ယူနိုက်တက်ဟာ ကြာသပတေးနေ့ည ယူရိုပါလိဂ်ပွဲစဉ်မှာ အေဇက် အယ်လ်ခ်မာအသင်းကို လေးဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် နိုင်ပွဲရခဲ့ပါတယ်။ ထိုပွဲမှာ ယူနိုက်တက် တိုက်စစ်လူငယ်လေး ဂရင်းဝုဒ်က နှစ်ဂိုး သွင်းပေးခဲ့ပြီး ၁၈ နှစ်သား လူငယ်လေးရဲ့ ခြေစွမ်းကို ယူနိုက်တက် နည်းပြ ဆိုးရှားက ထုတ်ဖော် ချီးကျူးခဲ့ရပါတယ်။

ဆိုးရှားက ဆယ်ကျော်သက် တိုက်စစ်မှူးလေး ဂရင်းဝုဒ်က ခံစစ်မှူးတွေ အတွက် အိပ်မက်ဆိုး ဖြစ်လာနေပြီလို့ ဆိုခဲ့ပါတယ်။ ဂရင်းဝုဒ် သွင်းဂိုးတွေက ယူနိုက်တက်ကို အုပ်စု ဗိုလ်အဖြစ် နောက်တစ်ဆင့် တက်သွားအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၎င်းရဲ့ ဒီရာသီ ကလပ်အသင်း သွင်းဂိုးကလည်း ၆ ဂိုးထိ ရှိလာခဲ့ပါပြီ။

ဆိုးရှားက ဂရင်းဝုဒ်ကို သူမြင်ဖူးတဲ့ လူငယ်တိုက်စစ်သမားတွေထဲမှာ အကောင်းဆုံးလို့ဆိုကာ ယူနိုက်တက်ဂန္တဝင်ကြီး ရွန်းနီ ငယ်စဉ်ကနဲ့ နှိုင်းယှဉ် ပြောဆိုမှုလည်း ပြုခဲ့ပြီး ဂရင်းဝုဒ်ဟာ ခေါင်းတိုက်တာတွေ အတွက် ဆက်လက် တိုးတက်အောင် လုပ်ရဦးမယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

” ကျနော် ဒါတွေ အရင်ကလည်း ပြောခဲ့ဖူးတယ် ထင်တယ် အသစ် မရှိပါဘူး။ သူ (ဂရင်းဝုဒ်) ဒီည ၂ ဂိုး သွင်းတယ်။ မနက်ဖြန် မနက် အသင်း ထရိန်နင်ကိုလာပြီးလည်း နောက်ထပ် ဂိုးတွေ သွင်းဦးမှာပဲ။ သူ ဒီလို အမြဲ လုပ်ခဲ့တာ။ သူ့အတွက် ဒါက သဘာဝအတိုင်း ပုံမှန် သွင်းနေကျလိုပဲ။ ဂိုးနား ပိုနီးလာလေလေ သူက ကြောက်စရာဖြစ်လာလေလေပဲ။ ဘယ်ခြေ ညာခြေ အကုန် ရတဲ့ သူက ခံစစ်မှူးတွေအတွက် အိပ်မက်ဆိုး တစ်ခုပဲ။ ”

” သူက တိုက်စစ်မှူးကောင်း တစ်ယောက် ဖြစ်လာဖို့ဆို ခေါင်းတိုက်တဲ့ အပိုင်းတွေ တိုးတက်ဖို့လိုသေးတယ်။ ကျနော် ငယ်ရွယ်တဲ့ တိုက်စစ်မှူးကောင်းတွေ တချို့ မြင်ဖူးခဲ့တယ်။ ကျနော် ဝါဇာ (ဝိန်း ရွန်းနီ)နဲ့လည်း ကစားဖူးတယ်။ တကယ့် တိုက်စစ်မှူး စစ်စစ် တစ်ယောက် ဖြစ်တဲ့ သူ (ဂရင်းဝုဒ်)ကတော့ ကျနေ်ာ မြင်ဖူးတဲ့ထဲ အကောင်းဆုံး တစ်ယောက်ပါ။ ”

” ပရီးမီးယားလိဂ်မှာ သူ့ကို ကစားစေဖို့ ကျနော် ကြောက်နေမှာ မဟ ုတ်ဘူး။ သူ့အတွက် လမ်းကြောင်းမှန် ရှာပေးဖို့ပဲ လိုတာပါ။ သူကတော့ ကစားဖို့ အသင့်ဖြစ်နေပြီ။ ” လို့ ဆိုးရှားက ဆိုပါတယ်။

ယူရိုပါလိဂ်မှာ တည်ငြိမ်စွာ နိုင်ပွဲ ယူပြီး နောက်တစ်ဆင့် တက်သွားတဲ့ ယူနိုက်တက်ဟာ ဒီတပတ် ပြည်တွင်းမှာတော့ အဲဗာတန်နဲ့ ရင်ဆိုင် ကစားဖို့ ရှိနေပါတယ်။

