လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ဟာ ကွင်းလယ်လူအတွက် ရှာဖွေမှုတွေ လုပ်နေရာမှာ စပါးမှ အဲရစ်ဆန်၊ ယူနိုက်တက်မှ ပေါ့ဘာတို့ထက် အေဂျက်မှာ တောက်ပနေတဲ့ ဗန်ဒါဘိခ်ကိုပဲ ယူရို ၅၅ သန်းပေးပြီး ခေါ်ယူဖို့ မျက်စိကျလာခဲ့ပါတယ်။

ကွင်းလယ်ပိုင်း အင်အားဖြည့်မှုမှာ ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်တို့ဟာ ပစ်မှတ်တွေ တူညီနေခဲ့တာဖြစ်ပြီး အဲရစ်ဆန်၊ ဖာနန်ဒက်စ်တို့ကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။ ယူနိုက်တက်က ကွင်းလယ်လူသစ် ခေါ်ယူဖို့ထက် ပေါ့ဘာကို ဆက်ထိန်းသိမ်းဖို့ပဲ အာရုံစိုက်ခဲ့ပြီး ဇန်နဝါရီနဲ့ နွေမှာတော့ အင်အားဖြည့်တင်းမှု လုပ်မယ့်အထဲမှာ ကွင်းလယ်ကိုပါ ထည့်တွက်လာတာဖြစ်ပါတယ်။

စပါးကွင်းလယ်လူ အဲရစ်ဆန်ဟာ မန်နေဂျာမော်ရင်ညို ရောက်လာပေမယ့် အသင်းပြောင်းမယ့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်သွားဖို့ ဆုံးဖြတ်လာပါတယ်။ နွေတုန်းကတည်းက စိန်ခေါ်မှုသစ်တွေကို ရင်ဆိုင်လိုတယ်ဆိုတဲ့ အဲရစ်ဆန်ကို ခေါ်ယူဖို့ ယူနိုက်တက်က ကြိုးစားခဲ့တာဖြစ်ပြီး လာလီဂါကလပ်က နယ်သာလန်လိဂ်မှာ ၅ ဂိုးသွင်းပြီး ၄ ကြိမ် ဂိုးထောက်ပံ့ထားတဲ့ ဗန်ဒါဘိခ်ကို ပိုမိုစိတ်ဝင်စားနေမှုကို အခွင့်အရေးယူကာ ကမ်းလှမ်းနိုင်ဖို့ မျှော်လင့်လာတာဖြစ်တယ်။

အသင်းပြောင်းဖို့ သတင်းထွက်ခဲ့တဲ့ ဒီရာသီအစကတည်းက အဲရစ်ဆန်ရဲ့ ခြေစွမ်းဟာ အတော်လေး ထိုးကျလာခဲ့တာဖြစ်ပြီး အမှတ်ပေးပွဲ ၁၂ ပွဲအတွင်း ကိုယ်တိုင် ၁ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၁ ကြိမ်ပဲ လုပ်ထားနိုင်ခဲ့တာဖြစ်တယ်။ မန်နေဂျာ မော်ရင်ညိုကတော့ အဲရစ်ဆန်နဲ့ ဆွေးနွေးသွားမယ်လို့ ဆိုထားပါသေးတယ်။

ယူနိုက်တက်ကွင်းလယ်မှာ တော်မီနေး ခြေစွမ်းပြနေပေမယ့် သူနဲ့ တွဲဘက် ကွင်းလယ်လူနေရာမှာ ဖရတ်၊ ပေါ့ဘာအပြင် နောက်ထပ် ကွင်းလယ်လူ မရှိဖြစ်နေတာပါ။ မန်နေဂျာဆိုးရှားက တိုက်စစ်သမားနဲ့ ကွင်းလယ်လူကို လာမယ့် အပြောင်းအရွှေ့မှာ အင်အားဖြည့်လိုနေပြီး ဆန်ချို၊ ဟာလန်တို့ကလည်း အဆိုပါ လူစာရင်းမှာ ပါဝင်နေတာဖြစ်ပါတယ်။

