လီဗာပူးဟာ ဆဲလ်ဘတ်အသင်း တိုက်စစ်သမား မီနာမီနိုကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ကြိုးစားနေပြပီး အဆိုပါ သတင်းကို ဆဲလ်ဘတ်အသင်း အားကစားဒါရိုက်တာက အတည်ပြုသွားခဲ့ပါတယ်။

ဂျပန်တိုက်စစ်သမားဟာ ဆဲလ်ဘတ်နဲ့ ၂၀၂၁ ခုနှစ်ထိပဲ စာချုပ်ရှိတာဖြစ်ပြီး သူ့ကို ခေါ်ယူလိုတယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၇.၂ သန်း ပေးရမှာဖြစ်တယ်။ လီဗာပူးက ကစားသမားကို ဇန်နဝါရီမှာတင် ခေါ်ယူဖို့ စတင် ညိနှိုင်းနေတာဖြစ်ပြီး ခေါ်ယူနိုင်မယ့် အလားအလာကောင်းကိုလည်း ပိုင်ဆိုင်ထားတယ်လို့ သတင်းထွက်လာတာဖြစ်တယ်။

ဆဲလ်ဘတ် အားကစားဒါရိုက်တာ Christoph Freund က ၎င်းတို့ ကလပ်အသင်း တရားဝင် ဝဘ်ဆိုဒ်ကနေပြီး မီနာမီနို သတင်းကို အဖြေပေးရာမှာ ” လက်ရှိမှာ လီဗာပူးနဲ့ မီနာမီနို အပြောင်းအရွှေ့ကိစ္စ စကားပြောနေတယ်ဆိုတာ ကျနော် အတည်ပြုပေးပါတယ်။ လီဗာပူးလို ကလပ်အသင်းက ကျနေ်ာတို့အသင်း ကစားသမားကို စိတ်ဝင်စားနေတာကို ဂုဏ်ယူမိပါတယ် ” လို့ ထုတ်ဖော်သွားတာဖြစ်ပါတယ်။

လက်ရှိ ဈေးကွက်မှာ ယူရို ၂၅ သန်း ဈေးပေါက်တဲ့ မီနာမီနိုကို စာချုပ်ပါအရ ပေါင် ၇.၂ သန်းနဲ့ ခေါ်ယူခွင့် ရှိနေတာပါ။ မန်နေဂျာ ယာဂင်ကလော့ပ်က ကစားသမားကို နှစ်သက်ခြင်းကြောင့် အားကစားဒါရိုက်တာ အဒ်ဝတ်က ခပ်မြန်မြန် ဝင်ရောက် ဆွေးနွေးခြင်းလို့ ယူဆရတယ်။ မီနာမီနိုဟာ ဥရောပကို ပြောင်းလာခဲ့တာ ၆ နှစ်ရှိနေပြီဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်ပဲ ရှိပါသေးတယ်။

ဆဲလ်ဘတ်မှာ နော်ဝေသား ဆယ်ကျော်သက်တိုက်စစ်သမား ဟာလန်နဲ့ တောင်းကိုးရီးယား လူငယ်တိုက်စစ်မှူး ဟွမ်ဟီချန်တို့နဲ့ တွဲဘက် ကစားနေတဲ့ မီနာမီနိုဟာ တိုက်စစ်ပိုင်း နေရာစုံ ကစားနိုင်သူဖြစ်ပြီး ဘယ်တောင်ပံကို အထူး ကျွမ်းကျင်ကာ ဂိုးသွင်းနှုန်းကောင်းမွန်သူလည်း ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ဆဲလ္ဘတ္အသင္း တိုက္စစ္သမား မီနာမီႏိုကို ဇန္နဝါရီမွာ ေခၚယူဖို႔ ၾကိဳးစားေနျပပီး အဆိုပါ သတင္းကို ဆဲလ္ဘတ္အသင္း အားကစားဒါရိုက္တာက အတည္ျပဳသြားခဲ့ပါတယ္။

ဂ်ပန္တိုက္စစ္သမားဟာ ဆဲလ္ဘတ္နဲ႔ ၂၀၂၁ ခုႏွစ္ထိပဲ စာခ်ဳပ္ရွိတာျဖစ္ျပီး သူ႔ကို ေခၚယူလိုတယ္ဆိုရင္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၇.၂ သန္း ေပးရမွာျဖစ္တယ္။ လီဗာပူးက ကစားသမားကို ဇန္နဝါရီမွာတင္ ေခၚယူဖို႔ စတင္ ညိႏိႈင္းေနတာျဖစ္ျပီး ေခၚယူႏုိင္မယ့္ အလားအလာေကာင္းကိုလည္း ပိုင္ဆိုင္ထားတယ္လို႔ သတင္းထြက္လာတာျဖစ္တယ္။

ဆဲလ္ဘတ္ အားကစားဒါရိုက္တာ Christoph Freund က ၄င္းတို႔ ကလပ္အသင္း တရားဝင္ ဝဘ္ဆိုဒ္ကေနျပီး မီနာမီႏို သတင္းကို အေျဖေပးရာမွာ ” လက္ရွိမွာ လီဗာပူးနဲ႔ မီနာမီႏို အေျပာင္းအေရႊ႔ကိစၥ စကားေျပာေနတယ္ဆိုတာ က်ေနာ္ အတည္ျပဳေပးပါတယ္။ လီဗာပူးလို ကလပ္အသင္းက က်ေန္ာတို႔အသင္း ကစားသမားကို စိတ္ဝင္စားေနတာကို ဂုဏ္ယူမိပါတယ္ ” လို႔ ထုတ္ေဖာ္သြားတာျဖစ္ပါတယ္။

လက္ရွိ ေစ်းကြက္မွာ ယူရို ၂၅ သန္း ေစ်းေပါက္တဲ့ မီနာမီႏိုကို စာခ်ဳပ္ပါအရ ေပါင္ ၇.၂ သန္းနဲ႔ ေခၚယူခြင့္ ရွိေနတာပါ။ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ကစားသမားကို ႏွစ္သက္ျခင္းေၾကာင့္ အားကစားဒါရိုက္တာ အဒ္ဝတ္က ခပ္ျမန္ျမန္ ဝင္ေရာက္ ေဆြးေႏြးျခင္းလို႔ ယူဆရတယ္။ မီနာမီႏိုဟာ ဥေရာပကို ေျပာင္းလာခဲ့တာ ၆ ႏွစ္ရွိေနျပီျဖစ္ျပီး အသက္ ၂၄ ႏွစ္အရြယ္ပဲ ရွိပါေသးတယ္။

ဆဲလ္ဘတ္မွာ ေနာ္ေဝသား ဆယ္ေက်ာ္သက္တိုက္စစ္သမား ဟာလန္နဲ႔ ေတာင္းကိုးရီးယား လူငယ္တိုက္စစ္မွဴး ဟြမ္ဟီခ်န္တို႔နဲ႔ တြဲဘက္ ကစားေနတဲ့ မီနာမီႏိုဟာ တိုက္စစ္ပိုင္း ေနရာစံု ကစားႏုိင္သူျဖစ္ျပီး ဘယ္ေတာင္ပံကို အထူး ကၽြမ္းက်င္ကာ ဂိုးသြင္းႏႈန္းေကာင္းမြန္သူလည္း ျဖစ္ပါတယ္။