ချယ်ဆီးအသင်းမှ အသက် ၂၁ နှစ် အရွယ် တောင်ပံတိုက်စစ်သမား ပူလီဆစ်ဟာ အမေရိကန်မှာ အားကစားထဲ အမြင့်ဆုံး ဆုဖြစ်တဲ့ အမေရိကန် အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆုကို ၂၀၁၉ ခုနှစ် အတွက် ရရှိသွးပါတယ်။

ပူလီဆစ်ဟာ ပြီးခဲ့တဲ့ ၁၂ အတွင်း ကနဦးမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းမှာ အကောင်းဆုံး အစွမ်းပြဖို့ ရုန်းကန်ခဲ့ရသော်လည်း တဖြည်းဖြည်း အခြေကျလာခဲ့ကာ ပရီးမီးယားလိဂ်မှာလည်း တစ်ပတ်ပြီး တစ်ပတ် ပိုပြီး ကောင်းမွန်စွာ ခြေစွမ်းပြလာသူ ဖြစ်ပါတယ်။ ပူလီဆစ်ဟာ အကောင်းဆုံး ဘောလုံးသမားဆုကို ဒုတိယအကြိမ် ရရှိတာ ဖြစ်ပြီး ၂၀၁၇ တုန်းကလည်း တစ်ကြိမ် ရရှိဖူးပါတယ်။

ပူလီဆစ်ဟာ အမေရိကန်အသင်းကို ၂၀၁၉ ဂိုးလ်ကပ် ဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရွေးစင် အသင်းအတွက် အရေးပါတဲ့ ဂိုးတွေလည်း သွင်းယူပေးခြ့ပါတယ်။

” အမေရိကန် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမား ဆုအတွက် ရွေးချယ်ခံရလို့ ကျနော် ဂုဏ်ယူမိပါတယ်။ ဆန်ကာတင်တွေ အားလုံးလည်း အံ့အားသင့်ဖွယ် ဘောလုံး ရာသီကောင်းတွေ ပိုင်ဆိုင်ထားပြီး ဆုနဲ့ ထိုက်တန်သူတွေ ဖြစ်ကြပါတယ်။ ဒီနှစ်ကတော့ ကလပ်အသင်းမှာရော နိုင်ငံအသင်းမှာပါ ကျနော့် အတွက် အရေးပါတဲ့ အပြောင်းအလဲ ကာလ ဖြစ်ပါတယ်။ ”

” ကျနော့် အသင်းဖော်တွေကတော့ လုံး၀ အလန်းစားပါ။ ကျနေ်ာတို့ အတူတူ တိုးတက်မှုတွေ ပြုလုပ်ခဲ့နိုင်တာ အတွက် ကျေနပ် ဂုဏ်ယူ မိတယ်။ ကျနော့် အပေါ် ပံ့ပိုးထောက်ခံမှုတွေ ပေးခဲ့ကြတဲ့ ကျနော့် မိသားစုဝင်တွေ၊ မယုံနိုင်စရာ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ”

” ကျနေ်ာတို့ နောက်မှာ ရပ်တည် အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို လုံး၀ အသိအမှတ်ပြု ချီးကျူးမိပါတယ်။ ကိစ္စရပ်တွေကတော့ ပိုပြီး ကောင်းတဲ့ဘက်ကို ဦးတည်နေပြီ ဖြစ်လို့ အနာဂတ် အတွက် ကျနော်ကတော့ ရင်ခုန် စိတ်လှုပ်ရှားနေပြီ။ ” လို့ ပူလီဆစ်က ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသား ဘောလုံးသမား ဆု အတွက် ပူလီဆစ်ဟာ ဒုတိယနေရာမှာ ၃၅% မဲရထားတဲ့ ဂျော်ဒန် မော်ရစ်ထက် ၃% အသာနဲ့ ထိုဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းမွ အသက္ ၂၁ နွစ္ အရြယ္ ေတာင္ပံတိုက္စစ္သမား ပူလီဆစ္ဟာ အေမရိကန္မွာ အားကစားထဲ အျမင့္ဆံုး ဆုျဖစ္တဲ့ အေမရိကန္ အေကာင္းဆံုး အမ်ိဳးသား ေဘာလံုးသမားဆုကို ၂၀၁၉ ခုနွစ္ အတြက္ ရရွိသြးပါတယ္။

