လီဗာပူးဟာ အတည်ပြုကိစ္စတွေ မကြေညာသေးပေမယ့် ဆဲလ်ဘတ်တိုက်စစ်သမား မီနာမီနိုကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ ဂျပန်တိုက်စစ်သမားဟာ အန်ဖီးကို ပြောင်းလာတော့မှာဖြစ်ပါတယ်။

လိဂ်ပွဲတွေရှိနေခြင်းကြောင့် ဆေးစစ်မှုဆိုင်ရာ ကိစ္စတွေကို ဆိုင်းငံ့ထားပြီး အဆိုပါအတွက် ရလဒ်ထွက်လာပြီး အောင်မြင်ခဲ့မယ်ဆိုရင် ဆောင်းရာသီ အပြောင်းအရွှေ့ဖွင့်မယ့် ဇန်နဝါရီ ၁ ရက်နေ့မှာ မီနာမီနိုဟာ အင်္ဂလန်ကို ပြောင်းလာမှာပါ။ ဆဲလ်ဘတ်နဲ့ ၂၀၂၁ ခုနှစ်ထိ စာချုပ်ရှိသေးတဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးက ပေါင် ၇.၂၅ သန်း ကျသင့်မှာ ဖြစ်ပါတယ်။

ဇန်နဝါရီမှာ မီနာမီနိုကို ခေါ်ယူဖို့ ကလပ်အသင်း လေးသင်းက အဓိက ကြိုးစားခဲ့တာဖြစ်ပြီး ဘွန်ဒက်လီဂါကလပ် မွန်ချန်ဂလာဘတ်၊ စီးရီးအေကလပ် အေစီမီလန်နဲ့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူး၊ ယူနိုက်တက်တို့ပဲဖြစ်တယ်။ ပရီးမီးယားလိဂ်ဘက်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မီနာမီနိုဟာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုထက် လီဗာပူးရဲ့ ကမ်းလှမ်းမှုကိုပဲ ရွေးချယ်သွားတာဖြစ်ပါတယ်။ ဒါဟာ အန်ဖီးပရိသတ်တွေအတွက်တော့ ပိုမိုနှစ်ခြိုက်စရာ ကိစ္စလည်း ဖြစ်လာစေမှာပါ။

အပြောင်းအရွှေ့ နောက်ကွယ်က ဇာတ်လမ်းမှာတော့ မန်နေဂျာယာဂင်ကလော့ပ်က မီနာမီနိုရဲ့ နည်းစနစ်ပိုင်းနဲ့ လှုပ်အားနှုန်းကို သဘောကျခြင်းကြောင့် အသင်းတာဝန်ရှိသူတွေကို ချိတ်ဆက်ပေးဖို့ တောင်းဆိုခဲ့တာပါ။ လီဗာပူးဘက်က ကစားသမားကို စောင့်ကြည့်နေမှုက ကာလရှည် ရှိခဲ့ပြီဖြစ်ပြီး မီနာမီနိုကို ခေါ်ယူမှုဟာ အာရှဈေးကွက်ကို တိုးချဲ့ဖို့ မဟုတ်ပဲ ကစားသမားရဲ့ စွမ်းဆောင်ရည်ကြောင့် ခေါ်ယူခဲ့ခြင်းဖြစ်တယ်။