Zawgyi

ယူနိုက္တက္ဟာ ၾကာသပေတးေန႔ည ယူရိုပါလိဂ္ပြဲစဥ္မွာ ေအဇက္ အယ္လ္ခ္မာအသင္းကို ေလးဂိုး ဂိုးမရွိနဲ႕ အျပတ္အသတ္ နုိ္င္ပြဲရခဲ့ပါတယ္။ ထိုပြဲမွာ ယူနိုက္တက္ တိုက္စစ္လူငယ္ေလး ဂရင္း၀ုဒ္က နွစ္ဂိုး သြင္းေပးခဲ့ျပီး ၁၈ နွစ္သား လူငယ္ေလးရဲ႕ ေျခစြမ္းကုိ ယူနိုက္တက္ နည္းျပ ဆိုးရွားက ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့ရပါတယ္။

ဆုိးရွားက ဆယ္ေက်ာ္သက္ တိုက္စစ္မွဴးေလး ဂရင္း၀ုဒ္က ခံစစ္မွဴးေတြ အတြက္ အိပ္မက္ဆိုး ျဖစ္လာေနျပီလို႔ ဆိုခဲ့ပါတယ္။ ဂရင္း၀ုဒ္ သြင္းဂိုးေတြက ယူနုိက္တက္ကို အုပ္စု ဗိုလ္အျဖစ္ ေနာက္တစ္ဆင့္ တက္သြားေအာင္ စြမ္းေဆာင္နုိင္ခဲ့ျပီး ၄င္းရဲ႕ ဒီရာသီ ကလပ္အသင္း သြင္းဂိုးကလည္း ၆ ဂိုးထိ ရွိလာခဲ့ပါျပီ။

ဆိုးရွားက ဂရင္း၀ုဒ္ကို သူျမင္ဖူးတဲ့ လူငယ္တိုက္စစ္သမားေတြထဲမွာ အေကာင္းဆံုးလို႔ဆိုကာ ယူႏုိက္တက္ဂႏၱဝင္ၾကီး ရြန္းနီ ငယ္စဥ္ကနဲ႕ နိႈင္းယွဥ္ ေျပာဆိုမႈလည္း ျပဳခဲ့ျပီး ဂရင္း၀ုဒ္ဟာ ေခါင္းတိုက္တာေတြ အတြက္ ဆက္လက္ တိုးတက္ေအာင္ လုပ္ရဦးမယ္လို႔လည္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

” က်ေနာ္ ဒါေတြ အရင္ကလည္း ေျပာခဲ့ဖူးတယ္ ထင္တယ္ အသစ္ မရွိပါဘူး။ သူ (ဂရင္း၀ုဒ္) ဒီည ၂ ဂိုး သြင္းတယ္။ မနက္ျဖန္ မနက္ အသင္း ထရိန္နင္ကိုလာျပီးလည္း ေနာက္ထပ္ ဂိုးေတြ သြင္းဦးမွာပဲ။ သူ ဒီလို အျမဲ လုပ္ခဲ့တာ။ သူ႔အတြက္ ဒါက သဘာ၀အတိုင္း ပံုမွန္ သြင္းေနက်လိုပဲ။ ဂိုးနား ပိုနီးလာေလေလ သူက ေၾကာက္စရာျဖစ္လာေလေလပဲ။ ဘယ္ေျခ ညာေျခ အကုန္ ရတဲ့ သူက ခံစစ္မွဴးေတြအတြက္ အိပ္မက္ဆိုး တစ္ခုပဲ။ ”

” သူက တိုက္စစ္မွဴးေကာင္း တစ္ေယာက္ ျဖစ္လာဖို႔ဆို ေခါင္းတိုက္တဲ့ အပိုင္းေတြ တိုးတက္ဖို႔လိုေသးတယ္။ က်ေနာ္ ငယ္ရြယ္တဲ့ တိုက္စစ္မွဴးေကာင္းေတြ တခ်ိဳ႕ ျမင္ဖူးခဲ့တယ္။ က်ေနာ္ ၀ါဇာ (၀ိန္း ရြန္းနီ)နဲ႕လည္း ကစားဖူးတယ္။ တကယ့္ တိုက္စစ္မွဴး စစ္စစ္ တစ္ေယာက္ ျဖစ္တဲ့ သူ (ဂရင္း၀ုဒ္)ကေတာ့ က်ေန္ာ ျမင္ဖူးတဲ့ထဲ အေကာင္းဆံုး တစ္ေယာက္ပါ။ ”

” ပရီးမီးယားလိဂ္မွာ သူ႔ကို ကစားေစဖို႔ က်ေနာ္ ေၾကာက္ေနမွာ မဟုတ္ဘူး။ သူ႔အတြက္ လမ္းေၾကာင္းမွန္ ရွာေပးဖို႔ပဲ လိုတာပါ။ သူကေတာ့ ကစားဖို႔ အသင့္ျဖစ္ေနျပီ။ ” လို႔ ဆိုးရွားက ဆိုပါတယ္။

ယူရိုပါလိဂ္မွာ တည္ျငိမ္စြာ နုိင္ပြဲ ယူျပီး ေနာက္တစ္ဆင့္ တက္သြားတဲ့ ယူနိုက္တက္ဟာ ဒီတပတ္ ျပည္တြင္းမွာေတာ့ အဲဗာတန္နဲ႕ ရင္ဆုိင္ ကစားဖို႔ ရွိေနပါတယ္။