လီဗာပူးတိုက်စစ်သမား ရှာကွီရီဟာ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ မီဒီယာတွေမှာတော့ သူဟာ ပွဲထွက်ခွင့်မရခြင်းကြောင့် စိတ်ပျက်နေပြီး ဇန်နဝါရီမှာ အသင်းပြောင်းလိုနေတယ်ဆိုတဲ့ သတင်းတွေကို ဖော်ပြခဲ့တယ်။

အဲဗာတန်ကို ၅-၂ နဲ့ အနိုင်ရတဲ့ မာဆေးဆိုဒ်ဒါဘီပွဲအပြီးမှာ တိုက်စစ်သမား ရှာကွီရီက အဆိုပါ သတင်းတွေကို ပြတ်ပြတ်သားသား ငြင်းဆန်ပြီး the athletic သတင်းဌာနက လီဗာပူးသတင်းထောက် James Pearce နဲ့ အင်တာဗျူးမှာ သူက လီဗာပူးကနေ လုံးဝ ထွက်သွားမှာ မဟုတ်ပါဘူးလို့ တုန့်ပြန်သွားပါတယ်။

ရှာကွီရီက “ ကျနော် လီဗာပူးမှာ အရမ်း ပျော်နေတာပါ။ ကျနော် ဘယ်လို ကစားနေတယ်ဆိုတာ လူတိုင်းလည်း မြင်နိုင်ပါတယ်။ ကလပ်နဲ့က ၂၀၂၃ ထိ ကာလရှည် စာချုပ်ရှိနေတာဖြစ်ပြီး လီဗာပူးအတွက်ပဲ အာရုံစိုက်နေပါတယ်။ ကျနော်အတွက် ခက်ခဲတဲ့ အချိန်တွေဖြစ်ပေမယ့် အနာဂတ်အတွက် စိတ်လှုပ်ရှားနေပါတယ်။ ဘာလို့များ ကျနော်က လီဗာပူးကနေ ထွက်သွားရမှာလဲ? ဒီအသင်းက တကယ်ကို ထူးချွန်အသင်းဖြစ်ပြီး အများကြီးလည်း အောင်မြင်ဦးမှာပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဆွစ်ဇလန်တိုက်စစ်သမားဟာ ခြေသလုံးကြွက်သားဒဏ်ရာ ရနေခဲ့တာဖြစ်ပြီး ဒီအတောအတွင်း ဒဏ်ရာ ထပ်ရခဲ့ပါသေးတယ်။ ဒီဒဏ်ရာမျိုးက ပြန်ပြန်ဖြစ်တတ်တဲ့ ဒဏ်ရာဖြစ်လို့ အတော်လေး ဂရုစိုက်ဖို့ လိုအပ်တယ်လို့ ရှာကွီရီက ရှင်းပြပါတယ်။

ရှာကွီရီက “ အဲဗာတန်နဲ့ပွဲမှာ ကျနော် အရမ်းပျော်ခဲ့တယ်။ မကစားရတာ အချိန်အတော်လည်း ကြာခဲ့ပါပြီ အသင်းအတွက် အရမ်းကို ကူညီလိုခဲ့ပါတယ်။ မန်နေဂျာက ကျနော်နဲ့ ပွဲမကစားရတဲ့ ကစားသမားတွေကို ယုံကြည်မှုတွေ ပေးပါတယ်။ ဒီအတွက်လည်း ကျနေ်ာတို့က စွမ်းဆောင်ရည်ကောင်းကို ပြန်ပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။

ခက်ခဲပေမယ့် ဒါက ဘောလုံးပါပဲ။ ဒဏ်ရာက ကိုယ်ဘဝရဲ့ အစိတ်အပိုင်းထဲ ပါဝင်ပါတယ်။ အကောင်းမြင်ဖို့လိုပြီး ဖြစ်နိုင်သလောက် အမြန်ဆုံး ပြန်လာနိုင်ဖို့ရာ အကောင်းဆုံး လုပ်ဆောင်ဖို့ လိုပါတယ်။ ခြေသလုံးကြွက်သား ဒဏ်ရာက ပြန်ပြန်ဖြစ်ဖို့ရဂာ အန္တရာယ်များတဲ့ ဒဏ်ရာပါ ကိုယ်က ဂရုစိုက်ဖို့နဲ့ ဆိုးဆိုးရွားရွား မထိခိုက်ဖို့ လိုပါတယ်။ ကျနော်က တစ်ကြိမ် ဒဏ်ရာထပ်ရခဲ့တာဖြစ်ပြီး အခု ပြန်လာနိုင်ခ့တာပါ။ အခုချိန်မှာတော့ လန်းဆန်းပြီး ကြံ့ခိုင်နေတယ်လို့ ခံစားရပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား ရွာကီြရီဟာ ဒဏ္ရာေၾကာင့္ အနားယူေနရခ်ိန္မွာ မီဒီယာေတြမွာေတာ့ သူဟာ ပြဲထြက္ခြင့္မရျခင္းေၾကာင့္ စိတ္ပ်က္ေနျပီး ဇန္နဝါရီမွာ အသင္းေျပာင္းလိုေနတယ္ဆိုတဲ့ သတင္းေတြကို ေဖာ္ျပခဲ့တယ္။

