တိုက်စစ်သမား မာနေးဟာ လီဗာပူးရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေပြီး နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ကိုယ်တိုင် ၁ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု နှစ်ကြိမ်လည်း လုပ်နိုင်ခဲ့ပါတယ်။

အဲဗာတန်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် မာနေးဟာ သူ စတုတ္ထနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ဘလွန်းဒီအော့ဆုအတွက် ဆုပေးပွဲကိုတောင် မတက်နိုင်ခဲ့ပဲ ဂုဏ်ပြုစကားကိုပဲ ဗီဒီယိုနဲ့ ပေးပို့ခဲ့တာဖြစ်တယ်။ အဆိုပါ ဗီဒီယိုမှာတော့ နောက်ရာသီ ဘလွန်းဒီအော့ကို စိန်ခေါ်နိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး အဆိုဆုကို တစ်နှစ်တာ အကောင်းဆုံး ထိန်းသိမ်းပေးထားဖို့ တောင်းဆိုစကားလည်း ပါဝင်ခ့တာဖြစ်ပါတယ်။

ဘလွန်းဒီအော့ဆုအတွက် မက်ဆီနဲ့ ဗန်ဒိုက်က အဓိက ယှဉ်ပြိုင်ခဲ့တာဖြစ်ပေမယ့်လည်း မာနေးက တောက်ပတဲ့ ခြေစွမ်းတွေ ပြသနိုင်ခဲ့တာကြောင့် သူတို့နှစ်ဦးရဲ့နောက်မှာ ရပ်တည်နိုင်ခဲ့သင့်တယ်လို့ ယူဆမှုတွေ ရှိနေတာဖြစ်တယ်။ တတိယနေရာမှာတော့ မက်ဆီရဲ့ ပြိုင်ဘက်ဟောင်း ရော်နယ်ဒို ရှိနေခဲ့ပေမယ့် မက်ဆီက မာနေးဟာ စတုတ္ထနေရာမှာ ရှိနေသင့်သူမဟုတ်ပဲ ပိုကောင်းတဲ့အဆင့်ကို ရခဲ့သင့်တယ်လို့ အရိပ်အမြွက် ပြောခဲ့တာဖြစ်ပါတယ်။

မက်ဆီက ‘ ဘလွန်းဒီအော့မှာ မာနေး စတုတ္ထနေရာမှာပဲ ရပ်တည်နိုင်ခဲ့တာက တကယ်ကို စိတ်ပျက်စရာပါပဲ။ ဒီနှစ်မှာ ကစားသမားကောင်းတွေ အများကြီး ရှိခဲ့တာကြောင့် ရွေးချယ်ဖို့ ခက်ခဲခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် ကျနော်က ကမ္ဘာအကောင်းဆုံး ဆုအတွက် မာနေးကို ရွေးချယ်ခဲ့တာဖြစ်တယ်။ သူက အကောင်းဆုံး ကစားသမားလို့ ကျနော် ထင်တာကြောင့်ပါ။

မာနေးက အရမ်းကောင်းတဲ့ နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အဲ့တာက လီဗာပူးတစ်သင်းလုံးအတွက် အံ့မခန်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့ကို ကျနော် ရွေးချယ်ခဲ့တာပါ။ ကျနော် ထပ်ပြောရရင် ဒီနှစ်မှာ ကစားသမားကောင်းတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါကြောင့် ရွေးချယ်ရတာ ခက်ခဲလွန်းလှပါတယ် ‘ လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မာနေးဟာ ကမ္ဘာအကောင်းဆုံး ကစားသမား ၅ ဦးထဲမှာတော့ အသင်းဖော် ဗန်ဒိုက်၊ ဆာလက်တို့နဲ့အတူ ပါဝင်လာခဲ့ပြီဖြစ်တယ်။ သူဟာ လာမယ့်ရာသီမှာ မက်ဆီကို ယှဉ်ပြိုင်ပြီး ဘလွန်းဒီအော့ဆုကို အရယူဖို့ စိတ်ပိုင်းဖြတ်ထားသူဖြစ်ကာ အဲ့သည်အတွက် လီဗာပူးမှာ အကောင်းဆုံး ကြိုးစားနေပြီဖြစ်ပါတယ်။

ZAWGYI

တိုက္စစ္သမား မာေနးဟာ လီဗာပူးရဲ႕ အဓိက ကစားသမားအျဖစ္ ေျခစြမ္းျပေနျပီး ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ပရီးမီးယားလိဂ္ပြဲမွာလည္း ကိုယ္တိုင္ ၁ ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈ ႏွစ္ၾကိမ္လည္း လုပ္ႏုိင္ခဲ့ပါတယ္။

