လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ ကလပ်များကမ္ဘာဖလားပြိုင်ပွဲအတွက် စီနီယာကစားသမား ၂၃ ဦးကို ခေါ်ယူသွားမှာဖြစ်ပြီး ဒဏ်ရာရကစားသမားတွေရလွဲလို့ ပထမအသင်းမှ အဓိက ကစားသမား အားလုံးနီးပါး ပါဝင်သွားမှာဖြစ်ပါတယ်။

လီဗာပူးသမိုင်းမှာ တစ်ကြိမ်မှ မရသေးတဲ့ တစ်ခုတည်းသော ဆုဖလားကို အနိုင်ယူဖို့အတွက် ယာဂင်ကလော့ပ်ဟာ အဓိက ကစားသမားတွေနဲ့ ကာတာကို သွားမှာဖြစ်တယ်။ အဆိုပါပွဲအတွက် လူစာရင်းကိုလည်း ထုတ်ပြန်ခဲ့ပြီဖြစ်ကာ ဂျုံး၊ ဘရူးစတား၊ အီလီယော့နဲ့ ဝီလီယံလို လူငယ်ကြယ်ပွင့်တွေလည်း လိုက်ပါသွားမှာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်မှာ ကာရာဘောင်း ကွာတားဖိုင်နယ်ကို အက်စတွန်ဗီလာနဲ့ ကစားရဖို့ရှိနေပြီး အဆိုပါပွဲကိုတော့ ယူ-၂၃ မန်နေဂျာနေးခရစ်ချ်လေက ကိုင်တွယ်သွားမှာဖြစ်တယ်။ သူ့ရဲ့ ပွဲထုတ်မှုမှာ ကာရာဘောင်းဖလားကို ယှဉ်ပြိုင်မယ့် လီဗာပူးလူစာရင်းကို ကြိုတင်ခန့်မှန်းမှုတွေ ထွက်လာပြီဖြစ်တယ်။ ဒီလူစာရင်းဟာ ယူ-၂၃ အဆင့်ပွဲတွေမှာ သူထုတ်သုံးနေတဲ့ လူစာရင်းကို အခြေခံပြီး ခန့်မှန်းလာကြတာဖြစ်ပါတယ်။

ဒီရာသီ ကာရာဘောင်းမှာ အဓိက ပွဲထွက်နေတဲ့ အသက် ၂၁ နှစ်အရွယ် ဂိုးသမား ကလယ်ဟာက ဂိုးပေါက်ကို ဆက်လက် တာဝန်ယူမှာဖြစ်တယ်။ ညာအစွန်ကိုတော့ ဟိုဗာ (၁၇ နှစ်)၊ ဘယ်အစွန်ကို လာရိုစီ (၁၈ နှစ်) တို့က ပွဲထွက်မှာဖြစ်ပြီး သူတို့ဟာ ရာသီကြို ပြင်ဆင်မှုတွေမှာ စီနီယာအသင်းနဲ့ လိုက်ပါခွင့်ရခဲ့ကြသူတွေပါ။ ဗဟိုခံစစ်မှူးတွေအဖြစ် နွေတုန်းက ခေါ်ယူထားတဲ့ ဗန်ဒန်ဘယ်ရာ (၁၇ နှစ်) နဲ့ ပြင်သစ်သား ကိုမီတီယို (၁၇ နှစ်) တို့ တာဝန်ယူဖွယ်ရှိပါတယ်။

ကွင်းလယ်ကိုတော့ လူငယ်အသင်းမှာ အသက်အကြီးဆုံး ကစားသမားလည်းဖြစ်တဲ့ ချီရီဗီလာ (၂၂ နှစ်)၊ လိုင်ယမ် ကိုလီ (၁၉ နှစ်)၊ ခရစ်စတိုင်ဒေးဗစ် (၂၂ နှစ်)၊ လိုင်တန် ကလာဆန် (၁၈ နှစ်) တို့ ပွဲထွက်ကာ တိုက်စစ်သမားတွေဖြစ် ဟာဘီကိန်း (၂၂ နှစ်)၊ ပေါလ်ဂလေဇယ် (၁၈) နှစ် (ဒဏ်ရရနေ) တို့ ပါဝင်သွားမှာဖြစ်ပါတယ်။

နေးခရစ်ချ်လေဟာ လောလောဆယ်မှာ သူ့ရဲ့အသင်းကို စီနီယာအသင်းလိုပဲ ၄-၃-၃ ကစားဟန်ကို ကောင်တာ-ဖိအားပေးစတိုင် လေ့ကျင့်နေပြီး စီနီယာအသင်းနဲ့ တွဲကစားစေမှုတွေလည်း လုပ်ထားတယ်လို့ သိရတယ်။ ကာရာဘောင်းကို ပါဝင်ယှဉ်ပြိုင်မယ့် လီဗာပူး ယူ-၂၃ အသင်းဟာ ချီရီဗီလာကလွဲလို့ စီနီယာအတွေ့အကြုံ နည်းသူတွေဖြစ်ပြီး ကလော့ပ်ကတော့ လိဂ်ဖလား ကံကြမ္မာကို လူငယ်တွေလက်ထဲ ပုံအပ်ထားခဲ့မှာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ ကလပ္မ်ားကမၻာဖလားျပိဳင္ပြဲအတြက္ စီနီယာကစားသမား ၂၃ ဦးကို ေခၚယူသြားမွာျဖစ္ျပီး ဒဏ္ရာရကစားသမားေတြရလြဲလို႔ ပထမအသင္းမွ အဓိက ကစားသမား အားလံုးနီးပါး ပါဝင္သြားမွာျဖစ္ပါတယ္။