အဲဗာတန္ကို ၅-၂ နဲ႔ အႏုိင္ရတဲ့ မာေဆးဆိုဒ္ဒါဘီပြဲအျပီးမွာ တိုက္စစ္သမား ရွာကီြရီက အဆိုပါ သတင္းေတြကို ျပတ္ျပတ္သားသား ျငင္းဆန္ျပီး the athletic သတင္းဌာနက လီဗာပူးသတင္းေထာက္ James Pearce နဲ႔ အင္တာဗ်ဴးမွာ သူက လီဗာပူးကေန လံုးဝ ထြက္သြားမွာ မဟုတ္ပါဘူးလို႔ တုန္႔ျပန္သြားပါတယ္။

ရွာကီြရီက “ က်ေနာ္ လီဗာပူးမွာ အရမ္း ေပ်ာ္ေနတာပါ။ က်ေနာ္ ဘယ္လို ကစားေနတယ္ဆိုတာ လူတိုင္းလည္း ျမင္ႏုိင္ပါတယ္။ ကလပ္နဲ႔က ၂၀၂၃ ထိ ကာလရွည္ စာခ်ဳပ္ရွိေနတာျဖစ္ျပီး လီဗာပူးအတြက္ပဲ အာရံုစိုက္ေနပါတယ္။ က်ေနာ္အတြက္ ခက္ခဲတဲ့ အခ်ိန္ေတြျဖစ္ေပမယ့္ အနာဂတ္အတြက္ စိတ္လႈပ္ရွားေနပါတယ္။ ဘာလို႔မ်ား က်ေနာ္က လီဗာပူးကေန ထြက္သြားရမွာလဲ? ဒီအသင္းက တကယ္ကို ထူးခၽြန္အသင္းျဖစ္ျပီး အမ်ားၾကီးလည္း ေအာင္ျမင္ဦးမွာပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဆြစ္ဇလန္တိုက္စစ္သမားဟာ ေျခသလံုးၾကြက္သားဒဏ္ရာ ရေနခဲ့တာျဖစ္ျပီး ဒီအေတာအတြင္း ဒဏ္ရာ ထပ္ရခဲ့ပါေသးတယ္။ ဒီဒဏ္ရာမ်ိဳးက ျပန္ျပန္ျဖစ္တတ္တဲ့ ဒဏ္ရာျဖစ္လုိ႔ အေတာ္ေလး ဂရုစိုက္ဖို႔ လိုအပ္တယ္လို႔ ရွာကီြရီက ရွင္းျပပါတယ္။

ရွာကီြရီက “ အဲဗာတန္နဲ႔ပြဲမွာ က်ေနာ္ အရမ္းေပ်ာ္ခဲ့တယ္။ မကစားရတာ အခ်ိန္အေတာ္လည္း ၾကာခဲ့ပါျပီ အသင္းအတြက္ အရမ္းကို ကူညီလိုခဲ့ပါတယ္။ မန္ေနဂ်ာက က်ေနာ္နဲ႔ ပြဲမကစားရတဲ့ ကစားသမားေတြကို ယံုၾကည္မႈေတြ ေပးပါတယ္။ ဒီအတြက္လည္း က်ေန္ာတုိ႔က စြမ္းေဆာင္ရည္ေကာင္းကို ျပန္ေပးႏုိင္ခဲ့တယ္လို႔ ထင္ပါတယ္။

ခက္ခဲေပမယ့္ ဒါက ေဘာလံုးပါပဲ။ ဒဏ္ရာက ကိုယ္ဘဝရဲ႕ အစိတ္အပိုင္းထဲ ပါဝင္ပါတယ္။ အေကာင္းျမင္ဖို႔လိုျပီး ျဖစ္ႏုိင္သေလာက္ အျမန္ဆံုး ျပန္လာႏုိင္ဖို႔ရာ အေကာင္းဆံုး လုပ္ေဆာင္ဖို႔ လိုပါတယ္။ ေျခသလံုးၾကြက္သား ဒဏ္ရာက ျပန္ျပန္ျဖစ္ဖို႔ရဂာ အႏၱရာယ္မ်ားတဲ့ ဒဏ္ရာပါ ကိုယ္က ဂရုစိုက္ဖို႔နဲ႔ ဆိုးဆိုးရြားရြား မထိခိုက္ဖို႔ လိုပါတယ္။ က်ေနာ္က တစ္ၾကိမ္ ဒဏ္ရာထပ္ရခဲ့တာျဖစ္ျပီး အခု ျပန္လာႏုိင္ခ့တာပါ။ အခုခ်ိန္မွာေတာ့ လန္းဆန္းျပီး ၾကံ႕ခိုင္ေနတယ္လုိ႔ ခံစားရပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။