သရဲနီဟောင်းကြီးဖြစ်ပြီး ပရီးမီးယားလိဂ်ဂိုးသမားဟောင်းလည်းဖြစ်တဲ့ ရှမိုင်ကယ်က ဆိုးရှားရဲ့ လူစာရင်းမှာ စပါးအသင်း တိုက်စစ်သမား ဆွန်ကို မြင်တွေ့ရမယ်ဆိုရင် အရမ်းကို သဘောကျမိပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဘလွန်းဒီအော့ဆုမှာ အဆင့်ရပ်တည်မှု အမြင့်ဆုံးသော အာရှကစားသမားလည်းဖြစ်တဲ့ ဆွန်ဟာ ပရီးမီးယားလိဂ်မှာတော့ ထိပ်တန်း တိုက်စစ်သမားအဖြစ် ခြေစွမ်းပြသနေသူပါ။ ဆွန်ရဲ့ တိုက်စစ်မှူးနောက်က လိုက်ပါမှုနဲ့ ပံ့ပိုးပေးမှု အနေအထားဟာ ယူနိုက်တက်မှာ ရပ်ဖိုဒ့်ရဲ့နောက် ထားမယ်ဆိုရင် အရမ်းကို စိတ်လှုပ်ရှားစရာ အရည်အသွေးကို မြင်ရမယ်လို့ ရှမိုက်ကယ်က ယုံကြည်နေပါတယ်။

သရဲနီ ဂိုးသမားဟောင်းကြီးက “ အိုထရတ်ဖိုဒ့်မှာ ဆွန်ကို မြင်ရမယ်ဆိုရင် ကျနေ်ာ သဘောကျပါလိမ့်မယ်။ စပါးမှာ ကစားသမားကောင်းတွေ ရှိတယ်ဆိုတာ ကျနော်သိပါတယ်။ ဆွန်ကတော့ တကယ်ကို ထူးချွန်တဲ့ ကစားသမားပါ။ သူဘယ်လောက်ထိ ကောင်းတယ်ဆိုတာ နားလည်ဖို့က အရမ်းကို ခက်ပါတယ် ” လို့ ချီးကျူးခဲ့တာပါ။

မော်ရင်ညိုရဲ့ အိုထရတ်ဖိုဒ့် အပြန်ခရီးကို ရလဒ်ကောင်းဖို့တော့ ဆွန်က မကူညီနိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူအပြင် အင်္ဂလန်လက်ရွေးစင် အလီတို့ဟာ စပါးရဲ့ အဓိက ထောက်တိုင်တွေအဖြစ် ရှမိုက်ကယ်က ယုံကြည်ပြီး ယူနိုက်တက်ကို ရင်ဆိုင်ကစားရာမှာတော့ မန်နေဂျာမော်ရင်ညိုက နည်းစနစ် မှားခဲ့တယ်လို့ သူက မြင်ပါတယ်။

“ ဒီပွဲကို မော်ရင်ညို ပြန်ကြည့်မယ်ဆိုရင် သူထုတ်ခဲ့တဲ့ လူစာရင်းကို နောင်တရပါလိမ့်မယ်။ ကျနော်က သူခံစစ်အထိုင်ချပြီး ကစားဖို့ လာမယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် သူက လူးကပ်မော်ရာ၊ အလီ၊ ဆွန်၊ ကိန်း၊ ဆစ်ဆိုခိုတို့လို့ တိုက်စစ်သမားတွေနဲ့လာပြီး တိုက်စစ်ကစားရမယ့်အစား ခံစစ်အထိုင်ချခဲ့တယ်။ ဒါကလည်း နည်းစနစ်ရဲ့ တစ်စိတ်တစ်ဒေသပါပဲ။ အန်ဒွမ်ဘီလီ ဝင်လာတော့ သူတို့ ကစားပုံ ကောင်းလာပါတယ်။ တကယ်ဆိုရင် ပွဲစကတည်းက သူ့ကို ထုတ်သုံးရမှာပါ ” လို့ ရှမိုင်ကယ်က ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

