လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်ရဲ့ ရိုးသားတဲ့ ဖြေဆိုမှုတစ်ခုဟာ ဘရာဇီးကလပ် ဖလာမင်ဂို ပရိသတ်တွေရဲ့ ဒေါသကို သွားစခဲ့သလို ဖြစ်နေခဲ့ပြီး ဘရာဇီးပရိသတ် အများအပြားက ဝိုက်နယ်ဒမ်ကို ဒေါသတကြီး ထိုးနှက်မှုတွေ လုပ်နေခဲ့ပြီဖြစ်ပါတယ်။

ဒီဇင်ဘာလထဲမှာ လီဗာပူးဟာ ကာတာမှာ ကလပ်များကမ္ဘာဖလား ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ဖို့ လိုအပ်နေတာပါ။ အဆိုပါပြိုင်ပွဲမှာ ဆီးမီးဖိုင်နယ်အဆင့်အတွက် ဦးစားပေးနှစ်သင်းက ဥရောပချန်ပီယံ လီဗာပူးအသင်းနဲ့ တောင်အမေရိကချန်ပီယံ ဖလာမင်ဂိုတို့ဖြစ်ပြီး နှစ်သင်းဟား သီးခြားဆီမီးဖိုင်နယ်ပွဲတွေကို အနိုင်ရမယ်ဆိုရင် ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ကြမှာပဲဖြစ်ပါတယ်။

နှစ်သင်းလုံးရဲ့ ပြိုင်ဘက်တွေက ထွက်ပေါ်လာခြင်း မရှိသေးပဲ တတိယအဆင့်နဲ့ နောက်ဆုံးအဆင့် ခြေစစ်ပွဲတွေကို ကျော်ဖြတ်လာနိုင်တဲ့ နှစ်သင်းကပဲ ဆီမီးဖိုင်နယ်မှာ လီဗာပူး၊ ဖလာမင်ဂိုတို့နဲ့ ထိပ်တိုက်တွေ့မှာပပါ။ ဒါပေမယ့်လည်း များစွာသော ပရိသတ်တွေက ဗိုလ်လုပွဲမှာ လီဗာပူးက ဖလာမင်ဂိုနဲ့ပဲ ထိပ်တိုက်တွေ့လိမ့်မယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

မာဆေးဆိုဒ်ဒါဘီအပြီးမှာ ဘရာဇီး သတင်းသမားတွေက ဝိုက်နယ်ဒမ်ကို အင်တာဗျူးလုပ်ခဲ့ပြီး တောင်အမေရိကအသင်း ဖလာမင်ဂိုအကြောင်း လုံးဝမသိတဲ့ ဝိုက်နယ်ဒမ်က အတော်လေး အကြပ်ရိုက်ခဲ့တာဖြစ်တယ်။ ရိုးသားစွာဖြင့် အားနာတဲ့ မျက်နှာနဲ့ အဖြေမပြန်နိုင်ဖြစ်နေတဲ့ ဝိုက်နယ်ဒမ်ကို သတင်းသမားတွေက သဲလွန်စတွေ တစ်ခုပြီးတစ်ခု ပေးခဲ့ပြီး နောက်ဆုံးမှာ နယ်သာလန်သားက ဖလာမင်ဂိုကို သူမသိပါဘူးလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါတယ်။

ဝိုက်နယ်ဒမ်က ဖလာမင်ဂိုမှာ ရော်နယ်ဒင်ဟို ကစားခဲ့တာတော့ ကြားဖူးကြောင်းကို ဖြေပေမယ့် ဘရာဇီးကလပ်အကြောင်းကို သေချာမသိတဲ့အပြင် ဖာလာမင်ဂိုအသင်းမှာ ကစားနေတဲ့ ကစားသမား တစ်ဦးကိုမှလည်း မသိဖြစ်နေခဲ့တာပါ။

ဖလာမင်ဂိုဟာ ဘရာဇီးဖလားနဲ့ တော်အမေရိကဖလားတွေကို ဒီရာသီမှာ အနိုင်ရခဲ့ပြီး သူတို့ရဲ့ ဗိုလ်လုပွဲကို ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၁၈၆ နိုင်ငံက ဘောလုံးပရိသတ် သန်းပေါင်းများစွာက ကြည့်ရှုခဲ့ကြတယ်လို့ ကြွားဝါထားပြီး ပြီးခဲ့တဲ့ ဇွန်လတုန်းက လီဗာပူးအသင်း စပါးကို အနိုင်ရခဲ့တဲ့ ဥရောပဖလားအောင်မြင်မှုထက် အဆင့်အတန်း ပိုမြင့်တယ်လို့ ထုတ်ပြောထားတာပါ။

ဘရာဇီးပရိသတ်တွေက ၎င်းတို့ရဲ့ ကလပ်အသင်း ဖလာမင်ဂို စိုက်ထူးခဲ့တဲ့ သမိုင်းဝင် အောင်မြင်မှုကို အရမ်း ဂုဏ်ယူနေပေမယ့် အဓိကပြိုင်ဘက်ဖြစ်လာနိုင်တဲ့ လီဗာပူးအသင်းက အသင်းသားတစ်ဦးက သူတို့အသင်းအကြောင်း မသိပါဘူးဆိုတဲ့ မှတ်ချက်ကြောင့် ဒေါသတကြီး ဖြစ်နေခဲ့ကြတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္ရဲ႕ ရိုးသားတဲ့ ေျဖဆိုမႈတစ္ခုဟာ ဘရာဇီးကလပ္ ဖလာမင္ဂို ပရိသတ္ေတြရဲ႕ ေဒါသကို သြားစခဲ့သလို ျဖစ္ေနခဲ့ျပီး ဘရာဇီးပရိသတ္ အမ်ားအျပားက ဝိုက္နယ္ဒမ္ကို ေဒါသတၾကီး ထိုးႏွက္မႈေတြ လုပ္ေနခဲ့ျပီျဖစ္ပါတယ္။

