ရီးရဲလ်မက်ဒရစ်မန်နေဂျာ ဇီဒန်းက ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့ အလိုရှိနေပေမယ့် ဘာနေဗျူးကလပ်အသင်း ဥက္ကဌ ပီရက်ဇ်က ကစားသမားအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး မပေးပဲ ဈေးပေါပေါနဲ့ရဖို့ကို အလိုရှိနေတယ်လို့ သိရပါတယ်။

ကမ္ဘာဖလားချန်ပီယံ ပြင်သစ်အသင်းသားကို ဇီဒန်က အလိုရှိနေပြီး ပီရက်ဇ်က အသက် ၂၆ နှစ်အရွယ် ကစားသမားကို ယူနိုက်တက်ဘက်က ဈေးဖွင့်ပေမယ့် ပေါင် ၁၃၀ သန်းကို ပေးဖို့ထက်စာရင် ပေါင် ၅၀ သန်းလောက်နဲ့ပဲ ခေါ်ယူလိုနေတယ်လို့ ဒေးလီးမေးက ဖော်ပြခဲ့တာဖြစ်တယ်။ ပေါ့ဘာဟာ ယူနိုက်တက်နဲ့ ၂၀၂၁ ခုနှစ်ထိ စာချုပ်ရှိနေတာဖြစ်ပြီး သက်တမ်းတိုးဖို့ဆိုင်ရာ ကိစ္စတွေ လုပ်ဆောင်နေတာတွေ ရှိပါတယ်။

ပေါ့ဘာနဲ့ ဇီဒန်းတို့ဟာ အောက်တိုဘာလတုန်းက ဒူဘိုင်းမှာ တွေ့ဆုံခဲ့ကြပြီး စကားပြောဆိုမှုတွေ လုပ်ခဲ့တဲ့ ပုံရိပ်တွေကို မာကာသတင်းစာရဲ့ ဖော်ထုတ်မှုအရ ထွက်ပေါ်ထားခဲ့သေးတယ်။ ဒဏ်ရာပြဿနာကြောင့် ကြံ့ခိုင်မှု ရုန်းကန်နေရတဲ့ ပေါ့ဘာဟာ အခုချိန်ထိ ပြန်မကစားနိုင်ပဲ ကွင်းထဲကို ပြန်လည်ခြေချနိုင်ဖိုဖ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက် ကြိုးစားနေဆဲဖြစ်ပါတယ်။

ဇီဒန်းက ပေါ့ဘာကို ခေါ်ယူရေးကို ဦးစားပေးအဖြစ် သက်မှတ်ထားပြီး မက်ဒရစ်ဘုတ်အဖွဲ့ကတော့ ပြောင်းရွှေ့ကြေးကို ဈေးချနိုင်ဖို့ မျှော်လင့်ထားတာဖြစ်တယ်။ စပိန်သတင်းဌာနဖြစ်တဲ့ မာကာဘက်ကတော့ အပြောင်းအရွှေ့ဟာ ပေါင် သန်း ၁၀၀ ဝန်းကျင်ဆိုရင် တရားဝင် ဖြစ်မြောက်နိုင်တယ်လို့ ခန့်မှန်းပေမယ့် ယူနိုက်တက်ဘက်ကတော့ ပေါ့ဘာကို လုံးဝ ရောင်းထုတ်မှာ မဟုတ်ဘူးလို့ ငြင်းဆန်ပါတယ်။

စက်တင်ဘာအကုန်ပိုင်းမှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားပြီး သရေကျတဲ့ပွဲနောက်ပိုင်း ခြေထောက်ဒဏ်ရာရနေတဲ့ ပေါ့ဘာဟာ ဒီရာသီ ယူနိုက်တက်အတွက် ၆ ပွဲပဲ ကစားထားနိုင်ပါတယ်။ ဒီကြားတွေထဲမှာတော့ ပေါ့ဘာဟာ ယူနိုက်တက်အတွက် လုံးဝ ကစားပေးတော့မှာ မဟုတ်ပဲ ဇန်နဝါရီမှာ အသင်းပြောင်းတဲ့အခါ ဒဏ်ရာကင်းစေနေဖို့ ရည်ရွယ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ထားပြီး ဆောင်းရာသီဈေးကွက် ဖွင့်ချိန်မှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

ZAWGYI

ရီးရဲလ္မက္ဒရစ္မန္ေနဂ်ာ ဇီဒန္းက ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဘာကို ေခၚယူဖို႔ အလိုရွိေနေပမယ့္ ဘာေနဗ်ဴးကလပ္အသင္း ဥကၠဌ ပီရက္ဇ္က ကစားသမားအတြက္ ျမင့့္မားတဲ့ ေျပာင္းေရႊ႔ေၾကး မေပးပဲ ေစ်းေပါေပါနဲ႔ရဖို႔ကို အလိုရွိေနတယ္လို႔ သိရပါတယ္။