ဆဲလ်ဘတ်နဲ့ ပွဲတွေအပြီး လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ခံစစ်မှူးဗန်ဒိုက်တို့က မီနာမီနိုဟာ အတော်ကောင်းတဲ့ ကစားသမားပါလို့ ယာဂင်ကလော့ပ်ကို အကြောင်းပြန်ခဲ့ကာ အခွင့်ရှိရင် ခေါ်ယူသင့်တယ်လို့ တိုက်တွန်းခဲ့တယ်။ သူတို့ တောင်းဆိုတဲ့အချိန်မှာ လီဗာပူးဘက်က ချိတ်ဆက်မှုတောင် လုပ်ထားပြီးလို့ အတည်ပြုဖို့တောင် နီးစပ်နေခဲ့ပြီး ကလပ်အသင်းရဲ့ လက်မြန်ခြေမြန်ရှိမှုအပေါ် စီနီယာကစားသမားတွေကြား ပွဲကျခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးအားကစားဒါရိုက်တာ အဒ်ဝတ်ဟာ လေ့ကျင့်ရေးကွင်း တည်ဆောက်ရာမှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တဲ့ ဆဲလ်ဘတ်နဲ့ တိုက်ရိုက် ဆွေးနွေးခဲ့တာဖြစ်ပြီး မီနာမီနို အပြောင်းအရွှေ့မှာ ပြိုင်ဘက်တွေကို အသာစီးယူနိုင်ခဲ့တာပါ။ လီဗာပူးလက်ရှိ တည်ဆောက်နေတဲ့ ပေါင် ၅၀ သန်းတန် လေ့ကျင့်ရေးကွင်းဟာ ဆဲလ်ဘတ်အသင်းပိုင် လေ့ကျင့်ရေးကွင်းကို မှီငြမ်းပြီး တည်ဆောက်နေတာဖြစ်ပါတယ်။

လီဗာပူးဘက်က မီနာမီနိုအတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးကို ရာသီစတုန်းက တောင်ပံသမား ကန့်အား စကော့တလန်ကလပ် ရိန်းဂျားအသင်းထံ ရောင်းထုတ်စဉ် ရရှိထားတဲ့ ပေါင် ၇ သန်းနဲ့ တိုက်ရိုက် အသုံးပြမယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးဟာ အတည္ျပဳကိစၥေတြ မေၾကညာေသးေပမယ့္ ဆဲလ္ဘတ္တိုက္စစ္သမား မီနာမီႏိုကို ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီျဖစ္ျပီး ဇန္နဝါရီလ ၁ ရက္ေန႔မွာေတာ့ ဂ်ပန္တိုက္စစ္သမားဟာ အန္ဖီးကို ေျပာင္းလာေတာ့မွာျဖစ္ပါတယ္။

လိဂ္ပြဲေတြရွိေနျခင္းေၾကာင့္ ေဆးစစ္မႈဆိုင္ရာ ကိစၥေတြကို ဆိုင္းငံ့ထားျပီး အဆိုပါအတြက္ ရလဒ္ထြက္လာျပီး ေအာင္ျမင္ခဲ့မယ္ဆိုရင္ ေဆာင္းရာသီ အေျပာင္းအေရႊ႔ဖြင့္မယ့္ ဇန္နဝါရီ ၁ ရက္ေန႔မွာ မီနာမီႏိုဟာ အဂၤလန္ကို ေျပာင္းလာမွာပါ။ ဆဲလ္ဘတ္နဲ႔ ၂၀၂၁ ခုႏွစ္ထိ စာခ်ဳပ္ရွိေသးတဲ့ ကစားသမားအတြက္ ေျပာင္းေရႊ႔ေၾကးက ေပါင္ ၇.၂၅ သန္း က်သင့္မွာ ျဖစ္ပါတယ္။

ဇန္နဝါရီမွာ မီနာမီႏိုကို ေခၚယူဖို႔ ကလပ္အသင္း ေလးသင္းက အဓိက ၾကိဳးစားခဲ့တာျဖစ္ျပီး ဘြန္ဒက္လီဂါကလပ္ မြန္ခ်န္ဂလာဘတ္၊ စီးရီးေအကလပ္ ေအစီမီလန္နဲ႔ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ လီဗာပူး၊ ယူႏုိက္တက္တို႔ပဲျဖစ္တယ္။ ပရီးမီးယားလိဂ္ဘက္ကို ေရြးခ်ယ္ဖို႔ ဆံုးျဖတ္ခဲ့တဲ့ မီနာမီႏိုဟာ ယူႏုိက္တက္ရဲ႕ ကမ္းလွမ္းမႈထက္ လီဗာပူးရဲ႕ ကမ္းလွမ္းမႈကိုပဲ ေရြးခ်ယ္သြားတာျဖစ္ပါတယ္။ ဒါဟာ အန္ဖီးပရိသတ္ေတြအတြက္ေတာ့ ပိုမုိႏွစ္ျခိဳက္စရာ ကိစၥလည္း ျဖစ္လာေစမွာပါ။

