ချယ်ဆီးဟာ အာကစားခုံရုံးထံ အပြောင်းအရွှေ့ဆိုင်ရာ အယူခံဝင်မှု လုပ်ထားတဲ့ကိစ္စ အောင်မြင်ခဲ့ပြီး ဇန်နဝါရီမှာ ကလပ်အသင်း အရှိတဲ့အတိုင်း ကစားသမားသစ် ခေါ်ယူဖို့ကို လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီကနေ့ ဆွစ်ဇလန်မှာ ပြုလုပ်တဲ့ ဆုံးဖြတ်ချက်အရ ချယ်ဆီးရဲ့ အယူခံဝင်မှုကို အတည်ပြုခဲ့ပြီး အပြောင်းအရွှေ့ နှစ်ခု ပိတ်သိမ်းမှုအစား တစ်ခုပဲ ပိတ်သိမ်းခဲ့ခြင်းဖြစ်ကာ အဆိုပါ ပြစ်ဒဏ်ကို နွေတုန်းက ကျခံခဲ့ပြီဖြစ်ပါတယ်။ ချယ်ဆိးဘက်ကတော့ အပြောင်းအရွှေ့ ကိစ္စကို အပြီးသတ် ဖြေရှင်းနိုင်ပြီးဖြစ်လို မန်နေဂျာလမ်းပတ်ကို အသုံးစရိတ် ပေါင် ၁၅၀ သန်း ထုတ်ပေးသွားတော့မှာဖြစ်ကြောင်း တယ်လီဂရပ်က အတည်ပြုခဲ့ပါတယ်။

ချယ်ဆီးဟာ အပြောင်းအရွှေ့ ပြစ်ဒဏ်ကို တစ်ဝက်လျော့ခံရရုံတင်မကပဲ ဒဏ်ငွေမှာလည်း ပေါင် ၄၆၀၀၀၀ အစား ပေါင် ၂၃၀၀၀၀ ပဲ ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ထပ်ဆုံးလေးသင်းဝင်ခွင့် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အခွင့်အရေးရှိနေတဲ့ အနေအထားမှာ ချယ်ဆီးက အင်အားဖြည့်မှုတွေကို သေချာပေါက် လုပ်ဆောင်ရမှာပါ။

ဝါရင့်တိုက်စစ်သမားတွေဖြစ်တဲ့ ဂျရူး၊ ပက်ဒရိုတို့ နွေမှာ စာချုပ်ကုန်ပြီဖြစ်သလို တိုက်စစ်သမား ဝီလီယမ်ကလည်း သက်တမ်းတိုးကိစ္စ ဆက်လုပ်ဖွယ်ရှိမရှိ မသေချာသေးတာဖြစ်တယ်။ တိုက်စစ်သမားတွေ အင်အားနည်းပါးနေခြင်းကြောင့် ချယ်ဆီးဟာ လိုင်ယွန်တိုက်စစ်သမား ဒမ်ဘီလီ၊ ဒေါ့မွန်မှ ဆန်ချိုနဲ့ ပဲလေစ့်မှာ ဇာဟာတို့ကို ခေါ်ယူမယ်လို့ သတင်းထွက်နေပါသေးတယ်။

ချယ်ဆီးဟာ မိုရာတာကို ရောင်းထုတ်မှုမှ ရရှိတဲ့ ပေါင် ၅၈ သန်း၊ ဟာဇက်နဲ့ လူးဝစ်ကို နွေတုန်းက လက်လွတ်မှုတွေမှာ ရရှိထားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့တင်ကို အသာတင်အသုံးစရိတ် ပေါင် ၁၅၀ သန်းအား နွေမှာ ရထားတာပါ။ အဆိုပါ အသုံးစရိတ် အားလုံးအား လူသစ်ပြန်ခေါ်ဖို့အတွက် မန်နေဂျာလမ်းပတ်ကို အသုံးပြုခွင့်ပေးမှာဖြစ်တယ်။

မနှစ်ကမှ မန်နေဂျာလောကထဲ စတင်ဝင်ရောက်လာတဲ့ လမ်းပတ်ဟာ သူ့လုပ်သက်မှာ ပထမဆုံးအကြိမ်အဖြစ် ငွေအလုံးအရင်းကို အသုံးပြုခွင့်ရတာဖြစ်ပါတယ်။ ချယ်ဆီးမန်နေဂျာအဖြစ် သူ့ရဲ့ ပထမဆုံး ခေါ်ယူမယ့် ကစားသမားဟာ ဘယ်လို ထိပ်တန်းကစားသမား ဖြစ်လာမလဲကတော့ အတော်ကို စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ အာကစားခံုရံုးထံ အေျပာင္းအေရႊ႔ဆိုင္ရာ အယူခံဝင္မႈ လုပ္ထားတဲ့ကိစၥ ေအာင္ျမင္ခဲ့ျပီး ဇန္နဝါရီမွာ ကလပ္အသင္း အရွိတဲ့အတိုင္း ကစားသမားသစ္ ေခၚယူဖို႔ကို လုပ္ေဆာင္ႏုိင္ခဲ့ျပီျဖစ္ပါတယ္။

