လီဗာပူး ခံစစ်မှူး ဗန်ဒိုက်က အသင်းခေါင်းဆောင် ဟန်ဒါဆန်က လီဗာပူးမှာ အရေးကြီးတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ခေါင်းဆောင်ကောင်း ဖြစ်တယ်လို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။

အသင်း ပြင်ပမှာ ဟန်ဒါဆန်ရဲ့ အရည်အချင်းကို တခါတလေ သတိပြုခြင်း မခံရပေမယ့် အသင်းတွင်းမှာတော့ ဟန်ဒါဆန်ရဲ့ အားထုတ်မှုနဲ့ အရည်အချင်းတွေကို အားလုံး သဘောပေါက်ကြကြောင်း ဗန်ဒိုက် က ပြောခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဆဲလ်ဘတ်အသင်း တိုက်စစ်မှူး တာကူမိ မီနန်မီနိုကို ဇန်နဝါရီမှာ ပေါင် ၇.၂၅ သန်းနဲ့ ခေါ်ယူဖို့ အတွက် အကြို သဘောတူညီမှု ရခဲ့ပြီလို့ သတင်းထွက်ပေါ်လာပါတယ်။

ဆဲလ်ဘတ်အသင်းဘက်ကလည်း ၎င်းတို့ တိုက်စစ်သမား မီနန်မီနိုကို လီဗာပူးအသင်းက စိတ်ဝင်စား ချိတ်ဆက်နေကြောင်း တွစ်တာမှာ အတည်ပြု ရေးသားထားပါတယ်။ ဂျပန်တိုက်စစ်မှူးကို ယူနိုက်တက်ကလည်း ပစ်မှတ်ထားနေခဲ့တာပါ။

ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာ လီဗာပူးနဲ့ ရင်ဆိုင်ရရင်လည်း အင်္ဂလန်ကလပ်အသင်းကို ဖြုတ်ချရမှာပေါ့လို့ ရီးရဲလ်မက်ဒရစ် အသင်းနည်းပြ ဇီဒန်းက ပြောကြားခဲ့ပါတယ်။

လီဗာပူးနဲ့ နယူးကာဆယ် နည်းပြဟောင်း ရာဖေးဘင်နီတက်ဇ်ကို ဝက်စ်ဟမ်းအသင်းက နည်းပြ ရာထူးအတွက် ချဉ်းကပ် ကမ်းလှမ်းခဲ့ပေမယ့် ဘင်နီတက်ဇ်က ပယ်ချသွားပါတယ်။

Zawgyi

လီဗာပူး ခံစစ္မွဴး ဗန္ဒိုက္က အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က လီဗာပူးမွာ အေရးၾကီးတဲ့ ကစားသမား တစ္ဦး ျဖစ္ျပီး ေခါင္းေဆာင္ေကာင္း ျဖစ္တယ္လို႔ ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

အသင္း ျပင္ပမွာ ဟန္ဒါဆန္ရဲ႕ အရည္အခ်င္းကို တခါတေလ သတိျပဳျခင္း မခံရေပမယ့္ အသင္းတြင္းမွာေတာ့ ဟန္ဒါဆန္ရဲ႕ အားထုတ္မႈနဲ႕ အရည္အခ်င္းေတြကို အားလံုး သေဘာေပါက္ၾကေၾကာင္း ဗန္ဒိုက္ က ေျပာခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ဆဲလ္ဘတ္အသင္း တိုက္စစ္မွဴး တာကူမိ မီနန္မီနိုကို ဇန္န၀ါရီမွာ ေပါင္ ၇.၂၅ သန္းနဲ႕ ေခၚယူဖို႔ အတြက္ အၾကိဳ သေဘာတူညီမႈ ရခဲ့ျပီလို႔ သတင္းထြက္ေပၚလာပါတယ္။

ဆဲလ္ဘတ္အသင္းဘက္ကလည္း ၄င္းတို႔ တိုက္စစ္သမား မီနန္မီနိုကို လီဗာပူးအသင္းက စိတ္၀င္စား ခ်ိတ္ဆက္ေနေၾကာင္း တြစ္တာမွာ အတည္ျပဳ ေရးသားထားပါတယ္။ ဂ်ပန္တိုက္စစ္မွဴးကို ယူနိုက္တက္ကလည္း ပစ္မွတ္ထားေနခဲ့တာပါ။

ခ်န္ပီယံလိဂ္ ရွံဳးထြက္ အဆင့္မွာ လီဗာပူးနဲ႕ ရင္ဆိုင္ရရင္လည္း အဂၤလန္ကလပ္အသင္းကို ျဖဳတ္ခ်ရမွာေပါ့လို႔ ရီးရဲလ္မက္ဒရစ္ အသင္းနည္းျပ ဇီဒန္းက ေျပာၾကားခဲ့ပါတယ္။

လီဗာပူးနဲ႕ နယူးကာဆယ္ နည္းျပေဟာင္း ရာေဖးဘင္နီတက္ဇ္ကို ၀က္စ္ဟမ္းအသင္းက နည္းျပ ရာထူးအတြက္ ခ်ဥ္းကပ္ ကမ္းလွမး္ခဲ့ေပမယ့္ ဘင္နီတက္ဇ္က ပယ္ခ်သြားပါတယ္။