အာဆင်နယ် ကစားသမားဟောင်းကြီး မာတင်ကီယွန်က စတန်းဒက်လိဂ်ကို ၂ဂိုး စီ သရေကျတဲ့ ပွဲအပြီးမှာ အာဆင်နယ် နည်းပြ ယွန်းဘတ်က ကံကောင်း သွားခဲ့တာ ဖြစ်တယ်လို့ ဆိုခဲ့ပြီး ဒုတိယပိုင်းမှာ လူစားဝင် ကစားခဲ့တဲ့ လူငယ်တိုက်စစ်သမား မာတင်နယ်လီကို ချီးကျူးသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ယူရိုပါလိဂ်မှာ အုပ်စုကနေ ၃၂ သင်း အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန် ၆၉ မိနစ် မာတင်နယ်လီ လူစား ဝင်မလာခင်က အာဆင်နယ်ဟာ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။ တနင်္လာနေ့က ပရီးမီးယားလိဂ်ပွဲမှာ ဂိုးသွင်း အစွမ်းပြခဲ့တဲ့ မာတင်နယ်လီက ဒီပွဲမှာလည်း ကိုယ်တိုင် ဂိုးမသွင်းခဲ့သည့်တိုင်း ဆာကာရဲ့ ပွဲပြီးခါနီး ချေပဂိုး အတွက် ဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။

” အသင်း မန်နေဂျာ ဖြစ်ရင် လိုအပ်တာ တစ်ခုက ကံတရား ကိုယ့်ဘက် ပါဖို့လည်း ပါဝင်တယ်။ ဖရက်ဒီယွန်းဘတ်ကတော့ ဒီည တော်တော် ကံကောင်းခဲ့တာပါ။ မာတင်နယ်လီ အရန်ခုံက ထလို့ ပွဲထဲ ဝင်လာတည်းက ဒီည အခြေအနေ ပြောင်းလဲသွားနိုင်ခဲ့တယ်။ ပွဲချိန် ၆၉ မိနစ်၊ လူငယ် ကစားသမား တစ်ဦး ဒါပေမယ့် စီနီယာ ကစားသမားတွေဆီကသာ မျှော်လင့်ကြမယ့် စိတ်အားထက်သန်မှုနဲ့ လုပ်အားနှုန်းကို မြင်ခဲ့ရတယ်။ ”

” သူ မဝင်လာခင်က ပွဲထဲမှာ စံထားရမယ့် ကစားသမား မရှိသေးဘူး သူလည်း ဝင်လာရော ဒါကို ပြောင်းလဲ ပစ်လိုက်တာပဲ။ သူ့ထက် ပို ဝါရင့်တဲ့ ကစားသမားတွေတောင် ဒီလို အဆင့်ရောက်ဖို့ အချိန်အကြာကြီး ယူခဲ့ရတာပါ။ ”

” ယွန်းဘတ် အနေနဲ့ အသင်းကို ရိုးရိုးရှင်းရှင်း ပွဲထုတ်သင့်တယ်။ ခံစစ်မှာ လေးယောက်တန်းနဲ့ အရင်ပွဲမှာ သူ ကစားခဲ့သလိုမျိုး လုပ်ရမှာ။ အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့တာကြောင့် ကစားသမားတွေဆီက ဆာလောင်မှုနဲ့ နိုင်လိုစိတ်ကို ပြန်စောင့်ယူနေခဲ့ရတယ်။ သူ အာဆင်နယ်ကို နည်းပြ အဖြစ် တာဝန်ယူနေစဉ်မှာ အသင်းအထိုင်ကျဖို့ ဒီလို ပြောင်းလဲမှုမျိုး အကောင်အထည် ဖော်သင့်တယ်။ ” လို့ မာတင် ကီယွန်က ထောက်ပြသွာခဲ့ပါတယ်။

ယွန်းဘတ်က ဒီပွဲမှာ လူငယ် အများစုနဲ့ ပွဲထုတ်လာခဲ့ပြီး ပြီးခဲ့တဲ့ အပတ် ဝက်စ်ဟမ်းကို နိုင်တဲ့ လူစာရင်းကနေ အပြောင်းအလဲ ၉ ခု လုပ်ခဲ့တာပါ။ ယွန်းဘတ်ဟာ ခံစစ် သုံးယောက်တန်းနဲ့ ပြန ်ကစားခဲ့တာကြောင့် ကီယွန်က ယွန်းဘတ်ကို အကြံပြု တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

Zawgyi

အာဆင္နယ္ ကစားသမားေဟာင္းၾကီး မာတင္ကီယြန္က စတန္းဒက္လိဂ္ကို ၂ဂိုး စီ သေရက်တဲ့ ပြဲအျပီးမွာ အာဆင္နယ္ နည္းျပ ယြန္းဘတ္က ကံေကာင္း သြားခဲ့တာ ျဖစ္တယ္လို႔ ဆိုခဲ့ျပီး ဒုတိယပိုင္းမွာ လူစား၀င္ ကစားခဲ့တဲ့ လူငယ္တိုက္စစ္သမား မာတင္နယ္လီကို ခ်ီးက်ဴးသြားခဲ့ပါတယ္။

