၂၀၁၉ ခုနှစ်အတွင်း ဗြိတိန်တစ်ခုလုံးမှာ ယူကျူ့ လူမှုကွန်ယက်ပလက်ဖောင်း အသုံးပြုသူတွေကြားမှာ လူကြည့်အများဆုံးနဲ့ အထင်ရှားဆုံး ဗီဒီယိုအဖြစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ လီဗာပူးက ဘာစီလိုနာကို အန်ဖီးကွင်းအတွင်း ၄-၀ နဲ့ အနိုင်ယူတဲ့ပွဲက မှတ်တမ်းဝင်သွားခဲ့ပါတယ်။

မနှစ်က ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်အဖြစ် လီဗာပူးနဲ့ ဘာစီလိုနာတို့ အတွဲကျခဲ့တာပါ။ ပထမအကျော့အဖြစ် နျူးကမ့်မှာ ဘာစီလိုနာက လီဗာပူးကို မက်ဆီရဲ့ အံ့မခန်းတဲ့ ခြေစွမ်းတွေနဲ့အတူ ၃-၀ နဲ့ အနိုင်ယူခဲ့ပါတယ်။ ပထမအကျော့အပြီး ဘာစီလိုနာဟာ ဖိုင်နယ်တက်မယ့်အသင်းလို့ အပြတ်အသတ် ရေးပန်းစားခဲ့ပေမယ့် ဒုတိယအကျော့အဖြစ် အန်ဖီးကွင်းမှာတော့ လီဗာပူးက မယုံနိုင်လောက်တဲ့ ခြေစွမ်း၊ စိတ်ဓါတ်တွေနဲ့အတူ လာလီဂါအသင်းကို ဂိုးပြတ်ခြေမှုန်းပြီး ဆီမီးအဆင့်ကနေ လှည့်ပြန်စေခဲ့တာဖြစ်တယ်။

ပွဲအပြီး ယာဂင်ကလော့ပ် ဦးဆောင်တဲ့ လီဗာပူးအသင်း ဗိုလ်လုပွဲကို တက်ရောက်သွားတဲ့ ပွဲဟိုက်တွေ အများကြီး ထွက်ပေါ်လာခဲ့သလို မေလတုန်းက လွှင့်တင်ခဲ့တဲ့ အဆိုပါထဲက ဟိုက်လိုက်တစ်ခုဟာဆိုရင် ကမ္ဘာတစ်ဝန်းမှာ ကြည့်နှုန်း ၉.၈ သန်းထိ ရှိခဲ့တာဖြစ်တယ်။ ဒါဟာ ၂၀၁၉ ခုနှစ်အတွင်း ဗြိတိန်ဒေသကြီး တစ်ခုလုံးက ဖန်တီးခဲ့တဲ့ ဘယ်လို ဗီဒီယို အမျိုးအစားထက်မဆို ပိုများတဲ့ ကြည့်နှုန်းလည်း ဖြစ်ခဲ့ပါတယ်။

အဆိုပါ ဗီဒီယိုကိုတော့ အင်္ဂလန် ရုပ်သံချန်နယ်ဖြစ်တဲ့ BT Sport ကနေ ဗီဒီယိုတိုကို ယူကျူကနေ ဖော်ပြခဲ့တာဖြစ်ပြီး ဒါဟာ နာမည်ကျော် ဗြိတိန်ရှိုးတွေဖြစ်တဲ့ James Corden ရဲ့ Late Late Show အပြင် ကမ္ဘာကျော် Britain’s Got Talent မှ ဗီဒီယိုတွေနဲ့အတူ ယူကျူ့ပလက်ဖောင်းမှာ ခေတ်အစားဆုံးသော ဗီဒီယိုအဖြစ် ထိပ်ဆုံးက လူကြည့်များခဲ့တယ်လို့ သိရတယ်။

ဗြိတိန်ဒေသတွင်းမှာ အားကစားနယ်ပယ်တစ်ခုက ဗီဒီယိုတစ်ခုဟာ ဂီတနဲ့ အခြားသော ဖျော်ဖြေရေးနယ်ပယ်က ဗီဒီယိုတွေကို ကျော်လွန်ပြီး လူကြည့်အများဆုံး ဖြစ်ခဲ့တာက မယုံနိုင်စရာ ဖြစ်ရပ်လည်းဖြစ်တယ်။ ဒါ့အပြင် ဒီနှစ်မှာတော့ စကိုင်းစပေါ့ ဟိုက်လိုက်ဆိုင်ရာ တည်းဖြတ်မငတွေကလည်း လူကြိုက်များတဲ့ ဗီဒီယိုတွေ ဖြစ်လာခဲ့ပါတယ်။

ဥရောပဆိုင်ရာ YouTube trending အကြီးအကဲ Roya Zeitoune က ဒီနှစ်မှာ ထိပ်ဆုံးနေရာရောက်တဲ့ ဗီဒီယိုတွေက အမျိုးအစား စုံလင်လာခဲ့ပြီး ယူကျူ့ဗီဒီယို ဖန်တီးသူတွေက ရှိုးတွေ၊ ဂီတဆိုင်ရာ ဗီဒီယိုတွေအပြင် အားကစားဆိုင်ရာ ဗီဒီယိုတွေကိုလည်း ကြိုက်နှစ်သက်လာကြတယ်လို့ သတင်းထုတ်ပြန်သွားခဲ့ပါတယ်။

