အာဆင်နယ် ယာယီမန်နေဂျာ ယွန်းဘတ်ဟာ သူ့လက်ထက် ပထမဆုံးသော အိမ်ကွင်းပွဲအဖြစ် ဒီကနေ့ညမှာ ဘရိုက်တန်နဲ့ အမှတ်ပေးပွဲ ယှဉ်ပြိုင်ကစားမှုကို တာဝန်ယူသွားမှာဖြစ်ပါတယ်။

အာဆင်နယ်အစွန်လူ ဘယ်လာရင် တံကောက်ကြော ဒဏ်ရာကနေ ပြန်သက်သာလာပေမယ့် ဒီပွဲမှာလည်း သူ့ကို ပွဲမထုတ်သေးပဲ ချမ်ဘာကိုပဲ ပွဲထုတ်ဖွယ်ရှိကာ ခံစစ်မှာတော့ တီရာနေးနဲ့ ဟိုးဒင်းတို့က ဝါရင့်ခံစစ်သမား လူးစ်နဲ့အတူ ပွဲထွက်လာမယ်လို့ မျှော်လင့်ထားရတာဖြစ်တယ်။ အာဆင်နယ်ဟာ ခံစစ်ပြဿနာတွေ ရှိနေပေမယ့် အပြောင်းအလဲကြီးတွေ လုပ်ဖို့ကလည်း လူစာရင်းမှာ ရွေးချယ်စရာ မရှိတာကြောင့် အရမ်းကြီး အသွင်ကွဲမှုတွေကို မြင်တွေ့ရဖွယ်တော့ မရှိသေးပါဘူး။

ကွင်းလယ်မှာတော့ နော်ဝစ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ တော်ရဲရားကို ရှာခါနဲ့ တွဲဘက်ပေးကာ တိုက်စစ်ကို ထောက်ပံ့ပို့ အိုဇေးကို အသုံးပြုဖွယ်ရှိပါတယ်။ အာဆင်နယ်ကွင်းလယ်ဟာ ခံစစ်လိုပဲ မေးခွန်းထုတ်ခံနေရတဲ့ နေရာဖြစ်ပြီး ယိုပေါက်တွေ များပြားနေတာပါ။ ကွင်းလယ်အထိုင် မတည်ငြိမ်ခြင်းက အာဆင်နယ်ကို ပြဿနာကြီးတွေ ပေးနေခဲ့ပြီး ယွန်းဘတ်အနေနဲ့ တော်ရဲရားကို ပွဲထုတ်ဖို့ အချိန်တန်နေပြီဖြစ်တယ်။

တိုက်စစ်မှာတော့ ပီပီကို အချိန်ပေးဦးမယ့် ယွန်းဘတ်က လူငယ်လေး မာတစ်နယ်လီကို အူဘာမီယန်၊ လာကာဇက်တီတို့နဲ့ တွဲဘက်မယ်လို့ သတင်းတွေ ထွက်ထားတာဖြစ်တယ်။ ဘရာဇီးတိုက်စစ်သမားလေးဟာ တောင်ပံမှာလည်း ထွက်ကစားနိုင်တာဖြစ်ပြီး သူ့ရဲ့ အရည်အချင်းတွေကို ပြသဖို့ အဆင်သင့်ဖြစ်နေမယ်လို့ ယူဆရပါတယ်။

ကွင်းလယ်လူ ဂွမ်ဒေါင်ဇီနဲ့ တိုက်စစ်သမား ပီပီတို့ အရန်စာရင်းကနေ ဆက်လက် ပါဝင်နိုင်ပေမယ့် ဆီဘယ်လော့ကတော့ ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာကြောင့် ဒီကနေ့ပွဲကို လွဲချော်ဦးမှာဖြစ်တယ်။ အာဆင်နယ်ဟာ ၈ ပွဲဆက် နိုင်ပွဲပျောက်မှုကို ရင်ဆိုင်နေရပြီး ဒီကနေ့ပွဲမှာ ဘယ်လို အပြောင်းအလဲတွေကိုပဲ ပြုလုပ်သည်ဖြစ်စေ ယွန်းဘတ်အနေနဲ့ အနိုင်ရလဒ်ကို ရယူပေးမယ့် လူစာရင်းကို စဉ်းစား ထုတ်သုံးဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။

Predicted Arsenal lineup (4-2-3-1): Leno; Chambers, Holding, Luiz, Tierney; Torreira, Xhaka; Aubameyang, Ozil, Martinelli; Lacazette.

