာ မဟုတ်သေးပါဘူး။

ယွန်းဘတ်ရဲ့ အာဆင်နယ်နည်းပြ အဖြစ် ပွဲဦးထွက် ဖြစ်တဲ့ နောဝစ်နဲ့ ပွဲမှာ ပီပီက အရန်ခုံကသာ ပါဝင်လာပြီး ဆွီဒင်သားကြီးက ဒုတိယပိုင်းမှာလည်း မာတင်နယ်လီနဲ့ ဆာကာကိုသာ အခွင့်အရေးပေးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ယွန်းဘတ်က ထရိနင်က စွမ်းဆောင်ရည်များ အရသာ ကစားသမားတွေကို ကစားခွင့် ပေးတာ ဖြစ်တယ်လို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

” နစ်ကို (ပီပီ) က သိပ် ကောင်းတဲ့ ကစားသမား တစ်ယောက်ပါ။ ဒါပေမယ့် တခါတလေ မတူညီတဲ့ လိဂ်ကနေ ပြောင်းရွှေ့လာရင် နေရာသစ်မှာ အထိုင်ကျဖို့ အချိန် လိုပါတယ်။ သူနဲ့လည်း ကျနေ်ာ စကားပြောဆို ဆွေးနွေးဖို့ အစီအစဉ် ရှိတယ်။ ကစားနည်းနည်း ပြောဆိုပြီး သူ ဘယ်လို ခံစာေးနရလဲ ဆိုတာ မေးမြန်းရမယ် ဘာဖြစ်လို့လဲဆိုတော့ သူလည်း အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်တယ်။ ” လို့ ယွန်းဘတ်က ဆိုခဲ့ပါတယ်။

ပီပီရဲ့ ခြေစွမ်း ကျဆင်းနေမှုက သူ့မှာ ယုံကြည်မှုတွေ ပျောက်ဆုံးနေလို့ ဖြစ်မလား အမေးကိုတော့ ယွန်းဘတ်က ငြင်းဆန်ခဲ့ပြီး နေရာသစ် နိုင်ငံသစ်မှာ ဖြစ်လို့ ပီပီ ရုန်းကန်နေရတယ် ယူဆထားပါတယ်။

” ယုံကြည်မှု ပျောက်ဆုံးနေတာကြောင့်လို့ ကျနော် မထင်ပါဘူး။ ဒါက နိုင်ငံသစ် နေရာသစ် ဖြစ်တဲ့အပြင် ကစားပုံကလည်း အသစ် ဖြစ်တယ်။ ကျနေ်ာ သူ ဘယ်လို ကစားဖို့ မျှော်လင့်ထားတယ် ဆိုတာလည်း သေချာ ရှင်းလင်းပြောပြပေးမှာပါ။ ” လို့ ယွန်းဘတ်က ဆိုပါတယ်။

အာဆင်နယ်ဟာ ဒီည ဘရိုက်တန်နဲ့ ပွဲမတိုင်ခင်မှာ ဒဏ်ရာသတင်းသစ် မရှိဘဲ တံကောက်ကြော ဒဏ်ရာ ရှိနေတဲ့ ဘယ်လာရင် ပြန်လည် ပါဝင် ကစားနိုင်ဖါယ် ရှိနေပါတယ်။ ဒီပွဲက ယွန်းဘတ်အတွက် အာဆင်နယ်နည်းပြ အဖြစ် ပထမဆုံး အိမ်ကွင်းပွဲလည်း ဖြစ်လာမှာပါ။ ယွန်းဘတ် အနေနဲ့ ၈ ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ အသင်း ပုံစံကို ပြန်လည် ဆယ်တင်ကာ နိုင်ပွဲယူဖို့က အဓိက ပစ်မှတ် ဖြစ်နေပါတယ်။

Zawgyi

အာဆင္နယ္အသင္းရဲ႕ ယာယီနည္းျပ ယြန္းဘတ္က ကလပ္ စံခ်ိန္တင္ေၾကး ေပါင္ ၇၂ သန္းနဲ႕ ေခၚယူထားတဲ့ ေတာင္ပံတုိက္စစ္သမား နစ္ကိုးလပ္စ္ ပီပီနဲ႕ ေအးေအးေဆးေဆး ေျပာဆိုေဆြးေႏြးကာ သူ အလိုရွိသည္မ်ား အသိေပးဖို႔ စီစဥ္ေနပါတယ္။ ယြန္းဘတ္က ပီပီဟာ ယံုၾကည္မႈပိုင္း ေလ်ာ့နည္းေနတာမ်ိဳး မဟုတ္ဘူးလို႔ ယူဆထားျပီး ဒီရာသီ ၄င္းရဲ႕ ရုန္းကန္မႈမ်ားနဲ႕ ပတ္သတ္ကာ ေဆြးေႏြးလိုေနတာပါ။