ပူလီဆစ္ဟာ ျပီးခဲ့တဲ့ ၁၂ အတြင္း ကနဦးမွာ ကလပ္အသင္းနဲ႕ နိုင္ငံအသင္းမွာ အေကာင္းဆံုး အစြမ္းျပဖို႔ ရုန္းကန္ခဲ့ရေသာ္လည္း တျဖည္းျဖည္း အေျခက်လာခဲ့ကာ ပရီးမီးယားလိဂ္မွာလည္း တစ္ပတ္ျပီး တစ္ပတ္ ပိုျပီး ေကာင္းမြန္စြာ ေျခစြမ္းျပလာသူ ျဖစ္ပါတယ္။ ပူလီဆစ္ဟာ အေကာင္းဆံုး ေဘာလံုးသမားဆုကို ဒုတိယအၾကိမ္ ရရွိတာ ျဖစ္ျပီး ၂၀၁၇ တုန္းကလည္း တစ္ၾကိမ္ ရရွိဖူးပါတယ္။

ပူလီဆစ္ဟာ အေမရိကန္အသင္းကို ၂၀၁၉ ဂိုးလ္ကပ္ ဖိုင္နယ္သို႔ ပို႔ေဆာင္ေပးခဲ့ျပီး လက္ေရြးစင္ အသင္းအတြက္ အေရးပါတဲ့ ဂိုးေတြလည္း သြင္းယူေပးချ့ပါတယ္။

” အေမရိကန္ တစ္နွစ္တာ အေကာင္းဆံုး ေဘာလံုးသမား ဆုအတြက္ ေရြးခ်ယ္ခံရလို႔ က်ေနာ္ ဂုဏ္ယူမိပါတယ္။ ဆန္ကာတင္ေတြ အားလံုးလည္း အံ့အားသင့္ဖြယ္ ေဘာလံုး ရာသီေကာင္းေတြ ပိုင္္ဆိုင္ထားျပီး ဆုနဲ႕ ထိုက္တန္သူေတြ ျဖစ္ၾကပါတယ္။ ဒီနွစ္ကေတာ့ ကလပ္အသင္းမွာေရာ နုိင္ငံအသင္းမွာပါ က်ေနာ့္ အတြက္ အေရးပါတဲ့ အေျပာင္းအလဲ ကာလ ျဖစ္ပါတယ္။ ”

” က်ေနာ့္ အသင္းေဖာ္ေတြကေတာ့ လံုး၀ အလန္းစားပါ။ က်ေန္ာတို႔ အတူတူ တိုးတက္မႈေတြ ျပဳလုပ္္ခဲ့နိုင္တာ အတြက္ ေက်နပ္ ဂုဏ္ယူ မိတယ္။ က်ေနာ့္ အေပၚ ပ့ံပိုးေထာက္ခံမႈေတြ ေပးခဲ့ၾကတဲ့ က်ေနာ့္ မိသားစု၀င္ေတြ၊ မယံုနုိင္စရာ အားေပးခဲ့ၾကတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားလိုပါတယ္။ ”

” က်ေန္ာတို႔ ေနာက္မွာ ရပ္တည္ အားေပးခဲ့ၾကတဲ့ ပရိသတ္ေတြကို လံုး၀ အသိအမွတ္ျပဳ ခ်ီးက်ဴးမိပါတယ္။ ကိစၥရပ္ေတြကေတာ့ ပိုျပီး ေကာင္းတဲ့ဘက္ကို ဦးတည္ေနျပီ ျဖစ္လို႔ အနာဂတ္ အတြက္ က်ေနာ္ကေတာ့ ရင္ခုန္ စိတ္လႈပ္ရွားေနျပီ။ ” လို႔ ပူလီဆစ္က ေက်းဇူးတင္စကား ဆိုခဲ့ပါတယ္။

အေကာင္းဆံုး အမ်ိဳးသား ေဘာလံုးသမား ဆု အတြက္ ပူလီဆစ္ဟာ ဒုတိယေနရာမွာ ၃၅% မဲရထားတဲ့ ေဂ်ာ္ဒန္ ေမာ္ရစ္ထက္ ၃% အသာနဲ႕ ထိုဆုကို ရရွိသြားခဲ့တာ ျဖစ္ပါတယ္။