မန်စီးတီးအသင်းဟာ ဘယ်ခြမ်းနောက်ခံလူသစ် ထပ်မံ ၀ယ်ယူတော့မှာ မဟုတ်ဘဲ ဘန်ဂျမင်မန်ဒီကိုပဲ အခွင့်အရေးပေး အသုံးပြုသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မန်စီးတီးခံစစ်မှူး ဒန်နီလို က လစာလျှော့ယူပြီး အင်တာမီလန်အသင်းထံ ပြောင်းဖို့ သဘောတူညီထားတယ်လို့ အီတလီသတင်းများမှာ ဖော်ပြနေကြပြီး မန်စီးတီးဘက်ကတော့ ပိုကောင်းတဲ့ ကမ်းလှမ်းမှုများ ရှိနိုင်မလား စောင့်ကြည့်လိုနေပါတယ်။

ဧပြီလ ပရီးမီးယားလိဂ် အကောင်းဆုံးမန်နေဂျာ ဆုအတွက် ဆန်ခါတင်များ ထွက်ပေါ်လာရာ ပက်ဂွာဒီယိုလာ (မန်စီးတီး)၊ ယာဂင်ကလော့ပ် (လီဗာပူး)၊ စကော့ပါကာ (ဖူဟမ်)နဲ့ ဆန်တို (၀ုဗ်) တို့ ပါဝင်နေပါတယ်။

မန်စီးတီးခံစစ်မှူး ဂျွန်စတုန်းက ပီအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံးကစားသမား ဆု အတွက် စပါးတိုက်စစ်မှူး ဆွန်ယောင်မင်ကို မဲပေးခဲ့တယ်လို့ ဖွင့်ဟ၀န်ခံလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပြင်သစ်ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီအတွက် လိုင်ယွန်အသင်းနဲ့ ပြောဆိုဆွေးနွေးမှုများ စတင်နေပါတယ်။ ၄င်းကို အလိုရှိနေတာက ရီးရဲလ်တစ်သင်းတည်းတော့ မဟုတ်ပါဘူး။ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်တို့ အပြင် ပရီးမီးယားလိဂ်မှ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးတို့ ကလည်း အသက် ၂၂ နှစ်အရွယ် ကွင်းလယ်သမားကို ခေါ်ယူလိုနေတာပါ။

မန်စီးတီး ကစားသမား ဘာနာတိုဆေးဗားက ကလပ်အသင်းဘက်က လာမယ့် အပြောင်းအရွှေ့မှာ ခေါ်ယူပေးဖို့ မျှော်လင့်နေတဲ့ ကစားသမား လေးဦးနာမည်ကို ထုတ်ပြောမှု ပြုလုပ်လာခဲ့ပါတယ်။ သူတို့တွေက ဖီရို၊ ဖီလစ်၊ ဖရော်ရန်တီနိုနဲ့ ဂျိုတာ တို့ဖြစ်ပြီး ပေါ်တူဂီ ကစားသမားတွေဖြစ်ပါတယ်။

အမှတ်ပေးဖလား ချန်ပီယံဖြစ်ဖို့နဲ့ ပက်သက်ပြီး ယာဂင်ကလော့ပ်က ” မန်စီးတီး အရေးနိမ့်လို့ ကျနော်တို့ လိဂ်ကို အနိုင်ရတာထက် ကျနော်တို့ ပွဲတွေကို အနိုင်ရလို့ လိဂ်ကို အနိုင်ရတာပဲ ဖြစ်ချင်ပါတယ်။ အကယ်လို့ အမှတ်ပေးဖလားကို မန်စီးတီး အနိုင်ရမယ်ဆိုရင် သူတို့က အနိုင်ရဖို့ ထိုက်တန်ပါတယ် ” လို့ ပြောပါတယ်။

ပီအက်ဂျီအသင်းရဲ့ ပြင်သစ်သား ကွင်းလယ်ကစားသမား ရာဘီရော့ဟာ ပဲရစ်အခြေစိုက်ကလပ်မှာ အချုပ်ကျတဲ့ အနေအထားကို ရင်ဆိုင်နေရတဲ့လို့ ကစားသမားရဲ့ အေဂျင့်နဲ့ သူ့ရဲ့မိခင်က ပြောဆိုပေမယ့် စပိန်ကလပ်ကို ပြောင်းမှာ မဟုတ်ကြောင်း သတင်းပေးလာပါတယ်။