မာဆေးဆိုဒ်ဒါဘီပွဲမှာ လီဗာပူးကို အဆိုးရွားဆုံး ရလဒ်အဖြစ် ၅-၂ နဲ့ အရေးနိမ့်ပြီး တန်းဆင်းဇုန်ဖြစ်တဲ့ အဆင့် ၁၈ နေရာကို ရောက်သွားခဲ့တဲ့နောက် အဲဗာတန်မန်နျော မားကိုစ်ဆေးဗားဟာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပါတယ်။ လီဗာပူးကို အရေးနိမ့်မှုက မာကိုစ့်အပေါ် အဲဗာတန်ရဲ့ ယုံကြည်မှု လျော့နည်းခဲ့တာဖြစ်တယ်။

အဲဗာတန်အသင်းဘက်က အတည်ပြုခဲ့သလို ကြာသပတေးနေ့ ညနေခင်းပိုင်းမှာပဲ မားကိုစ့်ဆေးဗားနဲ့ နည်းပြအဖွဲ့ဝင်တွေကို အဲဗာတန်အသင်းပိုင်ရှင် မိုရှီရီ၊ အဲဗာတန်ဥက္ကဌ ဘေလ်းကန်ရိုက်တို့က လေ့ကျင့်ရေးကွင်းမှာ စကားပြောဆိုမှုတွေ ရှည်လျားစွာ လုပ်ခဲ့ပြီး ရာထူးကနေ ထုတ်ပယ်လိုက်တာလို့ သိရပါတယ်။

အဲဗာတန်အသင်းကိုတော့ ပထမအသင်းနည်းပြ ဒွန်ကန့်ဖာဂူဆန်က ယာယီကိုင်တွယ်မှာဖြစ်ပြီး လာမယ့် ချယ်ဆီးနဲ့ပွဲကို ရင်ဆိုင်ကစားမယ်လို့ သိထားရတယ်။ အဲဗာတန်ဘက်ကတော့ ယာယီမန်နေဂျာသစ်ဟာ ကလပ်အသင်းကို ဖြစ်နိုင်သလောက် အပြောင်းအလဲတွေ ယူဆောင်ပေးလာနိုင်ဖို့ ကြိုးစားလုပ်ဆောင်မယ်လို့ ကြေညာခဲ့တာဖြစ်တယ်။

အဲဗာတန်ဟာ လီဗာပူးအသင်းရဲ့ မြို့ခံပြိုင်ဘက်ဖြစ်ပြီး မနှစ်တုန်းက အသုံးစရိတ်ကြီးတွေ သုံးထားသလို နွေတုန်းကလည်း ပေါင် ၁၂၀ သန်းထိ အသုံးပြုထားတာဖြစ်တယ်။ လီဗာပူးမြို့က ပြိုင်ဘက်တွေကြားမှာ အဲဗာတန်က လီဗာပူးပရိသတ်တွေကို ဒီနှစ်တော့ ဒုက္ခပေးဖို့ လူစာရင်းရှိပြီလို့ ကြွေးကြော်ထားပေမယ့် တကယ်တမ်း ဒုက္ခများနေတာက အဲဗာတန်အသင်းဖြစ်ခဲ့တယ်။

၂၀၁၈ မေလမှာ အဲဗာတန်ကို ကိုင်တွယ်ဖို့ ရောက်ခဲ့တဲ့ မားကိုစ့်ဆေးဗားဟာ ယာဂင်ကလော့ပ်ရဲ့ ပြိင်ဘက် ဖြစ်မလာခဲ့ပဲ မနှစ်တုန်းကလည်း အဆင့် ၈ နေရာမှာပဲ ရာသီသိမ်းခဲ့တယ်။ ဒီရာသီ ကြီး ၆ ကြီးကိုဝင်ဖို့ ရည်မှန်းနေပေမယ့် လီဗာပူးကို အရေးနိမ့်တာကြောင့် ပရီးမီးယားလိဂ် ၁၅ ပွဲ ကစားထားချိန်မှာ တန်းဆင်းဇုန်ထဲပါ ဝင်သွားခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ZAWGYI

