အာဆင်နယ်ဟာ မနက်က ယှဉ်ပြိုင်တဲ့ ယူရိုပါလိဂ်ပွဲမှာ နောက်ကနေ လိုက်ကစားပြီး သရေရလဒ် ထွက်ပေါ်ခဲ့ကာ ရံှူးထွက်ကို အုပ်စုဗိုလ်အဖြစ်နဲ့ တက်ရောက်နိုင်ခဲ့ပြီး သီတင်းပတ်အကုန်မှာတော့ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်။

အမ်မရီ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ယွန်းဘတ်ကို ယာယီမန်နေဂျာအဖြစ် ခန့်အပ်ခဲ့ပေမယ့် အာဆင်နယ်ရဲ့ ခံစစ်စွမ်းဆောင်ရည်က ဆိုးဆိုးဝါးဝါး ညံ့ဖျင်းနေဆဲဖြစ်တယ်။ ဒါ့အပြင် ကလပ်အသင်းရဲ့ စိတ်ဓါတ်ပိုင်းက အများကြီး တိုးတက်မလာတာပါ။ အမ်းမရိတ်က တာဝန်ရှိသူတွေက ယွန်းဘတ်ကို ယာယီမန်နေဂျာအဖြစ်ပဲ မြင်ထားပြီး အမြဲတမ်း မန်နေဂျာတစ်ဦး ထပ်ခန့်မှာဖြစ်တယ်။

အမ်းမရိတ် တာဝန်ရှိသူတွေက လက်ရှိ ကာလအပိုင်းအခြားထက် အသင်းရဲ့ စနစ်အောက်မှာ ကိုင်တွယ်နိုင်မယ့် မန်နေဂျုာတစ်ဦးနဲ့ လက်တွဲ လုပ်ဆောင်လိုနေတာဖြစ်တယ်။ မန်နေဂျာသစ်အတွက် အင်တာဗျူးတွေကို စလုပ်နေပြီလို့ သိရပြီး ဆမ်လီဟီး၊ ဗန်ကတီရှမ်း၊ အီဒူးနဲ့ ဖာမီ ဆိုတဲ့ အာဆင်နယ်ရဲ့ အကြီးတန်း ပုဂ္ဂိုလ်လေးဦးက အဓိက ဆွေးနွေးစကားပြောနေတာဖြစ်တယ်။

အာဆင်နယ်ရဲ့ ဘောလုံးအကြီးအကဲဖြစ်သူ ဆမ်လီဟီက အရေးအကြီးဆုံးဖြစ်ပြီး စပိန်သားဟာ အေးဂျင့် ဂျော့မန်ဒက်နဲ့ ရင်းနှီးသူဖြစ်ကာ နောက်ထပ် မန်နေဂျာသစ်ဖြစ်မယ့် ပုဂ္ဂိုလ်တွေကို ရှာဖွေပေးဖို့ တွန်းအားပေးပါတယ်။ ဒုတိယကတော့ နည်းစနစ်ဒါရိုက်တာ အီဒူးဖြစ်ပြီး သူကလည်း စူပါအေးဂျင့် Kia Joorabchian ထံကတစ်ဆင့် မန်နေဂျာတွေကို ရှာဖွေနေတာဖြစ်တယ်။

မန်နေဂျးဒါရိုက်တာ ဗန်ကတီရှမ်းက စာချုပ် ညိနှိုင်းသူ ဖာဟမ်နဲ့အတူ အထက်က ပုဂ္ဂိုလ်တွေရဲ့ ဆွေးနွေးမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်နေပါတယ်။ သူတို့အားလုံးက မတူညီတဲ့ အကြံတွေနဲ့အတူ ဘယ်သူက အထင်ကြီးဖို့ကောင်းတယ်၊ ကလပ်အသင်းရဲ့ စနစ်မှာ အလုပ်လုပ်နိုင်မယ်ဆိုတာကို ရွေးချယ်နေကြတာဖြစ်ပြီး လက်ရှိ အချိန်ထိ အာဆင်နယ် မန်နေဂျာရာထူးအတွက် သင့်လျှော်မယ့်သူကို မရွေးထုတ်လာသေးပါဘူး။