ZAWGYI

၂၀၁၉ ခုႏွစ္အတြင္း ျဗိတိန္တစ္ခုလံုးမွာ ယူက်ဴ႔ လူမႈကြန္ယက္ပလက္ေဖာင္း အသံုးျပဳသူေတြၾကားမွာ လူၾကည့္အမ်ားဆံုးနဲ႔ အထင္ရွားဆံုး ဗီဒီယိုအျဖစ္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ လီဗာပူးက ဘာစီလိုနာကို အန္ဖီးကြင္းအတြင္း ၄-၀ နဲ႔ အႏုိင္ယူတဲ့ပြဲက မွတ္တမ္းဝင္သြားခဲ့ပါတယ္။

မႏွစ္က ခ်န္ပီယံလိဂ္မွာ ဆီမီးဖိုင္နယ္အဆင့္အျဖစ္ လီဗာပူးနဲ႔ ဘာစီလိုနာတို႔ အတြဲက်ခဲ့တာပါ။ ပထမအေက်ာ့အျဖစ္ ႏ်ဴးကမ့္မွာ ဘာစီလိုနာက လီဗာပူးကို မက္ဆီရဲ႕ အံ့မခန္းတဲ့ ေျခစြမ္းေတြနဲ႔အတူ ၃-၀ နဲ႔ အႏုိင္ယူခဲ့ပါတယ္။ ပထမအေက်ာ့အျပီး ဘာစီလိုနာဟာ ဖိုင္နယ္တက္မယ့္အသင္းလို႔ အျပတ္အသတ္ ေရးပန္းစားခဲ့ေပမယ့္ ဒုတိယအေက်ာ့အျဖစ္ အန္ဖီးကြင္းမွာေတာ့ လီဗာပူးက မယံုႏုိင္ေလာက္တဲ့ ေျခစြမ္း၊ စိတ္ဓါတ္ေတြနဲ႔အတူ လာလီဂါအသင္းကို ဂိုးျပတ္ေျခမႈန္းျပီး ဆီမီးအဆင့္ကေန လွည့္ျပန္ေစခဲ့တာျဖစ္တယ္။

ပြဲအျပီး ယာဂင္ကေလာ့ပ္ ဦးေဆာင္တဲ့ လီဗာပူးအသင္း ဗိုလ္လုပြဲကို တက္ေရာက္သြားတဲ့ ပြဲဟိုက္ေတြ အမ်ားၾကီး ထြက္ေပၚလာခဲ့သလို ေမလတုန္းက လႊင့္တင္ခဲ့တဲ့ အဆိုပါထဲက ဟိုက္လိုက္တစ္ခုဟာဆိုရင္ ကမၻာတစ္ဝန္းမွာ ၾကည့္ႏႈန္း ၉.၈ သန္းထိ ရွိခဲ့တာျဖစ္တယ္။ ဒါဟာ ၂၀၁၉ ခုႏွစ္အတြင္း ျဗိတိန္ေဒသၾကီး တစ္ခုလံုးက ဖန္တီးခဲ့တဲ့ ဘယ္လို ဗီဒီယို အမ်ိဳးအစားထက္မဆို ပိုမ်ားတဲ့ ၾကည့္ႏႈန္းလည္း ျဖစ္ခဲ့ပါတယ္။

အဆိုပါ ဗီဒီယိုကိုေတာ့ အဂၤလန္ ရုပ္သံခ်န္နယ္ျဖစ္တဲ့ BT Sport ကေန ဗီဒီယိုတိုကို ယူက်ဴကေန ေဖာ္ျပခဲ့တာျဖစ္ျပီး ဒါဟာ နာမည္ေက်ာ္ ျဗိတိန္ရိႈးေတြျဖစ္တဲ့ James Corden ရဲ႕ Late Late Show အျပင္ ကမၻာေက်ာ္ Britain’s Got Talent မွ ဗီဒီယိုေတြနဲ႔အတူ ယူက်ဴ႕ပလက္ေဖာင္းမွာ ေခတ္အစားဆံုးေသာ ဗီဒီယိုအျဖစ္ ထိပ္ဆံုးက လူၾကည့္မ်ားခဲ့တယ္လို႔ သိရတယ္။

ျဗိတိန္ေဒသတြင္းမွာ အားကစားနယ္ပယ္တစ္ခုက ဗီဒီယိုတစ္ခုဟာ ဂီတနဲ႔ အျခားေသာ ေဖ်ာ္ေျဖေရးနယ္ပယ္က ဗီဒီယိုေတြကို ေက်ာ္လြန္ျပီး လူၾကည့္အမ်ားဆံုး ျဖစ္ခဲ့တာက မယံုႏုိင္စရာ ျဖစ္ရပ္လည္းျဖစ္တယ္။ ဒါ့အျပင္ ဒီႏွစ္မွာေတာ့ စကိုင္းစေပါ့ ဟိုက္လိုက္ဆိုင္ရာ တည္းျဖတ္မငေတြကလည္း လူၾကိဳက္မ်ားတဲ့ ဗီဒီယိုုေတြ ျဖစ္လာခဲ့ပါတယ္။

ဥေရာပဆိုင္ရာ YouTube trending အၾကီးအကဲ Roya Zeitoune က ဒီႏွစ္မွာ ထိပ္ဆံုးေနရာေရာက္တဲ့ ဗီဒီယိုေတြက အမ်ိဳးအစား စံုလင္လာခဲ့ျပီး ယူက်ဴ႕ဗီဒီယို ဖန္တီးသူေတြက ရိႈးေတြ၊ ဂီတဆိုင္ရာ ဗီဒီယိုေတြအျပင္ အားကစားဆုိင္ရာ ဗီဒီယိုေတြကိုလည္း ၾကိဳက္ႏွစ္သက္လာၾကတယ္လုိ႔ သတင္းထုတ္ျပန္သြားခဲ့ပါတယ္။