လီဗာပူးသမုိင္းမွာ တစ္ၾကိမ္မွ မရေသးတဲ့ တစ္ခုတည္းေသာ ဆုဖလားကို အႏုိင္ယူဖို႔အတြက္ ယာဂင္ကေလာ့ပ္ဟာ အဓိက ကစားသမားေတြနဲ႔ ကာတာကို သြားမွာျဖစ္တယ္။ အဆိုပါပြဲအတြက္ လူစာရင္းကိုလည္း ထုတ္ျပန္ခဲ့ျပီျဖစ္ကာ ဂ်ံဳး၊ ဘရူးစတား၊ အီလီေယာ့နဲ႔ ဝီလီယံလို လူငယ္ၾကယ္ပြင့္ေတြလည္း လိုက္ပါသြားမွာျဖစ္ပါတယ္။

ဒီဇင္ဘာလ ၁၈ ရက္မွာ ကာရာေဘာင္း ကြာတားဖိုင္နယ္ကို အက္စတြန္ဗီလာနဲ႔ ကစားရဖို႔ရွိေနျပီး အဆိုပါပြဲကိုေတာ့ ယူ-၂၃ မန္ေနဂ်ာေနးခရစ္ခ်္ေလက ကိုင္တြယ္သြားမွာျဖစ္တယ္။ သူ႔ရဲ႕ ပြဲထုတ္မႈမွာ ကာရာေဘာင္းဖလားကို ယွဥ္ျပိဳင္မယ့္ လီဗာပူးလူစာရင္းကို ၾကိဳတင္ခန္႔မွန္းမႈေတြ ထြက္လာျပီျဖစ္တယ္။ ဒီလူစာရင္းဟာ ယူ-၂၃ အဆင့္ပြဲေတြမွာ သူထုတ္သံုးေနတဲ့ လူစာရင္းကို အေျခခံျပီး ခန္႔မွန္းလာၾကတာျဖစ္ပါတယ္။

ဒီရာသီ ကာရာေဘာင္းမွာ အဓိက ပြဲထြက္ေနတဲ့ အသက္ ၂၁ နွစ္အရြယ္ ဂိုးသမား ကလယ္ဟာက ဂိုးေပါက္ကို ဆက္လက္ တာဝန္ယူမွာျဖစ္တယ္။ ညာအစြန္ကိုေတာ့ ဟိုဗာ (၁၇ ႏွစ္)၊ ဘယ္အစြန္ကို လာရိုစီ (၁၈ ႏွစ္) တို႔က ပြဲထြက္မွာျဖစ္ျပီး သူတို႔ဟာ ရာသီၾကိဳ ျပင္ဆင္မႈေတြမွာ စီနီယာအသင္းနဲ႔ လုိက္ပါခြင့္ရခဲ့ၾကသူေတြပါ။ ဗဟိုခံစစ္မွဴးေတြအျဖစ္ ေႏြတုန္းက ေခၚယူထားတဲ့ ဗန္ဒန္ဘယ္ရာ (၁၇ ႏွစ္) နဲ႔ ျပင္သစ္သား ကိုမီတီယို (၁၇ ႏွစ္) တို႔ တာဝန္ယူဖြယ္ရွိပါတယ္။

ကြင္းလယ္ကိုေတာ့ လူငယ္အသင္းမွာ အသက္အၾကီးဆံုး ကစားသမားလည္းျဖစ္တဲ့ ခ်ီရီဗီလာ (၂၂ ႏွစ္)၊ လိုင္ယမ္ ကိုလီ (၁၉ ႏွစ္)၊ ခရစ္စတိုင္ေဒးဗစ္ (၂၂ ႏွစ္)၊ လိုင္တန္ ကလာဆန္ (၁၈ ႏွစ္) တို႔ ပြဲထြက္ကာ တိုက္စစ္သမားေတြျဖစ္ ဟာဘီကိန္း (၂၂ ႏွစ္)၊ ေပါလ္ဂေလဇယ္ (၁၈) ႏွစ္ (ဒဏ္ရရေန) တို႔ ပါဝင္သြားမွာျဖစ္ပါတယ္။

ေနးခရစ္ခ်္ေလဟာ ေလာေလာဆယ္မွာ သူ႔ရဲ႕အသင္းကို စီနီယာအသင္းလိုပဲ ၄-၃-၃ ကစားဟန္ကို ေကာင္တာ-ဖိအားေပးစတိုင္ ေလ့က်င့္ေနျပီး စီနီယာအသင္းနဲ႔ တြဲကစားေစမႈေတြလည္း လုပ္ထားတယ္လို႔ သိရတယ္။ ကာရာေဘာင္းကို ပါဝင္ယွဥ္ျပိဳင္မယ့္ လီဗာပူး ယူ-၂၃ အသင္းဟာ ခ်ီရီဗီလာကလြဲလို႔ စီနီယာအေတြ႔အၾကံဳ နည္းသူေတြျဖစ္ျပီး ကေလာ့ပ္ကေတာ့ လိဂ္ဖလား ကံၾကမၼာကို လူငယ္ေတြလက္ထဲ ပံုအပ္ထားခဲ့့မွာပဲ ျဖစ္ပါတယ္။