ချယ်ဆီးအသင်းဟာ ဖီဖာရဲ့ အပြောင်းအရွှေ့ ပိတ်ခံရမှု အယူခံတင်မှုကိစ္စမှာ တရားဝင် ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူဝယ်ယူခွင့် ရရှိခဲ့ပြီလို့ သိရပါတယ်။

ဖီဖာဘက်က ချယ်ဆီးဟာ အပြောင်းအရွှေ့ဆိုင်ရာ လုပ်ရှားမှုတွေမှာ ၎င်းတို့ရဲ့ စည်းမျဉ်းပေါင်း ၁၅၀ ထိကို ချိုးဖောက်ခဲ့ပြီး ကစားသမား ၇၀ ဦးကို ခေါ်ယူခဲ့တယ်ဆိုကာ အပြောင်းအရွှေ့ နှစ်ခု ဝင်ရောက်ခွင့် ပိတ်သိမ်းတဲ့ ပြစ်ဒဏ်ချခဲ့တာဖြစ်တယ်။ ကစားသမား အပြောင်းအရွှေ့တွေမှာ third-party ဆိုင်ရာ စည်းမျဉ်းကို ချိုးဖောက်ခဲ့တာဖြစ်ပြီး ဒဏ်ငွေ ပေါင် ၅ သိန်းအောက်ကိုလည်း ပေးဆောင်ဖို့ ဒဏ်ခတ်ခံထားရတာဖြစ်တယ်။

ကလပ်အသင်းဘက်ကတော့ အဆိုပါ ကိစ္စက မှားယွင်းတယ်လို့ ပြောဆိုထားပေမယ့် နွေတုန်းက အပြောင်းအရွှေ့ တစ်ကြိမ် အပိတ်ခံထားခဲ့ရပါတယ်။ တူညီတဲ့ အနေအထားမှာ မန်စီးတီးက ဒဏ်ကြေးနဲ့ပဲ ပြီးပြတ်ခဲ့တာကြောင့် မန်စီးတီးအသင်းရဲ့ လုပ်ငန်းစဉ်တွေကို လေ့လာကာ ဇန်နဝါရီမှာ ခေါ်ယူခွင့်အတွက် ချယ်ဆီးဘက်က အားကစားခုံရုံးကို အယူခံ ဝင်ခဲ့တာဖြစ်တယ်။

တစ်လတာ ကြာမြင့်မယ့် ရာသီဝက်ကာလ အပြောင်းအရွှေ့ဟာ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ကာ ဖွင့်လှစ်တော့မှာဖြစ်ပြီး အယူခံဝင်မှု အောင်မြင်ခြင်းကြောင့် ချယ်ဆီးအနေနဲ့ ဈေးကွက်နှစ်ခုစာ ပိတ်ခံထားရမှုကို ပြန်လှန်ပြီး ဆောင်းရာသီမှာတော့ ကစားသမားသစ် ခေါ်ယူနိုင်ဖို့ အခွင့်အရေး ရသွားခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီးဟာ နွေအပြောင်းအရွှေ့တုန်းက ကစားသမား ခေါ်ယူခွင့် မရခဲ့ပေမယ့် ပူလီဆစ်ကို အကြိုခေါ်ယူထားပြီး ကိုဗာဆစ်ကို အငှားစာချုပ်အရ အပြီးသတ် ခေါ်နိုင်ခဲ့ပါတယ်။ ဇန်နဝါရီမှာ ချယ်ဆီး ခေါ်ယူမယ့် ပစ်မှတ် ကစားသမာတွေထဲမှာတော့ တိုက်စစ်သမားတွေ အများအပြား ပါဝင်နေတာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ ဖီဖာရဲ႕ အေျပာင္းအေရႊ႔ ပိတ္ခံရမႈ အယူခံတင္မႈကိစၥမွာ တရားဝင္ ဆံုးျဖတ္ခ်က္ ထြက္ေပၚလာခဲ့ျပီျဖစ္ျပီး ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ လူဝယ္ယူခြင့္ ရရွိခဲ့ျပီလို႔ သိရပါတယ္။

