ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ မန်ယူနဲ့ သတင်းတွေထွက်ထားပြီး နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်မယ့် ကစားသမား သုံးဦးကို ဖော်ပြပါတယ်။

ဒီယေဂိုဂိုဒင်

အက်သလက်တီကို မက်ဒရစ် ခံစစ်ကစားသမား ဒီယေဂို ဂိုဒင်ဟာ ပြီးခဲ့တဲ့ နွေရာသီ ကမ္ဘာ့ဖလား အပြီးမှာ ဟိုဆေးမော်ရင်ညိုရဲ့ ပစ်မှတ်ကစားသမားတွေထဲက တစ်ယောက်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဂိုဒင်က စပိန်မှာဆက်ရှိနေဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။ ဒီရာသီတစ်ခုလုံးမှာ တီကိုကစားသမားအဖြစ် ဆက်ရှိနေခဲ့တဲ့ ဂိုဒင်ဟာ ဘောလုံးရာသီ အကုန်မှာတော့ အလွတ်နဲ့ ထွက်ခွာခွင့်ရတော့မှာပါ။

ကလပ်အသင်း အများအပြားက ဂိုဒင်ဂို ခေါ်ယူဖို့ စကားပြောနေခဲ့ပေမယ့် အတည်ပြု သတင်းတွေ မထွက်လာသေးပါဘူး။ မန်ချက်စတာယူနိုက်တက်က ဗဟိုခံစစ်တယောက်ကို အလိုရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီမှာ ကလပ်ဘက်က ခေါ်ယူပေးဖို့ ပျက်ကွက်ခဲ့တဲ့ ဂိုဒင်ဟို နွေမှာ စကားပြောခွင့်ရမှာဖြစ်တယ်။ ပြောင်းရွှေ့ကြေး ပေးရဖို့မရှိပေမယ့် လက်မှတ်ထိုးကြေး ပေးရမယ့် ဝါရင့်ခံစစ်သမားကို ဆိုးရှား အလိုရှိမလား စောင့်ကြည့်ရပါမယ်။

ရာဘီရော့

ပီအက်ဂျီအသင်းရဲ့ ပြင်သစ်သား ကွင်းလယ်ကစားသမား ရာဘီရော့ဟာ ပဲရစ်အခြေစိုက်ကလပ်မှာ အချုပ်ကျတဲ့ အနေအထားကို ရင်ဆိုင်နေရတယ်လို့ ကစားသမားရဲ့ အေဂျင့်နဲ့ သူ့ရဲ့မိခင်က ပြောဆိုပေမယ့် စပိန်ကလပ်ကို ပြောင်းမှာ မဟုတ်ကြောင်း သတင်းပေးထားပါတယ်။ ရာသီကုန်ရင် ရာဘီရော့ကို ပြင်သစ်ကနေ ထွက်ခွာစေမှာဖြစ်ပေမယ့် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းမှာတော့ မဟုတ်ပါဘူး။

ရာဘီရော့ဟာ ရာသီအစောပိုင်းက ပီအက်ဂျီရဲ့ သက်တမ်းတိုးကိစ္စ ကမ်းလှမ်းမှုတွေကို ဆက်တိုက်ဆိုသလို ပယ်ချခဲ့ရာက ကလပ်နဲ့ ကစားသမားကြား မကျေလယ်မှုတွေ ဖြစ်လာခဲ့တာပါ။ ရာဘီရော့ဟာ နွေမှာ ပီအက်ဂျီနဲ့ စာချုပ်ကုန်မှာဖြစ်ပြီး စိတ်ကြိုက် ကလပ်အသင်းတွေထံ ပြောင်းခွင့် ရှိပါမယ်။ လီဗာပူး၊ စပါး၊ မန်ယူနဲ့ အာဆင်နယ်တို့က သူ့ကို အလိုရှိနေပြီး နွေမှာတော့ တရားဝင် ဆွေးနွေးမှုတွေကို ဘယ်အသင်းက လက်ဦးမှုယူမလဲ စောင့်ကြည့်ခံနေရပါတယ်။

ဖိလစ် လူးဝစ်

တီကိုအစွန်ကစားသမား ဖိလစ် လူးဝစ်ဟာ နွေမှာတော့ မက်ဒရစ်အခြေစိုက်ကလပ်နဲ့ စာချုပ်ကုန်ဆုံးပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးမှာ မအောင်မြင်ခဲ့တဲ့ လူးဝစ်ဟာ မန်ယူပစ်မှတ်ထဲ ပါဝင်ထားခဲ့တဲ့ ကစားသမားပါ။ သူဟာ အနာဂတ် ကလပ်အသင်းသစ်ကို ရှာဖွေနိုင်ခြင်း မရှိသေးတာက ဥရောပ ကလပ်တွေအတွက် စိတ်လှုပ်ရှားစရာပါ။ ဘာစီလိုနာကလည်း ဘယ်အစွန်လူကို ၄င်းတို့ ခေါ်ယူလိုတဲ့ ပစ်မှတ်ထဲ ထည့်သွင်းထားကြောင်း သိရပါတယ်။