ဒီရာသီမှာ ချယ်ဆီး လူငယ်တိုက်စစ်သမား အေဘရာဟမ်ဟာ အခြားသော တိုက်စစ်သမားတွေဖြစ်တဲ့ ဘတ်ရှူဝါရီ၊ ဂျီရူးတို့ထက် မန်နေဂျာလမ်းပတ်ရဲ့ ပထမဦးစားပေး တိုက်စစ်မှူးတစ်ယောက်အဖြစ် ဦးစားပေးခံနေရသူ ဖြစ်နေခဲ့ပါတယ်။

အသင်းမှာ သူ့ရဲ့အရေးပါမှုကိုလဲ ပြသခဲ့ပြီး သူမပါတဲ့ ဝက်စ်ဟမ်းပွဲမှာ ချယ်ဆီးတို့ ရှုံးနိမ့်ခဲ့သလို ပေါင်ဒဏ်ရာကနေ ဗီလာနဲ့ပွဲမှာ ပြန်ပါလာတော့ နိုင်ပွဲရရှိအောင် ကူညီပေးခဲ့ပါတယ်။ တမ်မီဟာ ချယ်ဆီးအတွက် ကစားပေးနိုင်ဖို့ အိပ်မက်ရှိခဲ့သူဖြစ်ပြီး ဒီအခွင့်အရေး ရရှိချိန်မှာ ကလပ်အတွက် ရာနှုန်းပြည် ပေးဆပ်နေတယ်လို့ အသင်းခေါင်ဆောင် ကွီတာက ပြောပါတယ်။

ကွီတာက “သူ့ရဲ့ စိတ်ဓာတ်က အံ့ဩစရာပါပဲ။ သူဒဏ်ရာရခဲ့တဲ့အချိန် သူက တတ်နိုင်သလောက် မြန်မြန် ပြန်လာချင်ခဲ့တယ်။ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်အောင် သူကူညီပေးခဲ့ပြီး အံ့အားသင့်စရာ အောင်မြင်မှုရခဲ့တဲ့ အက်စ်တွန်ဗီလာနဲ့ပွဲမှာ ကစားရတာက သူ့အတွက် ထူးခြားခဲ့တယ်။ သူ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ် ဘာကြောင့်လဲဆိုတော့ သူဟာ ဂိုးနဲ့ဖန်တီးမှုတွေ လုပ်နိုင်တယ်ဆိုတာ ပြသခဲ့တယ်။

သူက ကျွန်တော်တို့အတွက် အဓိကကျသူဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော်တို့နဲ့အတူ ပွဲဦးထွက်ခဲ့တယ်။ အဲ့ဒီ့နောက် ဆွမ်ဆီးကို အငှားသွားခဲ့ပြီး မနှစ်က အက်စ်တွန်ဗီလာကို ရောက်ခဲ့တယ်။ လူငယ်တစ်ယောက်အတွက် ကစားရမလွယ်တဲ့ ချန်ပီယံရှစ်မှာ သူက ယုံကြည်မှုအပြည့်နဲ့ ကစားခဲ့ပြီး ဂိုးတွေသွင်းယူခဲ့တယ်။ ရာသီကြိုမှာ ချယ်ဆီးတိုက်စစ်မှူးဖြစ်ဖို့ သူ့ရဲ့ စိတ်အားထက်သန်မှုကို ပြသခဲ့တယ်။ ဒါက သူမက်ခဲ့တဲ့ အိမ်မက်ပါ။ ဒါကိုသူ အကောင်အထည်ဖော်နိုင်ခဲ့ပြီး အခွင့်အရေးကို အရယူနိုင်ခဲ့တယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တန်မီဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၁ ဂိုးနဲ့အတူ ရွှေဖိနပ်ဆုအတွက် လက်စတာတိုက်စစ်သမား ဗာဒီကို လိုက်လံ ဖိအားပေးနေတာဖြစ်တယ်။ သူ့ရဲ့ ဂိုးသွင်းနှုန်း ပိုကောင်းလာမှုဟာ ချယ်ဆီးအတွက် အရေးပါတဲ့ ကိစ္စကြီး ဖြစ်လာနေခဲ့ပါတယ်။

