မာေဆးဆိုဒ္ အေျခစိုက္ လီဗာပူးအသင္းဟာ “နိုင္ဂ်ီးရီးယားေရာ္ဘင္” ” ေရာ္ဘင္လက္သစ္” လို႕ နာမည္ေက်ာ္လာတဲ့ ဗီလာရီးရဲလ္ တုိက္စစ္မွဴး ခ်က္၀ူဇီကုိ ေခၚယူဖုိ႔ စိတ္ဝင္စားေနပါတယ္။

ခ်က္၀ူဇီကုိ ၿပီးခဲ့တဲ့ရက္ပုိင္းအတြင္း မန္စီးတီးနဲ႔ လီဗာပူးအသင္းေတြနဲ႕ သတင္းထြက္ခဲ့ျပီး ဒါေပမဲ့ လီဗာပူးက ခ်က္၀ူဇီကုိ အမွန္တကယ္ စိတ္ဝင္စားေနတာလုိ႔ မာကာသတင္းဌာနက ဆိုပါတယ္။ လီဗာပူးဟာ ခ်က္ဝူဇီရဲ႕ ေျခစြမ္း တုိးတက္မႈကုိ ေစာင့္ၾကည့္ဖုိ႔ ဒီရာသီ ဗီလာရီးရဲလ္အသင္း ပြဲစဥ္ေတြကုိ ကင္းေထာက္ေတြ ပုံမွန္ ေစလႊတ္ခဲ့တယ္လုိ႔ သိရပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္ရွိတဲ့ ခ်က္ဝူဇီဟာ ၿဗိတိန္အလုပ္လုပ္ခြင့္ပါမစ္ အခက္အခဲေၾကာင့္ အာဆင္နယ္ကုိ ေျပာင္းေရႊ႕ဖုိ႔ ၂ ႀကိမ္တုိင္တုိင္ ျငင္းဆန္ခံရဖူးပါတယ္။ ဗီလာရီးရဲလ္ဟာ ဒီရာသီမွာ ခ်က္၀ူဇီအတြက္ စာခ်ဳပ္ပါေလွ်ာ္ေၾကးကုိ ယူ႐ုိသန္း ၆၀ အထိ တုိးျမႇင့္ခ်ဳပ္ဆုိခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီေစ်းႏႈန္းဟာ ႐ုပ္သံကေန ဝင္ေငြလမ္းေျဖာင့္ေနတဲ့ ပရီးမီးယားလိဂ္ကလပ္ေတြအတြက္ လက္တြန္႔ေစေလာက္တဲ့ ေစ်းႏႈန္းမ်ဳိးမဟုတ္ပါဘူး။

Unicode

မာဆေးဆိုဒ် အခြေစိုက် လီဗာပူးအသင်းဟာ “နိုင်ဂျီးရီးယားရော်ဘင်” ” ရော်ဘင်လက်သစ်” လို့ နာမည်ကျော်လာတဲ့ ဗီလာရီးရဲလ် တိုက်စစ်မှူး ချက်ဝူဇီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ချက်ဝူဇီကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မန်စီးတီးနဲ့ လီဗာပူးအသင်းတွေနဲ့ သတင်းထွက်ခဲ့ပြီး ဒါပေမဲ့ လီဗာပူးက ချက်ဝူဇီကို အမှန်တကယ် စိတ်ဝင်စားနေတာလို့ မာကာသတင်းဌာနက ဆိုပါတယ်။ လီဗာပူးဟာ ချက်ဝူဇီရဲ့ ခြေစွမ်း တိုးတက်မှုကို စောင့်ကြည့်ဖို့ ဒီရာသီ ဗီလာရီးရဲလ်အသင်း ပွဲစဉ်တွေကို ကင်းထောက်တွေ ပုံမှန် စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိတဲ့ ချက်ဝူဇီဟာ ဗြိတိန်အလုပ်လုပ်ခွင့်ပါမစ် အခက်အခဲကြောင့် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ၂ ကြိမ်တိုင်တိုင် ငြင်းဆန်ခံရဖူးပါတယ်။ ဗီလာရီးရဲလ်ဟာ ဒီရာသီမှာ ချက်ဝူဇီအတွက် စာချုပ်ပါလျှော်ကြေးကို ယူရိုသန်း ၆၀ အထိ တိုးမြှင့်ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဈေးနှုန်းဟာ ရုပ်သံကနေ ဝင်ငွေလမ်းဖြောင့်နေတဲ့ ပရီးမီးယားလိဂ်ကလပ်တွေအတွက် လက်တွန့်စေလောက်တဲ့ ဈေးနှုန်းမျိုးမဟုတ်ပါဘူး။