ရီယိုဖာဒီနန်ကို မန်ချက်စတာ ယူနိုက်တက်အသင်း အားကစားဒါရိုက်တာ အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းများအပေါ် ပရိသတ်များက ထောက်ခံသူများရော မနှစ်သက်သူများပါ ရှိနေ ကွဲပြားနေကြပါတယ်။

မန်ယူ အနေနဲ့ ကိုယ်ပိုင် စိတ်ကူးကမ္ဘာထဲမှာ ကျေနပ်ပျော်ရွှင်နေတဲ့ ပေါ့ဘာလို ကစားသမားကို ဖယ်ထုတ်ဖို့ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ ရွိုင်ကိန်းလို ကစားသမားမျိုး လိုအပ်တယ်လို့ ပေါစခိုးလ်က ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ဧပြီလ အကောင်းဆုံး ကစားသမားဆုကို လူငယ် ကွင်းလယ်ကစားသမား မက် တော်မီနေးက ရရှိသွားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်ကို အသင်း အားကစားဒါရိုက်တာအဖြစ် ခန့်အပ်လိုနေပါတယ်။ ၄င်းရဲ့ စီးပွားရေး အမြင်၊ ဗဟုသုတနဲ့ ကလပ်အသင်းနဲ့ ဆက်နွယ်မှုတွေက ၄င်းကို ထိုရာထူးအတွက် ရွေးချယ်လိုသူများ စာရင်းမှာ ပါဝင်နေစေခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဟာ ပြင်သစ်ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီအတွက် လိုင်ယွန်အသင်းနဲ့ ပြောဆိုဆွေးနွေးမှုများ စတင်နေပါတယ်။ ၄င်းကို အလိုရှိနေတာက ရီးရဲလ်တစ်သင်းတည်းတော့ မဟုတ်ပါဘူး။ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်တို့ အပြင် ပရီးမီးယားလိဂ်မှ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးတို့ ကလည်း အသက် ၂၂ နှစ်အရွယ် ကွင်းလယ်သမားကို ခေါ်ယူလိုနေတာပါ။

မန်ယူဟာ လာမယ့်နွေမှာ အက်သလက်တီကို ဂိုးသမား ဂျန်အော့ဘလက်ကို ၄င်းရဲ့ စာချုပ်ပါအတိုင်း ပေါင် သန်း ၁၀၀ ပေးပြီး ခေါ်ယူရန် ပြင်ဆင်နေပါတယ်။

အီတလီဘက်က သတင်းများအရ စပါးခံစစ်မှူး ထရစ်ပီယာကို နာပိုလီအသင်းက အလိုရှိနေပေမယ့် အသက် ၂၈ နှစ်အရွယ် အင်္ဂလန် လက်ေ်ရွးစင် ကစားသမားဟာ မန်ချက်စတာယူနိုက်တက်သို့ ပြောင်းဖို့ ပို လိုလားနေပါတယ်။

မန်ယူ ဂိုးသမား ဒီဂီယာကို ပီအက်စ်ဂျီအသင်းက ပေါင် သန်း ၉၀ တန် စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီဂီယာရဲ့ လက်ရှိ လုပ်ခက တစ်ပတ် ပေါင် ၂ သိန်း ရရှိနေတာဖြစ်ပြီး ပီအက်စ်ဂျီက တစ်ပတ် ပေါင် ၄သိန်းခွဲနဲ့ နှစ်ရှည် စာချုပ် ပြင်ဆင်နေတာပါ။

ပီအက်ဂျီအသင်းရဲ့ ပြင်သစ်သား ကွင်းလယ်ကစားသမား ရာဘီရော့ဟာ ပဲရစ်အခြေစိုက်ကလပ်မှာ အချုပ်ကျတဲ့ အနေအထားကို ရင်ဆိုင်နေရတဲ့လို့ ကစားသမားရဲ့ အေဂျင့်နဲ့ သူ့ရဲ့မိခင်က ပြောဆိုပေမယ့် စပိန်ကလပ်ကို ပြောင်းမှာ မဟုတ်ကြောင်း သတင်းပေးလာပါတယ်။