ZAWGYI

လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္ဟာ ကြင္းလယ္လူအတြက္ ရွာေဖြမႈေတြ လုပ္ေနရာမွာ စပါးမွ အဲရစ္ဆန္၊ ယူႏုိက္တက္မွ ေပါ့ဘာတို႔ထက္ ေအဂ်က္မွာ ေတာက္ပေနတဲ့ ဗန္ဒါဘိခ္ကိုပဲ ယူရို ၅၅ သန္းေပးျပီး ေခၚယူဖို႔ မ်က္စိက်လာခဲ့ပါတယ္။

ကြင္းလယ္ပိုင္း အင္အားျဖည့္မႈမွာ ရီးရဲလ္မက္ဒရစ္နဲ႔ ယူႏုိက္တက္တုိ႔ဟာ ပစ္မွတ္ေတြ တူညီေနခဲ့တာျဖစ္ျပီး အဲရစ္ဆန္၊ ဖာနန္ဒက္စ္တို႔ကို ေခၚယူမယ္လို႔ သတင္းေတြ ထြက္ခဲ့တာပါ။ ယူႏုိက္တက္က ကြင္းလယ္လူသစ္ ေခၚယူဖို႔ထက္ ေပါ့ဘာကို ဆက္ထိန္းသိမ္းဖို႔ပဲ အာရံုစိုက္ခဲ့ျပီး ဇန္နဝါရီနဲ႔ ေႏြမွာေတာ့ အင္အားျဖည့္တင္းမႈ လုပ္မယ့္အထဲမွာ ကြင္းလယ္ကိုပါ ထည့္တြက္လာတာျဖစ္ပါတယ္။

စပါးကြင္းလယ္လူ အဲရစ္ဆန္ဟာ မန္ေနဂ်ာေမာ္ရင္ညိဳ ေရာက္လာေပမယ့္ အသင္းေျပာင္းမယ့္ အစီအစဥ္ကို ဆက္လက္ လုပ္ေဆာင္သြားဖို႔ ဆံုးျဖတ္လာပါတယ္။ ေႏြတုန္းကတည္းက စိန္ေခၚမႈသစ္ေတြကို ရင္ဆိုင္လိုတယ္ဆိုတဲ့ အဲရစ္ဆန္ကို ေခၚယူဖို႔ ယူႏုိက္တက္က ၾကိဳးစားခဲ့တာျဖစ္ျပီး လာလီဂါကလပ္က နယ္သာလန္လိဂ္မွာ ၅ ဂိုးသြင္းျပီး ၄ ၾကိမ္ ဂိုးေထာက္ပံ့ထားတဲ့ ဗန္ဒါဘိခ္ကို ပိုမိုစိတ္ဝင္စားေနမႈကို အခြင့္အေရးယူကာ ကမ္းလွမ္းႏုိင္ဖို႔ ေမွ်ာ္လင့္လာတာျဖစ္တယ္။

အသင္းေျပာင္းဖို႔ သတင္းထြက္ခဲ့တဲ့ ဒီရာသီအစကတည္းက အဲရစ္ဆန္ရဲ႕ ေျခစြမ္းဟာ အေတာ္ေလး ထိုးက်လာခဲ့တာျဖစ္ျပီး အမွတ္ေပးပြဲ ၁၂ ပြဲအတြင္း ကိုယ္တိုင္ ၁ ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈ ၁ ၾကိမ္ပဲ လုပ္ထားႏုိင္ခဲ့တာျဖစ္တယ္။ မန္ေနဂ်ာ ေမာ္ရင္ညိဳကေတာ့ အဲရစ္ဆန္နဲ႔ ေဆြးေႏြးသြားမယ္လို႔ ဆိုထားပါေသးတယ္။

ယူႏုိက္တက္ကြင္းလယ္မွာ ေတာ္မီေနး ေျခစြမ္းျပေနေပမယ့္ သူနဲ႔ တြဲဘက္ ကြင္းလယ္လူေနရာမွာ ဖရတ္၊ ေပါ့ဘာအျပင္ ေနာက္ထပ္ ကြင္းလယ္လူ မရွိျဖစ္ေနတာပါ။ မန္ေနဂ်ာဆိုးရွားက တိုက္စစ္သမားနဲ႔ ကြင္းလယ္လူကို လာမယ့္ အေျပာင္းအေရႊ႔မွာ အင္အားျဖည့္လိုေနျပီး ဆန္ခ်ိဳ၊ ဟာလန္တို႔ကလည္း အဆိုပါ လူစာရင္းမွာ ပါဝင္ေနတာျဖစ္ပါတယ္။