ဒီကေန႔ ဆြစ္ဇလန္မွာ ျပဳလုပ္တဲ့ ဆံုးျဖတ္ခ်က္အရ ခ်ယ္ဆီးရဲ႕ အယူခံဝင္မႈကို အတည္ျပဳခဲ့ျပီး အေျပာင္းအေရႊ႔ ႏွစ္ခု ပိတ္သိမ္းမႈအစား တစ္ခုပဲ ပိတ္သိမ္းခဲ့ျခင္းျဖစ္ကာ အဆိုပါ ျပစ္ဒဏ္ကို ေႏြတုန္းက က်ခံခဲ့ျပီျဖစ္ပါတယ္။ ခ်ယ္ဆိးဘက္ကေတာ့ အေျပာင္းအေရႊ႔ ကိစၥကို အျပီးသတ္ ေျဖရွင္းႏုိင္ျပီးျဖစ္လို မန္ေနဂ်ာလမ္းပတ္ကို အသံုးစရိတ္ ေပါင္ ၁၅၀ သန္း ထုတ္ေပးသြားေတာ့မွာျဖစ္ေၾကာင္း တယ္လီဂရပ္က အတည္ျပဳခဲ့ပါတယ္။

ခ်ယ္ဆီးဟာ အေျပာင္းအေရႊ႔ ျပစ္ဒဏ္ကို တစ္ဝက္ေလ်ာ့ခံရရံုတင္မကပဲ ဒဏ္ေငြမွာလည္း ေပါင္ ၄၆၀၀၀၀ အစား ေပါင္ ၂၃၀၀၀၀ ပဲ ေပးေဆာင္ရေတာ့မွာ ျဖစ္ပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္ ထပ္ဆံုးေလးသင္းဝင္ခြင့္ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ခ်န္ပီယံလိဂ္မွာလည္း ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔ အခြင့္အေရးရွိေနတဲ့ အေနအထားမွာ ခ်ယ္ဆီးက အင္အားျဖည့္မႈေတြကို ေသခ်ာေပါက္ လုပ္ေဆာင္ရမွာပါ။

ဝါရင့္တိုက္စစ္သမားေတြျဖစ္တဲ့ ဂ်ရူး၊ ပက္ဒရိုတို႔ ေႏြမွာ စာခ်ဳပ္ကုန္ျပီျဖစ္သလို တိုက္စစ္သမား ဝီလီယမ္ကလည္း သက္တမ္းတိုးကိစၥ ဆက္လုပ္ဖြယ္ရွိမရွိ မေသခ်ာေသးတာျဖစ္တယ္။ တိုက္စစ္သမားေတြ အင္အားနည္းပါးေနျခင္းေၾကာင့္ ခ်ယ္ဆီးဟာ လုိင္ယြန္တုိက္စစ္သမား ဒမ္ဘီလီ၊ ေဒါ့မြန္မွ ဆန္ခ်ိဳနဲ႔ ပဲေလစ့္မွာ ဇာဟာတို႔ကို ေခၚယူမယ္လို႔ သတင္းထြက္ေနပါေသးတယ္။

ခ်ယ္ဆီးဟာ မိုရာတာကို ေရာင္းထုတ္မႈမွ ရရွိတဲ့ ေပါင္ ၅၈ သန္း၊ ဟာဇက္နဲ႔ လူးဝစ္ကို ေႏြတုန္းက လက္လြတ္မႈေတြမွာ ရရွိထားတဲ့ ေျပာင္းေရႊ႔ေၾကးေတြနဲ႔တင္ကို အသာတင္အသံုးစရိတ္ ေပါင္ ၁၅၀ သန္းအား ေႏြမွာ ရထားတာပါ။ အဆိုပါ အသံုးစရိတ္ အားလံုးအား လူသစ္ျပန္ေခၚဖို႔အတြက္ မန္ေနဂ်ာလမ္းပတ္ကို အသံုးျပဳခြင့္ေပးမွာျဖစ္တယ္။

မႏွစ္ကမွ မန္ေနဂ်ာေလာကထဲ စတင္ဝင္ေရာက္လာတဲ့ လမ္းပတ္ဟာ သူ႔လုပ္သက္မွာ ပထမဆံုးအၾကိမ္အျဖစ္ ေငြအလံုးအရင္းကို အသံုးျပဳခြင့္ရတာျဖစ္ပါတယ္။ ခ်ယ္ဆီးမန္ေနဂ်ာအျဖစ္ သူ႔ရဲ႕ ပထမဆံုး ေခၚယူမယ့္ ကစားသမားဟာ ဘယ္လို ထိပ္တန္းကစားသမား ျဖစ္လာမလဲကေတာ့ အေတာ္ကို စိတ္ဝင္စားဖို႔ ေကာင္းေနခဲ့ျပီျဖစ္ပါတယ္။