ZAWGYI

အာဆင္နယ္ဟာ မနက္က ယွဥ္ျပိဳင္တဲ့ ယူရိုပါလိဂ္ပြဲမွာ ေနာက္ကေန လိုက္ကစားျပီး သေရရလဒ္ ထြက္ေပၚခဲ့ကာ ရံွဴးထြက္ကို အုပ္စုဗိုလ္အျဖစ္နဲ႔ တက္ေရာက္ႏုိင္ခဲ့ျပီး သီတင္းပတ္အကုန္မွာေတာ့ မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။

အမ္မရီ ရာထူးကေန ထုတ္ပယ္ခဲ့ျပီးေနာက္ ယြန္းဘတ္ကို ယာယီမန္ေနဂ်ာအျဖစ္ ခန္႔အပ္ခဲ့ေပမယ့္ အာဆင္နယ္ရဲ႕ ခံစစ္စြမ္းေဆာင္ရည္က ဆိုးဆိုးဝါးဝါး ညံ့ဖ်င္းေနဆဲျဖစ္တယ္။ ဒါ့အျပင္ ကလပ္အသင္းရဲ႕ စိတ္ဓါတ္ပိုင္းက အမ်ားၾကီး တိုးတက္မလာတာပါ။ အမ္းမရိတ္က တာဝန္ရွိသူေတြက ယြန္းဘတ္ကို ယာယီမန္ေနဂ်ာအျဖစ္ပဲ ျမင္ထားျပီး အျမဲတမ္း မန္ေနဂ်ာတစ္ဦး ထပ္ခန္႔မွာျဖစ္တယ္။

အမ္းမရိတ္ တာဝန္ရွိသူေတြက လက္ရွိ ကာလအပိုင္းအျခားထက္ အသင္းရဲ႕ စနစ္ေအာက္မွာ ကိုင္တြယ္ႏုိင္မယ့္ မန္ေနဂ်ုာတစ္ဦးနဲ႔ လက္တြဲ လုပ္ေဆာင္လိုေနတာျဖစ္တယ္။ မန္ေနဂ်ာသစ္အတြက္ အင္တာဗ်ဴးေတြကို စလုပ္ေနျပီလို႔ သိရျပီး ဆမ္လီဟီး၊ ဗန္ကတီရွမ္း၊ အီဒူးနဲ႔ ဖာမီ ဆိုတဲ့ အာဆင္နယ္ရဲ႕ အၾကီးတန္း ပုဂၢိဳလ္ေလးဦးက အဓိက ေဆြးေႏြးစကားေျပာေနတာျဖစ္တယ္။

အာဆင္နယ္ရဲ႕ ေဘာလံုးအၾကီးအကဲျဖစ္သူ ဆမ္လီဟီက အေရးအၾကီးဆံုးျဖစ္ျပီး စပိန္သားဟာ ေအးဂ်င့္ ေဂ်ာ့မန္ဒက္နဲ႔ ရင္းႏွီးသူျဖစ္ကာ ေနာက္ထပ္ မန္ေနဂ်ာသစ္ျဖစ္မယ့္ ပုဂၢိဳလ္ေတြကို ရွာေဖြေပးဖို႔ တြန္းအားေပးပါတယ္။ ဒုတိယကေတာ့ နည္းစနစ္ဒါရိုက္တာ အီဒူးျဖစ္ျပီး သူကလည္း စူပါေအးဂ်င့္ Kia Joorabchian ထံကတစ္ဆင့္ မန္ေနဂ်ာေတြကို ရွာေဖြေနတာျဖစ္တယ္။

မန္ေနဂ်းဒါရိုက္တာ ဗန္ကတီရွမ္းက စာခ်ဳပ္ ညိႏိႈင္းသူ ဖာဟမ္နဲ႔အတူ အထက္က ပုဂၢိဳလ္ေတြရဲ႕ ေဆြးေႏြးမႈေတြမွာ ထဲထဲဝင္ဝင္ ပါဝင္ေနပါတယ္။ သူတို႔အားလံုးက မတူညီတဲ့ အၾကံေတြနဲ႔အတူ ဘယ္သူက အထင္ၾကီးဖို႔ေကာင္းတယ္၊ ကလပ္အသင္းရဲ႕ စနစ္မွာ အလုပ္လုပ္ႏိုင္မယ္ဆိုတာကို ေရြးခ်ယ္ေနၾကတာျဖစ္ျပီး လက္ရွိ အခ်ိန္ထိ အာဆင္နယ္ မန္ေနဂ်ာရာထူးအတြက္ သင့္ေလွ်ာ္မယ့္သူကို မေရြးထုတ္လာေသးပါဘူး။