ကမၻာဖလားခ်န္ပီယံ ျပင္သစ္အသင္းသားကို ဇီဒန္က အလိုရွိေနျပီး ပီရက္ဇ္က အသက္ ၂၆ ႏွစ္အရြယ္ ကစားသမားကို ယူႏုိက္တက္ဘက္က ေစ်းဖြင့္ေပမယ့္ ေပါင္ ၁၃၀ သန္းကို ေပးဖို႔ထက္စာရင္ ေပါင္ ၅၀ သန္းေလာက္နဲ႔ပဲ ေခၚယူလိုေနတယ္လုိ႔ ေဒးလီးေမးက ေဖာ္ျပခဲ့တာျဖစ္တယ္။ ေပါ့ဘာဟာ ယူႏုိက္တက္နဲ႔ ၂၀၂၁ ခုႏွစ္ထိ စာခ်ဳပ္ရွိေနတာျဖစ္ျပီး သက္တမ္းတိုးဖို႔ဆုိင္ရာ ကိစၥေတြ လုပ္ေဆာင္ေနတာေတြ ရွိပါတယ္။

ေပါ့ဘာနဲ႔ ဇီဒန္းတို႔ဟာ ေအာက္တိုဘာလတုန္းက ဒူဘိုင္းမွာ ေတြ႔ဆံုခဲ့ၾကျပီး စကားေျပာဆိုမႈေတြ လုပ္ခဲ့တဲ့ ပံုရိပ္ေတြကို မာကာသတင္းစာရဲ႕ ေဖာ္ထုတ္မႈအရ ထြက္ေပၚထားခဲ့ေသးတယ္။ ဒဏ္ရာျပႆနာေၾကာင့္ ၾကံ႕ခိုင္မႈ ရုန္းကန္ေနရတဲ့ ေပါ့ဘာဟာ အခုခ်ိန္ထိ ျပန္မကစားႏုိင္ပဲ ကြင္းထဲကို ျပန္လည္ေျခခ်ႏုိင္ဖိုဖ႔ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္ေတြအတြက္ ၾကိဳးစားေနဆဲျဖစ္ပါတယ္။

ဇီဒန္းက ေပါ့ဘာကို ေခၚယူေရးကို ဦးစားေပးအျဖစ္ သက္မွတ္ထားျပီး မက္ဒရစ္ဘုတ္အဖြဲ႔ကေတာ့ ေျပာင္းေရႊ႔ေၾကးကို ေစ်းခ်ႏုိင္ဖို႔ ေမွ်ာ္လင့္ထားတာျဖစ္တယ္။ စပိန္သတင္းဌာနျဖစ္တဲ့ မာကာဘက္ကေတာ့ အေျပာင္းအေရႊ႔ဟာ ေပါင္ သန္း ၁၀၀ ဝန္းက်င္ဆိုရင္ တရားဝင္ ျဖစ္ေျမာက္ႏုိင္တယ္လုိ႔ ခန္႔မွန္းေပမယ့္ ယူႏုိက္တက္ဘက္ကေတာ့ ေပါ့ဘာကို လံုးဝ ေရာင္းထုတ္မွာ မဟုတ္ဘူးလို႔ ျငင္းဆန္ပါတယ္။

စက္တင္ဘာအကုန္ပိုင္းမွာ အာဆင္နယ္နဲ႔ ယွဥ္ျပိဳင္ကစားျပီး သေရက်တဲ့ပြဲေနာက္ပိုင္း ေျခေထာက္ဒဏ္ရာရေနတဲ့ ေပါ့ဘာဟာ ဒီရာသီ ယူႏုိက္တက္အတြက္ ၆ ပြဲပဲ ကစားထားႏုိင္ပါတယ္။ ဒီၾကားေတြထဲမွာေတာ့ ေပါ့ဘာဟာ ယူႏုိက္တက္အတြက္ လံုးဝ ကစားေပးေတာ့မွာ မဟုတ္ပဲ ဇန္နဝါရီမွာ အသင္းေျပာင္းတဲ့အခါ ဒဏ္ရာကင္းေစေနဖို႔ ရည္ရြယ္တယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚထားျပီး ေဆာင္းရာသီေစ်းကြက္ ဖြင့္ခ်ိန္မွာ ဘာေတြျဖစ္လာမလဲ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။