မာေဆးဆိုဒ္ဒါဘီပြဲမွာ လီဗာပူးကို အဆိုးရြားဆံုး ရလဒ္အျဖစ္ ၅-၂ နဲ႔ အေရးနိမ့္ျပီး တန္းဆင္းဇုန္ျဖစ္တဲ့ အဆင့္ ၁၈ ေနရာကို ေရာက္သြားခဲ့တဲ့ေနာက္ အဲဗာတန္မန္ေန်ာ မားကိုစ္ေဆးဗားဟာ ရာထူးကေန ထုတ္ပယ္ခံလိုက္ရျပီျဖစ္ပါတယ္။ လီဗာပူးကို အေရးနိမ့့္မႈက မာကိုစ့္အေပၚ အဲဗာတန္ရဲ႕ ယံုၾကည္မႈ ေလ်ာ့နည္းခဲ့တာျဖစ္တယ္။

အဲဗာတန္အသင္းဘက္က အတည္ျပဳခဲ့သလို ၾကာသပေတးေန႔ ညေနခင္းပိုင္းမွာပဲ မားကိုစ့့္ေဆးဗားနဲ႔ နည္းျပအဖြဲ႔ဝင္ေတြကို အဲဗာတန္အသင္းပိုင္ရွင္ မိုရွီရီ၊ အဲဗာတန္ဥကၠဌ ေဘလ္းကန္ရိုက္တို႔က ေလ့က်င့္ေရးကြင္းမွာ စကားေျပာဆိုမႈေတြ ရွည္လ်ားစြာ လုပ္ခဲ့ျပီး ရာထူးကေန ထုတ္ပယ္လိုက္တာလို႔ သိရပါတယ္။

အဲဗာတန္အသင္းကိုေတာ့ ပထမအသင္းနည္းျပ ဒြန္ကန္႔ဖာဂူဆန္က ယာယီကိုင္တြယ္မွာျဖစ္ျပီး လာမယ့္ ခ်ယ္ဆီးနဲ႔ပြဲကို ရင္ဆုိုင္ကစားမယ္လို႔ သိထားရတယ္။ အဲဗာတန္ဘက္ကေတာ့ ယာယီမန္ေနဂ်ာသစ္ဟာ ကလပ္အသင္းကို ျဖစ္ႏုိင္သေလာက္ အေျပာင္းအလဲေတြ ယူေဆာင္ေပးလာႏုိင္ဖို႔ ၾကိဳးစားလုပ္ေဆာင္မယ္လို႔ ေၾကညာခ့ဲတာျဖစ္တယ္။

အဲဗာတန္ဟာ လီဗာပူးအသင္းရဲ႕ ျမိဳ႕ခံျပိဳင္ဘက္ျဖစ္ျပီး မႏွစ္တုန္းက အသံုးစရိတ္ၾကီးေတြ သံုးထားသလို ေႏြတုန္းကလည္း ေပါင္ ၁၂၀ သန္းထိ အသံုးျပဳထားတာျဖစ္တယ္။ လီဗာပူးျမိဳ႕က ျပိဳင္ဘက္ေတြၾကားမွာ အဲဗာတန္က လီဗာပူးပရိသတ္ေတြကို ဒီႏွစ္ေတာ့ ဒုကၡေပးဖို႔ လူစာရင္းရွိျပီလို႔ ေၾကြးေၾကာ္ထားေပမယ့္ တကယ္တမ္း ဒုကၡမ်ားေနတာက အဲဗာတန္အသင္းျဖစ္ခဲ့တယ္။

၂၀၁၈ ေမလမွာ အဲဗာတန္ကို ကိုင္တြယ္ဖို႔ ေရာက္ခဲ့တဲ့ မားကိုစ့္ေဆးဗားဟာ ယာဂင္ကေလာ့ပ္ရဲ႕ ျပိင္ဘက္ ျဖစ္မလာခဲ့ပဲ မႏွစ္တုန္းကလည္း အဆင့္ ၈ ေနရာမွာပဲ ရာသီသိမ္းခဲ့တယ္။ ဒီရာသီ ၾကီး ၆ ၾကီးကိုဝင္ဖို႔ ရည္မွန္းေနေပမယ့္ လီဗာပူးကို အေရးနိမ့္တာေၾကာင့္ ပရီးမီးယားလိဂ္ ၁၅ ပြဲ ကစားထားခ်ိန္မွာ တန္းဆင္းဇုန္ထဲပါ ဝင္သြားခဲ့တာေၾကာင့္ ရာထူးကေန ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။