အေျပာင္းအေရႊ႔ ေနာက္ကြယ္က ဇာတ္လမ္းမွာေတာ့ မန္ေနဂ်ာယာဂင္ကေလာ့ပ္က မီနာမီႏိုရဲ႕ နည္းစနစ္ပိုင္းနဲ႔ လႈပ္အားႏႈန္းကို သေဘာက်ျခင္းေၾကာင့္ အသင္းတာဝန္ရွိသူေတြကို ခ်ိတ္ဆက္ေပးဖို႔ ေတာင္းဆိုခဲ့တာပါ။ လီဗာပူးဘက္က ကစားသမားကို ေစာင့္ၾကည့္ေနမႈက ကာလရွည္ ရွိခဲ့ျပီျဖစ္ျပီး မီနာမီႏိုကို ေခၚယူမႈဟာ အာရွေစ်းကြက္ကို တိုးခ်ဲ႔ဖို႔ မဟုတ္ပဲ ကစားသမားရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ ေခၚယူခဲ့ျခင္းျဖစ္တယ္။

ဆဲလ္ဘတ္နဲ႔ ပြဲေတြအျပီး လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္နဲ႔ ခံစစ္မွဴးဗန္ဒိုက္တို႔က မီနာမီႏိုဟာ အေတာ္ေကာင္းတဲ့ ကစားသမားပါလို႔ ယာဂင္ကေလာ့ပ္ကို အေၾကာင္းျပန္ခဲ့ကာ အခြင့္ရွိရင္ ေခၚယူသင့္တယ္လို႔ တိုက္တြန္းခဲ့တယ္။ သူတို႔ ေတာင္းဆိုတဲ့အခ်ိန္မွာ လီဗာပူးဘက္က ခ်ိတ္ဆက္မႈေတာင္ လုပ္ထားျပီးလို႔ အတည္ျပဳဖို႔ေတာင္ နီးစပ္ေနခဲ့ျပီး ကလပ္အသင္းရဲ႕ လက္ျမန္ေျချမန္ရွိမႈအေပၚ စီနီယာကစားသမားေတြၾကား ပြဲက်ခဲ့တယ္လို႔ သိရပါတယ္။

လီဗာပူးအားကစားဒါရိုက္တာ အဒ္ဝတ္ဟာ ေလ့က်င့္ေရးကြင္း တည္ေဆာက္ရာမွာ ရင္းႏွီးတဲ့ ဆက္ဆံေရး ရွိခဲ့တဲ့ ဆဲလ္ဘတ္နဲ႔ တိုက္ရိုက္ ေဆြးေႏြးခဲ့တာျဖစ္ျပီး မီနာမီႏို အေျပာင္းအေရႊ႔မွာ ျပိဳင္ဘက္ေတြကို အသာစီးယူႏုိင္ခဲ့တာပါ။ လီဗာပူးလက္ရွိ တည္ေဆာက္ေနတဲ့ ေပါင္ ၅၀ သန္းတန္ ေလ့က်င့္ေရးကြင္းဟာ ဆဲလ္ဘတ္အသင္းပိုင္ ေလ့က်င့္ေရးကြင္းကို မွီျငမ္းျပီး တည္ေဆာက္ေနတာျဖစ္ပါတယ္။

လီဗာပူးဘက္က မီနာမီႏိုအတြက္ ေပးရမယ့္ ေျပာင္းေရႊ႔ေၾကးကို ရာသီစတုန္းက ေတာင္ပံသမား ကန္႔အား စေကာ့တလန္ကလပ္ ရိန္းဂ်ားအသင္းထံ ေရာင္းထုတ္စဥ္ ရရွိထားတဲ့ ေပါင္ ၇ သန္းနဲ႔ တိုက္ရိုက္ အသံုးျပမယ္လို႔ သိရပါတယ္။