ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲတွေအတွက် စကိုင်းစပေါ့ရဲ့ ခန့်မှန်းချက်တွေထဲမှာတော့ လန်ဒန်ဒါဘီမှာ အာဆင်နယ်တို့ အနိုင်ရလိမ့်မယ်လို့ ချာလီက ဆိုသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ရလဒ်ဆိုးတွေကြောင့် မန်နေဂျာအမ်မရီကို ရာထူးကနေ ထုတ်ပယ်ထားခဲ့ပြီး ယာယီမန်နေဂျာ ယွန်းဘတ်လက်ထက်မှာလည်း အခြေအနေ မကောင်းပဲ တစ်ပွဲသရေ တစ်ပွဲရံှူးရလဒ်ကိုပဲ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အာဆင်နယ်အတွက်ကတော့ ၉ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတာပါ။

စီနီယာအသင်းသားတွေ စိတ်ဓါတ်ကျဆင်းနေတာက အာဆင်နယ် ရုန်းကန်နေရတာအတွက် အဓိက ထိုးနှက်ချက်ဖြစ်ပြီး ယွန်းဘတ်လက်ထက်မှာ တိုက်စစ်ပိုင်း ပုံစံကောင်း မြင်ရပေမယ့် ခံစစ်ပိုင်းက တိုးတက်မလာတာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် လန်ဒန်ဒါဘီပွဲမှာတော့ သိပ်အကောင်းကြီး မဟုတ်တဲ့ ဝက်ဟမ်းကို ဂန်းနားတို့ ရလဒ်ကောင်း ယူနိုင်မယ်လို့ ချာလီက ယုံကြည်ထားပါတယ်။

ချာလီက ” အခြေအနေဆိုးနေတဲ့ နှစ်သင်းပါပဲ။ နောဝစ်ပွဲမှာ အာဆင်နယ်ဆီက တိုက်စစ်စွမ်းရည်ကို ပိုမြင်ခဲ့ရပေမယ့် ခံစစ်ပိုင်းက ဆိုးဝါးခဲ့ပြီး ယွန်းဘက်ရဲ့ ရူးမိုက်တဲ့ လူစာရင်းကို တွေ့ခဲ့ရပါတယ်။ အာဆင်နယ်မှာ ထိပ်ဆုံး ၆ နေရာထဲ ပြန်ရောက်လာနိုင်တဲ့ အခွင့်အရေးရှိပြီး အရှိန်နည်းနည်း ထည့်လိုက်ရင် အဆင်ပြေနိုင်ပါတယ်။ သူတို့မှာ ထိပ်တန်း အဆင့်မျိုး ရှိပေမယ့် ဝက်စ်ဟမ်းက အခုချိန်မှာ ဘာမှသိပ်မလုပ်ပြနိုင်ပါဘူး။ ” လို့ သုံးသပ်သွားတာဖြစ်တယ်။

လန်ဒန်ဒါဘီပွဲအတွက် ချာလီရဲ့ ခန့်မှန်းမှုမှာတော့ ဝက်စ်ဟမ်း ၁-၃ အာဆင်နယ် ဆိုတဲ့ ရလဒ် ထွက်ပေါ်မယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ပြဲေတြအတြက္ စကိုင္းစေပါ့ရဲ႕ ခန႔္မွန္းခ်က္ေတြထဲမွာေတာ့ လန္ဒန္ဒါဘီမွာ အာဆင္နယ္တို႔ အႏုိင္ရလိမ့္မယ္လို႔ ခ်ာလီက ဆိုသြားခဲ့ပါတယ္။

အာဆင္နယ္ဟာ ရလဒ္ဆိုးေတြေၾကာင့္ မန္ေနဂ်ာအမ္မရီကို ရာထူးကေန ထုတ္ပယ္ထားခဲ့ျပီး ယာယီမန္ေနဂ်ာ ယြန္းဘတ္လက္ထက္မွာလည္း အေျခအေန မေကာင္းပဲ တစ္ပြဲသေရ တစ္ပြဲရံွဴးရလဒ္ကိုပဲ ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ အာဆင္နယ္အတြက္ကေတာ့ ၉ ပြဲဆက္ ႏုိင္ပြဲေပ်ာက္ဆံုးေနတာပါ။

စီနီယာအသင္းသားေတြ စိတ္ဓါတ္က်ဆင္းေနတာက အာဆင္နယ္ ရုန္းကန္ေနရတာအတြက္ အဓိက ထိုးႏွက္ခ်က္ျဖစ္ျပီး ယြန္းဘတ္လက္ထက္မွာ တိုက္စစ္ပိုင္း ပံုစံေကာင္း ျမင္ရေပမယ့္ ခံစစ္ပိုင္းက တိုးတက္မလာတာျဖစ္တယ္။ ဘာပဲျဖစ္ျဖစ္ လန္ဒန္ဒါဘီပြဲမွာေတာ့ သိပ္အေကာင္းၾကီး မဟုတ္တဲ့ ဝက္ဟမ္းကို ဂန္းနားတို႔ ရလဒ္ေကာင္း ယူႏုိင္မယ္လို႔ ခ်ာလီက ယံုၾကည္ထားပါတယ္။

ခ်ာလီက ” အေျခအေနဆိုးေနတဲ့ ႏွစ္သင္းပါပဲ။ ေနာဝစ္ပြဲမွာ အာဆင္နယ္ဆီက တိုက္စစ္စြမ္းရည္ကို ပိုျမင္ခဲ့ရေပမယ့္ ခံစစ္ပိုင္းက ဆိုးဝါးခဲ့ၿပီး ယြန္းဘက္ရဲ႕ ႐ူးမိုက္တဲ့ လူစာရင္းကို ေတြ႕ခဲ့ရပါတယ္။ အာဆင္နယ္မွာ ထိပ္ဆုံး ၆ ေနရာထဲ ျပန္ေရာက္လာႏိုင္တဲ့ အခြင့္အေရးရွိၿပီး အရွိန္နည္းနည္း ထည့္လိုက္ရင္ အဆင္ေျပႏိုင္ပါတယ္။ သူတို႔မွာ ထိပ္တန္း အဆင့္မ်ိဳး ရွိေပမယ့္ ဝက္စ္ဟမ္းက အခုခ်ိန္မွာ ဘာမွသိပ္မလုပ္ျပႏိုင္ပါဘူး။ ” လို႔ သံုးသပ္သြားတာျဖစ္တယ္။

လန္ဒန္ဒါဘီပြဲအတြက္ ခ်ာလီရဲ႕ ခန္႔မွန္းမႈမွာေတာ့ ဝက္စ္ဟမ္း ၁-၃ အာဆင္နယ္ ဆိုတဲ့ ရလဒ္ ထြက္ေပၚမယ္လို႔ ျဖစ္ပါတယ္။