အိုဗရီကို႔စ္သားဟာ အာဆင္နယ္အတြက္ သက္ေရာက္မႈၾကီး လုပ္မျပနိုင္ေသးဘဲ ဒီရာသီ ျပိဳင္ပြဲစံု ၃ ဂိုး သာ သြင္းယူရေသးကာ တစ္ဂိုးကမွ ကစားကြက္ကေန ရယူနုိင္တာ မဟုတ္ေသးပါဘူး။

ယြန္းဘတ္ရဲ႕ အာဆင္နယ္နည္းျပ အျဖစ္ ပြဲဦးထြက္ ျဖစ္တဲ့ ေနာ၀စ္နဲ႕ ပြဲမွာ ပီပီက အရန္ခံုကသာ ပါ၀င္လာျပီး ဆြီဒင္သားၾကီးက ဒုတိယပိုင္းမွာလည္း မာတင္နယ္လီနဲ႕ ဆာကာကိုသာ အခြင့္အေရးေပးခဲ့ပါတယ္။ ပြဲအျပီးမွာေတာ့ ယြန္းဘတ္က ထရိနင္က စြမ္းေဆာင္ရည္မ်ား အရသာ ကစားသမားေတြကို ကစားခြင့္ ေပးတာ ျဖစ္တယ္လို႔ ရွင္းလင္း ေျပာဆိုခဲ့ပါတယ္။

” နစ္ကို (ပီပီ) က သိပ္ ေကာင္းတဲ့ ကစားသမား တစ္ေယာက္ပါ။ ဒါေပမယ့္ တခါတေလ မတူညီတဲ့ လိဂ္ကေန ေျပာင္းေရႊ႕လာရင္ ေနရာသစ္မွာ အထိုင္က်ဖို႔ အခ်ိန္ လိုပါတယ္။ သူနဲ႕လည္း က်ေန္ာ စကားေျပာဆို ေဆြးေႏြးဖို႔ အစီအစဥ္ ရွိတယ္။ ကစားနည္းနည္း ေျပာဆိုျပီး သူ ဘယ္လုိ ခံစာေးနရလဲ ဆိုတာ ေမးျမန္းရမယ္ ဘာျဖစ္လို႔လဲဆိုေတာ့ သူလည္း အသင္းအတြက္ အေရးပါတဲ့ ကစားသမား ျဖစ္တယ္။ ” လို႔ ယြန္းဘတ္က ဆိုခဲ့ပါတယ္။

ပီပီရဲ႕ ေျခစြမ္း က်ဆင္းေနမႈက သူ႔မွာ ယံုၾကည္မႈေတြ ေပ်ာက္ဆံုးေနလို႔ ျဖစ္မလား အေမးကိုေတာ့ ယြန္းဘတ္က ျငင္းဆန္ခဲ့ျပီး ေနရာသစ္ နုိင္ငံသစ္မွာ ျဖစ္လို႔ ပီပီ ရုန္းကန္ေနရတယ္ ယူဆထားပါတယ္။

” ယံုၾကည္မႈ ေပ်ာက္ဆံုးေနတာေၾကာင့္လို႔ က်ေနာ္ မထင္ပါဘူး။ ဒါက နုိင္ငံသစ္ ေနရာသစ္ ျဖစ္တဲ့အျပင္ ကစားပံုကလည္း အသစ္ ျဖစ္တယ္။ က်ေန္ာ သူ ဘယ္လို ကစားဖို႔ ေမွ်ာ္လင့္ထားတယ္ ဆိုတာလည္း ေသခ်ာ ရွင္းလင္းေျပာျပေပးမွာပါ။ ” လို႔ ယြန္းဘတ္က ဆိုပါတယ္။

အာဆင္နယ္ဟာ ဒီည ဘရိုက္တန္နဲ႕ ပြဲမတိုင္ခင္မွာ ဒဏ္ရာသတင္းသစ္ မရွိဘဲ တံေကာက္ေၾကာ ဒဏ္ရာ ရွိေနတဲ့ ဘယ္လာရင္ ျပန္လည္ ပါ၀င္ ကစားနုိင္ဖါယ္ ရွိေနပါတယ္။ ဒီပြဲက ယြန္းဘတ္အတြက္ အာဆင္နယ္နည္းျပ အျဖစ္ ပထမဆံုး အိမ္ကြင္းပြဲလည္း ျဖစ္လာမွာပါ။ ယြန္းဘတ္ အေနနဲ႕ ၈ ပြဲဆက္ နုိင္ပြဲေပ်ာက္ေနတဲ့ အသင္း ပံုစံကို ျပန္လည္ ဆယ္တင္ကာ နုိင္ပြဲယူဖို႔က အဓိက ပစ္မွတ္ ျဖစ္ေနပါတယ္။