ZAWGYI

အာဆင္နယ္ ယာယီမန္ေနဂ်ာ ယြန္းဘတ္ဟာ သူ႔လက္ထက္ ပထမဆံုးေသာ အိမ္ကြင္းပြဲအျဖစ္ ဒီကေန႔ညမွာ ဘရိုက္တန္နဲ႔ အမွတ္ေပးပြဲ ယွဥ္ျပိဳင္ကစားမႈကို တာဝန္ယူသြားမွာျဖစ္ပါတယ္။

အာဆင္နယ္အစြန္လူ ဘယ္လာရင္ တံေကာက္ေၾကာ ဒဏ္ရာကေန ျပန္သက္သာလာေပမယ့္ ဒီပြဲမွာလည္း သူ႔ကို ပြဲမထုတ္ေသးပဲ ခ်မ္ဘာကိုပဲ ပြဲထုတ္ဖြယ္ရွိကာ ခံစစ္မွာေတာ့ တီရာေနးနဲ႔ ဟိုးဒင္းတို႔က ဝါရင့္ခံစစ္သမား လူးစ္နဲ႔အတူ ပြဲထြက္လာမယ္လုိ႔ ေမွ်ာ္လင့္ထားရတာျဖစ္တယ္။ အာဆင္နယ္ဟာ ခံစစ္ျပႆနာေတြ ရွိေနေပမယ့္ အေျပာင္းအလဲၾကီးေတြ လုပ္ဖို႔ကလည္း လူစာရင္းမွာ ေရြးခ်ယ္စရာ မရွိတာေၾကာင့္ အရမ္းၾကီး အသြင္ကြဲမႈေတြကို ျမင္ေတြ႔ရဖြယ္ေတာ့ မရွိေသးပါဘူး။

ကြင္းလယ္မွာေတာ့ ေနာ္ဝစ္နဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ ေတာ္ရဲရားကို ရွာခါနဲ႔ တြဲဘက္ေပးကာ တိုက္စစ္ကို ေထာက္ပံ့ပို႔ အိုေဇးကို အသံုးျပဳဖြယ္ရွိပါတယ္။ အာဆင္နယ္ကြင္းလယ္ဟာ ခံစစ္လိုပဲ ေမးခြန္းထုတ္ခံေနရတဲ့ ေနရာျဖစ္ျပီး ယိုေပါက္ေတြ မ်ားျပားေနတာပါ။ ကြင္းလယ္အထုိင္ မတည္ျငိမ္ျခင္းက အာဆင္နယ္ကို ျပႆနာၾကီးေတြ ေပးေနခဲ့ျပီး ယြန္းဘတ္အေနနဲ႔ ေတာ္ရဲရားကို ပြဲထုတ္ဖို႔ အခ်ိန္တန္ေနျပီျဖစ္တယ္။

တိုက္စစ္မွာေတာ့ ပီပီကို အခ်ိန္ေပးဦးမယ့္ ယြန္းဘတ္က လူငယ္ေလး မာတစ္နယ္လီကို အူဘာမီယန္၊ လာကာဇက္တီတို႔နဲ႔ တြဲဘက္မယ္လို႔ သတင္းေတြ ထြက္ထားတာျဖစ္တယ္။ ဘရာဇီးတိုက္စစ္သမားေလးဟာ ေတာင္ပံမွာလည္း ထြက္ကစားႏုိင္တာျဖစ္ျပီး သူ႔ရဲ႕ အရည္အခ်င္းေတြကို ျပသဖို႔ အဆင္သင့္ျဖစ္ေနမယ္လို႔ ယူဆရပါတယ္။

ကြင္းလယ္လူ ဂြမ္ေဒါင္ဇီနဲ႔ တိုက္စစ္သမား ပီပီတုိ႔ အရန္စာရင္းကေန ဆက္လက္ ပါဝင္ႏုိင္ေပမယ့္ ဆီဘယ္ေလာ့ကေတာ့ ၾကံ႕ခိုင္မႈဆိုင္ရာ ျပႆနာေၾကာင့့္ ဒီကေန႔ပြဲကို လြဲေခ်ာ္ဦးမွာျဖစ္တယ္။ အာဆင္နယ္ဟာ ၈ ပြဲဆက္ ႏုိင္ပြဲေပ်ာက္မႈကို ရင္ဆိုင္ေနရျပီး ဒီကေန႔ပြဲမွာ ဘယ္လို အေျပာင္းအလဲေတြကိုပဲ ျပဳလုပ္သည္ျဖစ္ေစ ယြန္းဘတ္အေနနဲ႔ အႏုိင္ရလဒ္ကို ရယူေပးမယ့္ လူစာရင္းကို စဥ္းစား ထုတ္သံုးဖို႔ေတာ့ လိုအပ္မွာ ျဖစ္ပါတယ္။

Predicted Arsenal lineup (4-2-3-1): Leno; Chambers, Holding, Luiz, Tierney; Torreira, Xhaka; Aubameyang, Ozil, Martinelli; Lacazette.​