အမှတ်ပေးဖလား ချန်ပီယံဖြစ်ဖို့နဲ့ ပက်သက်ပြီး ယာဂင်ကလော့ပ်က ” မန်စီးတီး အရေးနိမ့်လို့ ကျနော်တို့ လိဂ်ကို အနိုင်ရတာထက် ကျနော်တို့ ပွဲတွေကို အနိုင်ရလို့ လိဂ်ကို အနိုင်ရတာပဲ ဖြစ်ချင်ပါတယ်။ အကယ်လို့ အမှတ်ပေးဖလားကို မန်စီးတီး အနိုင်ရမယ်ဆိုရင် သူတို့က အနိုင်ရဖို့ ထိုက်တန်ပါတယ် ” လို့ ပြောပါတယ်။

လီဗာပူးတိုက်စစ်မှူး ဖာမီနိုဟာ ဘာစီလိုနာနဲ့ ပွဲကြို အသင်းထရိန်နင်မှာ ပြန်လည် ပါဝင်ပူးပေါင်းနေခဲ့တာ တွေ့ရပါတယ်။ ဖာမီနိုက ကြွက်သား ဒဏ်ရာ ရှိနေတာကြောင့် ပြီးခဲ့တဲ့ ဟက်ဒါဖီးနဲ့ပွဲမှာ မပါဝင်ခဲ့ပါဘူး။

ကာလရှည် ဒဏ်ရာကနေ ပြန်လာကာစ တိုက်စစ်မှူး ဘရူစတားကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲအတွက် စပိန်ခေါ်သွားရခြင်းက နောက်ရာသီဟာ သူ့ဘောလုံး ရာသီ ဖြစ်လာတော့မှာ ဖြစ်လို့ လို့ ကလော့ပ်က ပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းက ဘာစီလိုနာနဲ့ ပွဲအတွက် လိုက်ပါသွားတဲ့ ကစားသမား ၂၃ ယောက် ကတော့ ဂိုး – အယ်လစ်ဆန်၊ မင်ညိုလတ်၊ ကလဲဟား၊ ခံစစ် – ဗန်ဒိုက်၊ မာတစ်၊ ဂိုမက်၊ လိုဗရန်၊ အာနိုး၊ ရော်ဘတ်ဆန်၊ မိုရီနို၊ ကွင်းလယ် – ဖာဘင်ညို၊ ဟန်ဒါဆန်၊ ၀ိုက်နယ်ဒန်၊ ကိတ်တာ၊ မေနာ၊ ချိန်ဘာလိန်နဲ့ တိုက်စစ် – ဖာမီနို၊ မာနေး၊ ဆာလက်၊ အိုရီဂီ၊ ရှာကွီရီ၊ စတားရစ်၊ ဘရူစတားတို့ ဖြစ်ပါတယ်။

လီဗာပူးအသင်း အနေနဲ့ ဗန်ဒိုက်နဲ့ တွဲဖက် ကစားဖို့ အေဂျက်မှ ဒီလစ်ကို မဖြစ်မနေခေါ်ယူသင့်တယ်လို့ ဟော်လန်ကစားသမားဟောင်းကြီး Mario Melchiot က အလေးအနက် တိုက်တွန်းလိုက်ပါတယ်။

ချန်ပီယံလိဂ်ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ မာနေးကို စပိန်မှာ သွား ကစားချင်သလား ဆိုတဲ့ မေးခွန်း မေးမြန်းခဲ့ကြရာ ဆီနီဂေါသားက ” စပိန်ပြောင်းမယ် ဆိုတဲ့ သတင်းတွေက ခင်ဗျားတို့ပဲ ရေးတာ မဟုတ်ဘူးလား” လို့ တုန့်ပြန်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒူးဒဏ်ရာကနေ ပြန်လာပြီ ဖြစ်တဲ့ ကွင်းလယ်ကစားသမား ချိန်ဘာလိန်ကို လက်ရှိစာချုပ်ကနေ နောက်ထပ် တစ်နှစ် သက်တမ်းထပ်တိုးဖို့ ပြင်ဆင်နေပြီး ချိန်ဘာလိန်ကို ၂၀၂၃ ထိ အသင်းမှာ ဆက်ရှိစေမယ့် စာချုပ်သစ် ဖြစ်ပါတယ်။

ပီအက်ဂျီအသင်းရဲ့ ပြင်သစ်သား ကွင်းလယ်ကစားသမား ရာဘီရော့ဟာ ပဲရစ်အခြေစိုက်ကလပ်မှာ အချုပ်ကျတဲ့ အနေအထားကို ရင်ဆိုင်နေရတဲ့လို့ ကစားသမားရဲ့ အေဂျင့်နဲ့ သူ့ရဲ့မိခင်က ပြောဆိုပေမယ့် စပိန်ကလပ်ကို ပြောင်းမှာ မဟုတ်ကြောင်း သတင်းပေးလာပါတယ်။