အာဆင်နယ် ကွင်းလယ်ကစားသမား ဂျိုးဝယ်လော့ခ်က နည်းပြ ယွန်းဘတ်ဟာ ကစားသမားတွေနဲ့ ကောင်းမွန်တဲ့ အချိတ်ဆက်၊ ဆက်ဆံရေး များ ရှိထားတာကြောင့် အားကိုးရသူ ဖြစ်တယ်လို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။

နာပိုလီနည်းပြဟောင်း အန်ဆယ်လော့တီကို အာဆင်နယ်က နည်းပြရာထူးအတွက် ချိတ်ဆက်နေတဲ့ အပေါ် ယွန်းဘတ်ကတော့ ဘာမှတ်ချက်မှ မပေးလိုဘဲ အသင်းက ရွေးချယ်မှာ ဖြစ်ကြောင်း တုန့်ပြန် ဖြေကြားခဲ့ပါတယ်။

ဝက်စ်ဟမ်းကို နိုင်တဲ့ပွဲမှာ ဆယ်ကျော်သက် ဘရာဇီးသား တိုက်စစ်သမား မာတင်နယ်လီ အထူးခြေစွမ်းပြသွားတာကြောင့် ဒီနေ့ည စတန်းဒက် လိဂ်နဲ့ ယူရိုပါလိဂ်ပွဲမှာ အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီ အနေနဲ့ အစွမ်းပြနိုင်ဖို့ လိုအပ်နေကြောင်း အင်္ဂလန်အခြေစိုက် သတင်းများက သုံးသပ်ထားပါတယ်။

မန်စီးတီး လက်ထောက် နည်းပြ အာတီတာက အာဆင်နယ် နည်းပြရာထူးကို စိတ်ဝင်စားပေမယ့် ၎င်းအတွက် အာဆင်နယ် ဘုတ်အဖွဲ့ က အာမခံချက်နဲ့ ထောက်ခံမှု ဘယ်လောက် ပေးနိုင်မလဲအပေါ် သိရှိ လိုနေပါတယ်။

အာဆင်နယ် ကစားသမားဟောင်းကြီး ရေးပါလာက အန်ဆယ်လော့တီဟာ နာမည်ကျော် နည်းပြ မော်ရင်ညိုကဲ့သို့ အောင်မြင်မှုနဲ့ အစဉ်အလာကောင်းတွေ ရှိတဲ့ နည်းပြ ဖြစ်တာကြောင့် အာဆင်နယ် နည်းပြ နေရာအတွက် ခေါ်ယူသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

ကြာသပတေးနေ့ည စတန်းဒက်လိဂ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ အာဆင်နယ်ဘက်မှ ရော်ဘီဘာတန်၊ တိုင်ရီစ် ဂျွန်ဂျူးစ်နဲ့ ဂျိမ်းစ် အိုလာရင်ကာ စတဲ့ အကယ်ဒမီ လူငယ်ကစားသမားလေးများ ပါဝင် ကစားခွင့် ရဖွယ် ရှိပါတယ်။

Zawgyi

အာဆင္နယ္ ကြင္းလယ္ကစားသမား ဂ်ိဳး၀ယ္ေလာ့ခ္က နည္းျပ ယြန္းဘတ္ဟာ ကစားသမားေတြနဲ႕ ေကာင္းမြန္တဲ့ အခ်ိတ္ဆက္၊ ဆက္ဆံေရး မ်ား ရွိထားတာေၾကာင့္ အားကိုးရသူ ျဖစ္တယ္လို႔ ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

နာပိုလီနည္းျပေဟာင္း အန္ဆယ္ေလာ့တီကို အာဆင္နယ္က နည္းျပရာထူးအတြက္ ခ်ိတ္ဆက္ေနတဲ့ အေပၚ ယြန္းဘတ္ကေတာ့ ဘာမွတ္ခ်က္မွ မေပးလိုဘဲ အသင္းက ေရြးခ်ယ္မွာ ျဖစ္ေၾကာင္း တုန္႔ျပန္ ေျဖၾကားခဲ့ပါတယ္။

၀က္စ္ဟမ္းကို နိုင္တဲ့ပြဲမွာ ဆယ္ေက်ာ္သက္ ဘရာဇီးသား တိုက္စစ္သမား မာတင္နယ္လီ အထူးေျခစြမ္းျပသြားတာေၾကာင့္ ဒီေန႔ည စတန္းဒက္ လိဂ္နဲ႕ ယူရိုပါလိဂ္ပြဲမွာ အာဆင္နယ္ တိုက္စစ္မွဴး လာကာဇက္တီ အေနနဲ႕ အစြမ္းျပနုိင္ဖို႔ လိုအပ္ေနေၾကာင္း အဂၤလန္အေျခစိုက္ သတင္းမ်ားက သံုးသပ္ထားပါတယ္။

မန္စီးတီး လက္ေထာက္ နည္းျပ အာတီတာက အာဆင္နယ္ နည္းျပရာထူးကို စိတ္၀င္စားေပမယ့္ ၄င္းအတြက္ အာဆင္နယ္ ဘုတ္အဖြဲ႕ က အာမခံခ်က္နဲ႕ ေထာက္ခံမႈ ဘယ္ေလာက္ ေပးနုိင္မလဲအေပၚ သိရွိ လိုေနပါတယ္။

အာဆင္နယ္ ကစားသမားေဟာင္းၾကီး ေရးပါလာက အန္ဆယ္ေလာ့တီဟာ နာမည္ေက်ာ္ နည္းျပ ေမာ္ရင္ညိဳကဲ့သို႔ ေအာင္ျမင္မႈနဲ႕ အစဥ္အလာေကာင္းေတြ ရိွတဲ့ နည္းျပ ျဖစ္တာေၾကာင့္ အာဆင္နယ္ နည္းျပ ေနရာအတြက္ ေခၚယူသင့္ေၾကာင္း တိုက္တြန္းလိုက္ပါတယ္။

ၾကာသပေတးေန႔ည စတန္းဒက္လိဂ္နဲ႕ ယူရိုပါလိဂ္ ပြဲစဥ္မွာ အာဆင္နယ္ဘက္မွ ေရာ္ဘီဘာတန္၊ တိုင္ရီစ္ ဂၽြန္ဂ်ဴးစ္နဲ႕ ဂ်ိမ္းစ္ အိုလာရင္ကာ စတဲ့ အကယ္ဒမီ လူငယ္ကစားသမားေလးမ်ား ပါ၀င္ ကစားခြင့္ ရဖြယ္ ရွိပါတယ္။