သရဲနီေဟာင္းၾကီးျဖစ္ျပီး ပရီးမီးယားလိဂ္ဂိုးသမားေဟာင္းလည္းျဖစ္တဲ့ ရွမိုင္ကယ္က ဆိုးရွားရဲ႕ လူစာရင္းမွာ စပါးအသင္း တိုက္စစ္သမား ဆြန္ကို ျမင္ေတြ႔ရမယ္ဆိုရင္ အရမ္းကို သေဘာက်မိပါလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဘလြန္းဒီေအာ့ဆုမွာ အဆင့္ရပ္တည္မႈ အျမင့္ဆံုးေသာ အာရွကစားသမားလည္းျဖစ္တဲ့ ဆြန္ဟာ ပရီးမီးယားလိဂ္မွာေတာ့ ထိပ္တန္း တိုက္စစ္သမားအျဖစ္ ေျခစြမ္းျပသေနသူပါ။ ဆြန္ရဲ႕ တိုက္စစ္မွဴးေနာက္က လိုက္ပါမႈနဲ႔ ပံ့ပိုးေပးမႈ အေနအထားဟာ ယူႏုိက္တက္မွာ ရပ္ဖိုဒ့္ရဲ႕ေနာက္ ထားမယ္ဆိုရင္ အရမ္းကို စိတ္လႈပ္ရွားစရာ အရည္အေသြးကို ျမင္ရမယ္လို႔ ရွမိုက္ကယ္က ယံုၾကည္ေနပါတယ္။

သရဲနီ ဂိုးသမားေဟာင္းၾကီးက “ အိုထရတ္ဖုိဒ့္မွာ ဆြန္ကို ျမင္ရမယ္ဆိုရင္ က်ေန္ာ သေဘာက်ပါလိမ့္မယ္။ စပါးမွာ ကစားသမားေကာင္းေတြ ရွိတယ္ဆိုတာ က်ေနာ္သိပါတယ္။ ဆြန္ကေတာ့ တကယ္ကို ထူးခၽြန္တဲ့ ကစားသမားပါ။ သူဘယ္ေလာက္ထိ ေကာင္းတယ္ဆိုတာ နားလည္ဖို႔က အရမ္းကို ခက္ပါတယ္ ” လို႔ ခ်ီးက်ဴးခဲ့တာပါ။

ေမာ္ရင္ညိဳရဲ႕ အိုထရတ္ဖိုဒ့္ အျပန္ခရီးကို ရလဒ္ေကာင္းဖို႔ေတာ့ ဆြန္က မကူညီႏုိင္ခဲ့ပါဘူး။ ဒါေပမယ့္ သူအျပင္ အဂၤလန္လက္ေရြးစင္ အလီတို႔ဟာ စပါးရဲ႕ အဓိက ေထာက္တုိင္ေတြအျဖစ္ ရွမိုက္ကယ္က ယံုၾကည္ျပီး ယူႏုိက္တက္ကို ရင္ဆိုင္ကစားရာမွာေတာ့ မန္ေနဂ်ာေမာ္ရင္ညိဳက နည္းစနစ္ မွားခဲ့တယ္လို႔ သူက ျမင္ပါတယ္။

“ ဒီပြဲကို ေမာ္ရင္ညိဳ ျပန္ၾကည့္မယ္ဆိုရင္ သူထုတ္ခဲ့တဲ့ လူစာရင္းကို ေနာင္တရပါလိမ့္မယ္။ က်ေနာ္က သူခံစစ္အထိုင္ခ်ျပီး ကစားဖို႔ လာမယ္လို႔ ထင္ခဲ့တယ္။ ဒါေပမယ့္ သူက လူးကပ္ေမာ္ရာ၊ အလီ၊ ဆြန္၊ ကိန္း၊ ဆစ္ဆိုခိုတို႔လို႔ တိုက္စစ္သမားေတြနဲ႔လာျပီး တိုက္စစ္ကစားရမယ့္အစား ခံစစ္အထိုင္ခ်ခဲ့တယ္။ ဒါကလည္း နည္းစနစ္ရဲ႕ တစ္စိတ္တစ္ေဒသပါပဲ။ အန္ဒြမ္ဘီလီ ဝင္လာေတာ့ သူတို႔ ကစားပံု ေကာင္းလာပါတယ္။ တကယ္ဆိုရင္ ပြဲစကတည္းက သူ႔ကို ထုတ္သံုးရမွာပါ ” လို႔ ရွမိုင္ကယ္က ဆိုခဲ့တာျဖစ္ပါတယ္။