မန်ယူအနေနဲ့ လိုင်ယွန်ကွင်းလယ်လူ အန်ဒွမ်ဘီလီကို ခေါ်ယူလိုရင် ပြိုင်ဘက်အသင်းတွေထက် ပြောင်းရွှေ့ကြေး ပိုပေးဖို့လိုမယ်လို့ လိုင်ယွန်အသင်းဥက္ကဌ အော့လက်စ်က ပြောဆိုလိုက်ပါတယ်။

အန်ဒွမ်ဘီလီကို ရဖို့က မန်ယူ၊ မန်စီးတီးနဲ့ ဂျူဗင်တပ် သုံးသင်းလောက်ထိ အပြိုင်ကြိုးစားနေပြီး မန်ယူဘက်က ပြိုင်ဘက်တွေထက် ပြောင်းရွှေ့ကြေး တိုးမပေးဘူးဆိုရင် စီးရီးအေကလပ် ဂျူဗင်တပ်အသင်းကိုပဲ ရောင်းထုတ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

အော့လက်စ်က ” အန်ဒွမ်ဘီလီကို ဂျူဗင်တပ်က အလိုရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် မန်စီးတီး၊ ယူနိုက်တက်နဲ့ ပီအက်ဂျီကလည်း အလိုရှိနေပါတယ်။ ဘာတွေဖြစ်လာမလဲတော့ ကျနော်တို့ ကြည့်ရပါမယ်။ ငွေအကြောင်းကို စကားပြောမှာတော့ မဟုတ်ဘူး။

ကစားသမားတွေကို ရောင်းထုတ်ရာမှာ စီပွားရေးစံနှုန်းတွေနဲ့ တိုင်းတာရမှာပါ။ အသင်းတိုင်းက တူညီတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ပဲ ကမ်းလှမ်းကြမယ်ဆိုရင်တော့ ကျနော် အန်ဒွမ်ဘီလီကို ဂျူဗင်တပ်ကိုပဲ ရောင်းထုတ်ပါမယ် ” လို့ ဆိုခဲ့ပါတယ်။

ဒီဇင်ဘာလကတည်းကစပြီး မန်ချက်စတာနှစ်သင်းဟာ အသက် 21 နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ဟာ နွေအပြောင်းအရွှေ့မှာ ခေါ်ယူခွင့်ရနိုင်ဖို့ အခွင့်အရေးကို ကြိုးစား ရှာဖွေနေခဲ့ကြတာဖြစ်ပါတယ်။