ZAWGYI

ဒီရာသီမွာ ခ်ယ္ဆီး လူငယ္တိုက္စစ္သမား ေအဘရာဟမ္ဟာ အျခားေသာ တိုက္စစ္သမားေတြျဖစ္တဲ့့ ဘတ္ရႉဝါရီ၊ ဂ်ီ႐ူးတို႔ထက္ မန္ေနဂ်ာလမ္းပတ္ရဲ႕ ပထမဦးစားေပး တိုက္စစ္မႉးတစ္ေယာက္အျဖစ္ ဦးစားေပးခံေနရသူ ျဖစ္ေနခဲ့ပါတယ္။

အသင္းမွာ သူ႔ရဲ႕အေရးပါမႈကိုလဲ ျပသခဲ့ၿပီး သူမပါတဲ့ ဝက္စ္ဟမ္းပြဲမွာ ခ်ယ္ဆီးတို႔ ရႈံးနိမ့္ခဲ့သလို ေပါင္ဒဏ္ရာကေန ဗီလာနဲ႔ပြဲမွာ ျပန္ပါလာေတာ့ ႏိုင္ပြဲရရွိေအာင္ ကူညီေပးခဲ့ပါတယ္။ တမ္မီဟာ ခ်ယ္ဆီးအတြက္ ကစားေပးႏုိင္ဖို႔ အိပ္မက္ရွိခဲ့သူျဖစ္ျပီး ဒီအခြင့္အေရး ရရွိခ်ိန္မွာ ကလပ္အတြက္ ရာႏႈန္းျပည္ ေပးဆပ္ေနတယ္လို႔ အသင္းေခါင္ေဆာင္ ကီြတာက ေျပာပါတယ္။

ကီြတာက “သူ႔ရဲ႕ စိတ္ဓာတ္က အံ့ဩစရာပါပဲ။ သူဒဏ္ရာရခဲ့တဲ့အခ်ိန္ သူက တတ္ႏိုင္သေလာက္ ျမန္ျမန္ ျပန္လာခ်င္ခဲ့တယ္။ ပရီးမီးယားလိဂ္ကို တန္းတက္ႏိုင္ေအာင္ သူကူညီေပးခဲ့ၿပီး အံ့အားသင့္စရာ ေအာင္ျမင္မႈရခဲ့တဲ့ အက္စ္တြန္ဗီလာနဲ႔ပြဲမွာ ကစားရတာက သူ႔အတြက္ ထူးျခားခဲ့တယ္။ သူ႔အတြက္ ကြၽန္ေတာ္ အရမ္းေပ်ာ္ပါတယ္ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ဂိုးနဲ႔ဖန္တီးမႈေတြ လုပ္ႏိုင္တယ္ဆိုတာ ျပသခဲ့တယ္။

သူက ကြၽန္ေတာ္တို႔အတြက္ အဓိကက်သူျဖစ္တယ္။ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ကြၽန္ေတာ္တို႔နဲ႔အတူ ပြဲဦးထြက္ခဲ့တယ္။ အဲ့ဒီ့ေနာက္ ဆြမ္ဆီးကို အငွားသြားခဲ့ၿပီး မႏွစ္က အက္စ္တြန္ဗီလာကို ေရာက္ခဲ့တယ္။ လူငယ္တစ္ေယာက္အတြက္ ကစားရမလြယ္တဲ့ ခ်န္ပီယံရွစ္မွာ သူက ယုံၾကည္မႈအျပည့္နဲ႔ ကစားခဲ့ၿပီး ဂိုးေတြသြင္းယူခဲ့တယ္။ ရာသီႀကိဳမွာ ခ်ယ္ဆီးတိုက္စစ္မႉးျဖစ္ဖို႔ သူ႔ရဲ႕ စိတ္အားထက္သန္မႈကို ျပသခဲ့တယ္။ ဒါက သူမက္ခဲ့တဲ့ အိမ္မက္ပါ။ ဒါကိုသူ အေကာင္အထည္ေဖာ္ႏိုင္ခဲ့ၿပီး အခြင့္အေရးကို အရယူႏိုင္ခဲ့တယ္ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

တန္မီဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၁ ဂိုးနဲ႔အတူ ေရႊဖိနပ္ဆုအတြက္ လက္စတာတိုက္စစ္သမား ဗာဒီကို လိုက္လံ ဖိအားေပးေနတာျဖစ္တယ္။ သူ႔ရဲ႕ ဂိုးသြင္းႏႈန္း ပိုေကာင္းလာမႈဟာ ခ်ယ္ဆီးအတြက္ အေရးပါတဲ့ ကိစၥၾကီး ျဖစ္လာေနခဲ့ပါတယ္။