မန်စီးတီးကစားသမား ရာဟင်းစတားလင်းဟာ ဘောလုံးကလောင်ရှင်များ အစည်းအရုံး (FWA) က ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသွားပါတယ်။ ၄င်းက ပီအက်ဖ်အေက ချီးမြှင့်တဲ့ အကောင်းဆုံး လူငယ်ကစားသမား ဆုလည်း ရရှိထားပါတယ်။

မန်စီးတီး ခံစစ်မှူး အော်တာမန်ဒီကို ၀ုဗ်နဲ့ ၀က်စ်ဟမ်း အသင်းတို့ကို လိုက်လံချိတ်ဆက်နေပြီး ပုံမှန် ပွဲ ကစားချိန် ရဖို့ ရှာဖွေလိုနေတဲ့ ခံစစ်မှူးကလည်း လာမယ့်နွေမှာ အသင်းပြောင်းလိုနေပါတယ်။

မန်စီးတီးနဲ့ ၀က်ဖို့ဒ်တို့ ယှဉ်ပြိုင်မယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်ကို ဒိုင်လူကြီး ကီဗင်ဖရန့် ကိုင်တွယ်မယ်လို့ ကြေငြာထားပါတယ်။ ဗိုလ်လုပွဲကို ၀င်ဘာလေမှာ မေလ ၁၈ ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြမှာပါ။

စပါးနည်းပြ ပိုချက်တီနိုက ဂွာဒီယိုလာကို အနိုင်ယူဖို့ တရားသေ နည်းလမ်းမျိုး မရှိဘဲ အကြောင်းအရာ ကိစ္စရပ်တွေ အများကြီး ပြင်ဆင် ရတယ်လို့ ဆိုပါတယ်။ နည်းဗျူဟာပိုင်း အသာစီးရဖို့ ချဉ်းကပ်ရတာထက် အသင်း အရည်အသွေးပိုင်းရော၊ ကြုံတွေ့လာတဲ့ အခြေအနေတွေ ပေါ်မှာ ဖြေရှင်းကိုင်တွယ်နိုင်စွမ်း၊ နေရာယူနိုင်စွမ်းနဲ့ ကံကောင်းမှု တချို့လည်း လိုအပ်ကြောင်း ၄င်းက ပြောခဲ့ပါတယ်။

အင်္ဂလန်နဲ့ မန်စီးတီး ဂိုးသမားဟောင်း၊ လက်ရှိ ဘန်လေ ဂိုးသမား ဂျိုးဟက်က လာမယ့်နွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ အသင်းကနေ ထွက်ခွာရန် ပြင်ဆင်နေပြီး ၄င်းကို ပြင်သစ်ဘက်က ကလပ်အသင်းများက စိတ်ဝင်စားနောကပါတယ်။

လာမယ့်နွေမှာ မန်စီးတီးကနေ ထွက်ခွာတော့မယ့် အသက် ၃၁ နှစ်အရွယ် ခံစစ်မှူး အော်တာမန်ီဒီကို ၀က်စ်ဟမ်းနဲ့ ၀ုဗ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မန်စီးတီးကစားသမားဟောင်း ဆန်ချိုက ပီအက်ဖ်အေ ကစားသမားဆုရ လီဗာပူးနဲ့ ဟော်လန် ခံစစ်မှူး ဗန်ဒိုက်ကို နေးရှင်းလိဂ် ပြိုင်ပွဲမှာ ထိပ်တိုက် တွေ့ဆုံဖို့ စိတ်အား ထက်သန်နေပြီး သူ့အရည်အချင်းများကို မှတ်ကျောက် အတင်ခံလိုနေပါတယ်။

မနှစ်က မန်ချက်စတာစီးတီးရဲ့ အမှတ်ပေးဖလား အောင်မြင်ထားမှု အတွေ့အကြုံကြောင့် ယခုနှစ် စိတ်လှုပ်ရှားစရာပြိုင်ပွဲမှာ လီဗာပူးကို တွန်းထုတ်နိုင်ရင် ပိုပြီးတော့တောင် ထူးခြားလိမ့်မယ်လို့ ဂျွန်စတုန်းက ယုံကြည်မှုရှိနေပါတယ်။

” နှစ်များစွာ ကျနော်တို့ မလုပ်နိုင်ခဲ့တဲ့ ဖလားနှစ်ကြိမ်ဆက်မျိုး ရမယ်ဆိုရင် ပိုပြီးထူးခြားပါလိမ့်မယ်။ ကျနော့်မိသားစုအတွက် ပိုပြီးတော့တောင် ထူးခြားမှာပါ။ ဒါက ကျနော်တို့ ကစားသမားတွေအတွက် သမိုင်းသစ်ရေးထိုးနိုင်မယ့် အရာပါ။ အရမ်းဂုဏ်ယူရမယ့် အရာလဲဖြစ်တယ်။ မနှစ်ကထက် ပိုကြီးမားတဲ့ အောင်မြင်မှု ဖြစ်မယ်လို့ထင်ပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။