ဖီဖာဘက္က ခ်ယ္ဆီးဟာ အေျပာင္းအေရႊ႔ဆိုင္ရာ လုပ္ရွားမႈေတြမွာ ၄င္းတို႔ရဲ႕ စည္းမ်ဥ္းေပါင္း ၁၅၀ ထိကို ခ်ိဳးေဖာက္ခဲ့ျပီး ကစားသမား ၇၀ ဦးကို ေခၚယူခဲ့တယ္ဆိုကာ အေျပာင္းအေရႊ႔ ႏွစ္ခု ဝင္ေရာက္ခြင့္ ပိတ္သိမ္းတဲ့ ျပစ္ဒဏ္ခ်ခဲ့တာျဖစ္တယ္။ ကစားသမား အေျပာင္းအေရႊ႔ေတြမွာ third-party ဆိုင္ရာ စည္းမ်ဥ္းကို ခ်ိဳးေဖာက္ခဲ့တာျဖစ္ျပီး ဒဏ္ေငြ ေပါင္ ၅ သိန္းေအာက္ကိုလည္း ေပးေဆာင္ဖို႔ ဒဏ္ခတ္ခံထားရတာျဖစ္တယ္။

ကလပ္အသင္းဘက္ကေတာ့ အဆိုပါ ကိစၥက မွားယြင္းတယ္လို႔ ေျပာဆိုထားေပမယ့္ ေႏြတုန္းက အေျပာင္းအေရႊ႔ တစ္ၾကိမ္ အပိတ္ခံထားခဲ့ရပါတယ္။ တူညီတဲ့ အေနအထားမွာ မန္စီးတီးက ဒဏ္ေၾကးနဲ႔ပဲ ျပီးျပတ္ခဲ့တာေၾကာင့္ မန္စီးတီးအသင္းရဲ႕ လုပ္ငန္းစဥ္ေတြကို ေလ့လာကာ ဇန္နဝါရီမွာ ေခၚယူခြင့္အတြက္ ခ်ယ္ဆီးဘက္က အားကစားခံုရံုးကို အယူခံ ဝင္ခဲ့တာျဖစ္တယ္။

တစ္လတာ ၾကာျမင့္မယ့္ ရာသီဝက္ကာလ အေျပာင္းအေရႊ႔ဟာ ဇန္နဝါရီလ ၁ ရက္ေန႔မွာ စတင္ကာ ဖြင့္လွစ္ေတာ့မွာျဖစ္ျပီး အယူခံဝင္မႈ ေအာင္ျမင္ျခင္းေၾကာင့္ ခ်ယ္ဆီးအေနနဲ႔ ေစ်းကြက္ႏွစ္ခုစာ ပိတ္ခံထားရမႈကို ျပန္လွန္ျပီး ေဆာင္းရာသီမွာေတာ့ ကစားသမားသစ္ ေခၚယူႏုိင္ဖို႔ အခြင့္အေရး ရသြားခဲ့ျပီျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ေႏြအေျပာင္းအေရႊ႔တုန္းက ကစားသမား ေခၚယူခြင့္ မရခဲ့ေပမယ့္ ပူလီဆစ္ကို အၾကိဳေခၚယူထားျပီး ကိုဗာဆစ္ကို အငွားစာခ်ဳပ္အရ အျပီးသတ္ ေခၚႏုိင္ခဲ့ပါတယ္။ ဇန္နဝါရီမွာ ခ်ယ္ဆီး ေခၚယူမယ့္ ပစ္မွတ္ ကစားသမာေတြထဲမွာေတာ့ တိုက္စစ္သမားေတြ အမ်ားအျပား ပါဝင္ေနတာျဖစ္ပါတယ္။