ဒီဇင္ဘာလထဲမွာ လီဗာပူးဟာ ကာတာမွာ ကလပ္မ်ားကမၻာဖလား ျပိဳင္ပြဲကို သြားေရာက္ ယွဥ္ျပိဳင္ဖို႔ လိုအပ္ေနတာပါ။ အဆိုပါျပိဳင္ပြဲမွာ ဆီးမီးဖိုင္နယ္အဆင့္အတြက္ ဦးစားေပးႏွစ္သင္းက ဥေရာပခ်န္ပီယံ လီဗာပူးအသင္းနဲ႔ ေတာင္အေမရိကခ်န္ပီယံ ဖလာမင္ဂိုတို႔ျဖစ္ျပီး ႏွစ္သင္းဟား သီးျခားဆီမီးဖိုင္နယ္ပြဲေတြကို အႏုိင္ရမယ္ဆိုရင္ ဗိုလ္လုပြဲမွာ ထိပ္တိုက္ေတြ႔ၾကမွာပဲျဖစ္ပါတယ္။

ႏွစ္သင္းလံုးရဲ႕ ျပိဳင္ဘက္ေတြက ထြက္ေပၚလာျခင္း မရွိေသးပဲ တတိယအဆင့့္နဲ႔ ေနာက္ဆံုးအဆင့္ ေျခစစ္ပြဲေတြကို ေက်ာ္ျဖတ္လာႏုိင္တဲ့ ႏွစ္သင္းကပဲ ဆီမီးဖိုင္နယ္မွာ လီဗာပူး၊ ဖလာမင္ဂိုတို႔နဲ႔ ထိပ္တိုက္ေတြ႔မွာပပါ။ ဒါေပမယ့္လည္း မ်ားစြာေသာ ပရိသတ္ေတြက ဗိုလ္လုပြဲမွာ လီဗာပူးက ဖလာမင္ဂိုနဲ႔ပဲ ထိပ္တိုက္ေတြ႔လိမ့့္မယ္လို႔ ခန္႔မွန္းထားတာျဖစ္ပါတယ္။

မာေဆးဆိုဒ္ဒါဘီအျပီးမွာ ဘရာဇီး သတင္းသမားေတြက ဝိုက္နယ္ဒမ္ကို အင္တာဗ်ဴးလုပ္ခဲ့ျပီး ေတာင္အေမရိကအသင္း ဖလာမင္ဂိုအေၾကာင္း လံုးဝမသိတဲ့ ဝိုက္နယ္ဒမ္က အေတာ္ေလး အၾကပ္ရိုက္ခဲ့တာျဖစ္တယ္။ ရိုးသားစြာျဖင့္ အားနာတဲ့ မ်က္ႏွာနဲ႔ အေျဖမျပန္ႏုိင္ျဖစ္ေနတဲ့ ဝိုက္နယ္ဒမ္ကို သတင္းသမားေတြက သဲလြန္စေတြ တစ္ခုျပီးတစ္ခု ေပးခဲ့ျပီး ေနာက္ဆံုးမွာ နယ္သာလန္သားက ဖလာမင္ဂိုကို သူမသိပါဘူးလို႔ ပြင့္ပြင့္လင္းလင္း ဝန္ခံခဲ့ပါတယ္။

ဝိုက္နယ္ဒမ္က ဖလာမင္ဂိုမွာ ေရာ္နယ္ဒင္ဟို ကစားခဲ့တာေတာ့ ၾကားဖူးေၾကာင္းကို ေျဖေပမယ့္ ဘရာဇီးကလပ္အေၾကာင္းကို ေသခ်ာမသိတဲ့အျပင္ ဖာလာမင္ဂိုအသင္းမွာ ကစားေနတဲ့ ကစားသမား တစ္ဦးကိုမွလည္း မသိျဖစ္ေနခဲ့တာပါ။

ဖလာမင္ဂိုဟာ ဘရာဇီးဖလားနဲ႔ ေတာ္အေမရိကဖလားေတြကို ဒီရာသီမွာ အႏုိင္ရခဲ့ျပီး သူတို႔ရဲ႕ ဗိုလ္လုပြဲကို ကမၻာအႏွံ႔ ႏုိင္ငံေပါင္း ၁၈၆ ႏုိင္ငံက ေဘာလံုးပရိသတ္ သန္းေပါင္းမ်ားစြာက ၾကည့္ရႈခဲ့ၾကတယ္လို႔ ၾကြားဝါထားျပီး ျပီးခဲ့တဲ့ ဇြန္လတုန္းက လီဗာပူးအသင္း စပါးကို အႏုိင္ရခဲ့တဲ့ ဥေရာပဖလားေအာင္ျမင္မႈထက္ အဆင့္အတန္း ပိုျမင့္တယ္လို႔ ထုတ္ေျပာထားတာပါ။

ဘရာဇီးပရိသတ္ေတြက ၄င္းတို႔ရဲ႕ ကလပ္အသင္း ဖလာမင္ဂို စိုက္ထူးခဲ့တဲ့ သမိုင္းဝင္ ေအာင္ျမင္မႈကို အရမ္း ဂုဏ္ယူေနေပမယ့္ အဓိကျပိဳင္ဘက္ျဖစ္လာႏုိင္တဲ့ လီဗာပူးအသင္းက အသင္းသားတစ္ဦးက သူတို႔အသင္းအေၾကာင္း မသိပါဘူးဆိုတဲ့ မွတ္ခ်က္ေၾကာင့္ ေဒါသတၾကီး ျဖစ္ေနခဲ့ၾကတာျဖစ္ပါတယ္။