အဲဗာတန္ပြဲမွာ ပါဝင္ႏုိင္ဖို႔အတြက္ မာေနးဟာ သူ စတုတၳေနရာမွာ ရပ္တည္ႏုိင္ခဲ့တဲ့ ဘလြန္းဒီေအာ့ဆုအတြက္ ဆုေပးပြဲကိုေတာင္ မတက္ႏုိင္ခဲ့ပဲ ဂုဏ္ျပဳစကားကိုပဲ ဗီဒီယိုနဲ႔ ေပးပို႔ခဲ့တာျဖစ္တယ္။ အဆိုပါ ဗီဒီယိုမွာေတာ့ ေနာက္ရာသီ ဘလြန္းဒီေအာ့ကို စိန္ေခၚႏုိင္ဖို႔ ၾကိဳးစားမွာျဖစ္ျပီး အဆိုဆုကို တစ္ႏွစ္တာ အေကာင္းဆံုး ထိန္းသိမ္းေပးထားဖို႔ ေတာင္းဆိုစကားလည္း ပါဝင္ခ့ဲတာျဖစ္ပါတယ္။

ဘလြန္းဒီေအာ့ဆုအတြက္ မက္ဆီနဲ႔ ဗန္ဒိုက္က အဓိက ယွဥ္ျပိဳင္ခဲ့တာျဖစ္ေပမယ့္လည္း မာေနးက ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသႏုိင္ခဲ့တာေၾကာင့္ သူတို႔ႏွစ္ဦးရဲ႕ေနာက္မွာ ရပ္တည္ႏုိင္ခဲ့သင့္တယ္လို႔ ယူဆမႈေတြ ရွိေနတာျဖစ္တယ္။ တတိယေနရာမွာေတာ့ မက္ဆီရဲ႕ ျပိဳင္ဘက္ေဟာင္း ေရာ္နယ္ဒို ရွိေနခဲ့ေပမယ့္ မက္ဆီက မာေနးဟာ စတုတၳေနရာမွာ ရွိေနသင့္သူမဟုတ္ပဲ ပိုေကာင္းတဲ့အဆင့္ကို ရခဲ့သင့္တယ္လို႔ အရိပ္အျမြက္ ေျပာခဲ့တာျဖစ္ပါတယ္။

မက္ဆီက ‘ ဘလြန္းဒီေအာ့မွာ မာေနး စတုတၳေနရာမွာပဲ ရပ္တည္ႏုိင္ခဲ့တာက တကယ္ကို စိတ္ပ်က္စရာပါပဲ။ ဒီႏွစ္မွာ ကစားသမားေကာင္းေတြ အမ်ားၾကီး ရွိခဲ့တာေၾကာင့္ ေရြးခ်ယ္ဖို႔ ခက္ခဲခဲ့တယ္လို႔ က်ေနာ္ ထင္ပါတယ္။ ဒါေပမယ့္ က်ေနာ္က ကမၻာအေကာင္းဆံုး ဆုအတြက္ မာေနးကို ေရြးခ်ယ္ခဲ့တာျဖစ္တယ္။ သူက အေကာင္းဆံုး ကစားသမားလုိ႔ က်ေနာ္ ထင္တာေၾကာင့္ပါ။

မာေနးက အရမ္းေကာင္းတဲ့ ႏွစ္တစ္ႏွစ္ကို ပိုင္ဆိုင္ခဲ့တာျဖစ္ျပီး အဲ့တာက လီဗာပူးတစ္သင္းလံုးအတြက္ အံ့မခန္းျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူ႔ကို က်ေနာ္ ေရြးခ်ယ္ခဲ့တာပါ။ က်ေနာ္ ထပ္ေျပာရရင္ ဒီႏွစ္မွာ ကစားသမားေကာင္းေတြ အမ်ားၾကီး ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ေရြးခ်ယ္ရတာ ခက္ခဲလြန္းလွပါတယ္ ‘ လို႔ ေျပာဆိုခဲ့့တာျဖစ္ပါတယ္။

မာေနးဟာ ကမၻာအေကာင္းဆံုး ကစားသမား ၅ ဦးထဲမွာေတာ့ အသင္းေဖာ္ ဗန္ဒိုက္၊ ဆာလက္တို႔နဲ႔အတူ ပါဝင္လာခဲ့ျပီျဖစ္တယ္။ သူဟာ လာမယ့္ရာသီမွာ မက္ဆီကို ယွဥ္ျပိဳင္ျပီး ဘလြန္းဒီေအာ့ဆုကို အရယူဖို႔ စိတ္ပိုင္းျဖတ္ထားသူျဖစ္ကာ အဲ့သည္အတြက္ လီဗာပူးမွာ အေကာင္းဆံုး ၾကိဳးစားေနျပီျဖစ္ပါတယ္။