အာဆင္နယ္ဟာ ယူရိုပါလိဂ္မွာ အုပ္စုကေန ၃၂ သင္း အဆင့္ကို တက္ေရာက္သြားခဲ့ျပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ပြဲခ်ိန္ ၆၉ မိနစ္ မာတင္နယ္လီ လူစား ၀င္မလာခင္က အာဆင္နယ္ဟာ ၂-၀ နဲ႕ ရွံဳးနိမ့္ေနခဲ့တာ ျဖစ္ပါတယ္။ တနလၤာေန႔က ပရီးမီးယားလိဂ္ပြဲမွာ ဂိုးသြင္း အစြမ္းျပခဲ့တဲ့ မာတင္နယ္လီက ဒီပြဲမွာလည္း ကိုယ္တိုင္ ဂိုးမသြင္းခဲ့သည့္တိုင္း ဆာကာရဲ႕ ပြဲျပီးခါနီး ေခ်ပဂိုး အတြက္ ဖန္တီးမႈ ျပဳလုပ္ေပးခဲ့ပါတယ္။

” အသင္း မန္ေနဂ်ာ ျဖစ္ရင္ လိုအပ္တာ တစ္ခုက ကံတရား ကိုယ့္ဘက္ ပါဖို႔လည္း ပါ၀င္တယ္။ ဖရက္ဒီယြန္းဘတ္ကေတာ့ ဒီည ေတာ္ေတာ္ ကံေကာင္းခဲ့တာပါ။ မာတင္နယ္လီ အရန္ခံုက ထလို႔ ပြဲထဲ ၀င္လာတည္းက ဒီည အေျခအေန ေျပာင္းလဲသြားနုိင္ခဲ့တယ္။ ပြဲခ်ိန္ ၆၉ မိနစ္၊ လူငယ္ ကစားသမား တစ္ဦး ဒါေပမယ့္ စီနီယာ ကစားသမားေတြဆီကသာ ေမွ်ာ္လင့္ၾကမယ့္ စိတ္အားထက္သန္မႈနဲ႕ လုပ္အားနႈန္းကို ျမင္ခဲ့ရတယ္။ ”

” သူ မ၀င္လာခင္က ပြဲထဲမွာ စံထားရမယ့္ ကစားသမား မရွိေသးဘူး သူလည္း ၀င္လာေရာ ဒါကို ေျပာင္းလဲ ပစ္လိုက္တာပဲ။ သူ႔ထက္ ပို ၀ါရင့္တဲ့ ကစားသမားေတြေတာင္ ဒီလို အဆင့္ေရာက္ဖို႔ အခ်ိန္အၾကာၾကီး ယူခဲ့ရတာပါ။ ”

” ယြန္းဘတ္ အေနနဲ႕ အသင္းကို ရိုးရိုးရွင္းရွင္း ပြဲထုတ္သင့္တယ္။ ခံစစ္မွာ ေလးေယာက္တန္းနဲ႕ အရင္ပြဲမွာ သူ ကစားခဲ့သလိုမ်ိဳး လုပ္ရမွာ။ အေျပာင္းအလဲေတြ အမ်ားၾကီး လုပ္ခဲ့တာေၾကာင့္ ကစားသမားေတြဆီက ဆာေလာင္မႈနဲ႕ နိုင္လိုစိတ္ကို ျပန္ေစာင့္ယူေနခဲ့ရတယ္။ သူ အာဆင္နယ္ကို နည္းျပ အျဖစ္ တာ၀န္ယူေနစဥ္မွာ အသင္းအထိုင္က်ဖို႔ ဒီလို ေျပာင္းလဲမႈမ်ိဳး အေကာင္အထည္ ေဖာ္သင့္တယ္။ ” လို႔ မာတင္ ကီယြန္က ေထာက္ျပသြာခဲ့ပါတယ္။

ယြန္းဘတ္က ဒီပြဲမွာ လူငယ္ အမ်ားစုနဲ႕ ပြဲထုတ္လာခဲ့ျပီး ျပီးခဲ့တဲ့ အပတ္ ၀က္စ္ဟမ္းကို နုိုင္တဲ့ လူစာရင္းကေန အေျပာင္းအလဲ ၉ ခု လုပ္ခဲ့တာပါ။ ယြန္းဘတ္ဟာ ခံစစ္ သံုးေယာက္တန္းနဲ႕ ျပန ္ကစားခဲ့တာေၾကာင့္ ကီယြန္က ယြန္းဘတ္ကို အၾကံျပဳ တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။