မန်ချက်စတာယူနိုက်တက် အသင်းဟာ အသင်းရဲ့ သမိုင်းကြောင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် အားကစားဒါရိုက်တာ တစ်ဦးကို ခန့်အပ်သွားမှာဖြစ်ပြီး မန်ယူကစားသမားဟောင်း ဖာဒီနန်ကို အဆိုပါနေရာအတွက် စကားပြောမှု လုပ်နေပါတယ်။

မန်ယူဘက်က တာဝန်ရှိသူအဖြစ် ဝုဒ်ဝတ်က ပုဂ္ဂိုလ်အတော်များများနဲ့ စကားပြောနေပြီး ဖာဒီနန်ကလည်း တစ်ဦးအနေနဲ့ ပါဝင်လာခဲ့တယ်။ လာမယ့်ရာသီ မစခင် ကလပ်အသင်းရဲ့ အာကစားဒါရိုက်တာဖြစ်လာဖို့ အရည်အချင်း ရှိသူတွေထဲ အပြီးသတ် စာရင်းထဲမှာ သူကလည်း ထိပ်တန်းတစ်နေရာက ပါဝင်နေပါတယ်။

ဖာဒီနန်ဟာ အိုထရတ်ဖိုဒ့်ကလပ်အတွက် 12 နှစ်ကြာ ကစားပေးခဲ့သူဖြစ်ပြီး ဈေးကွက်အတွင်း လှုပ်ရှားမှု၊ အကယ်ဒမီနဲ့ အားကစားဆိုင်ရာ အုပ်ချုပ်မှုတွေကို ကိုင်တွယ်နိုင်မဲ့ အရှိန်အဝါရှိသူလို့ မျှော်လင့်ခံလာရတယ်။ ကစားသမားဘဝ အနားယူပြီးနောက်ပိုင်း ရုပ်သံတွေမှာ ဝေဖန်ရေးသမားအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ဖာဒီနန်ဟာ ယူနိုက်တက်ဘက်က ကမ်းလှမ်းမှုတွေ လုပ်မယ်ဆိုရင် လက်ခံဖို့ ရှိပါတယ်။

မန်ယူဘက်က ကလပ်အသင်းအတွက် အရေးပါတဲ့ ရာထူးအတွက် နောက်ဆုံးအဆင့် ဆွေးနွေးမယ့်သူများစာရင်းကို ပြုစုထားခဲ့ပြီဖြစ်ပြီး အေဂျက်စီအီးအို ဗန်ဒါးဆား၊ လိုက်ဇစ် အားကစားဒါရိုက်တာ ပေါမစ်ချယ်နဲ့ ဖာဒီနန်တို့ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖာဒီနန်က ရေပန်းအစားဆုံးလည်း ဖြစ်လာနေခဲ့တယ်။

ပထမဆုံးအကြိမ်အဖြစ် ခန့်အပ်ခံရမယ့် အားကစားဒါရိုက်တာဟာ ကလပ်အသင်းရဲ့ နည်းပြ ဆိုးရှားနဲ့အတူ အနာဂတ်ရေးရာ အရေးကြီးကိစ္စတွေကို ပူးတွဲ တာဝန်ယူရမှာ ဖြစ်ပါတယ်။