ချယ်ဆီးအသင်းဟာ ကလပ်အသင်းနဲ့ လူငယ်ကစားသမား ဘဝကတည်းက ပူးပေါင်းမှုလုပ်ခဲ့ပြီး ဒီရာသီမှာ စီနီယာအဆင့်ကို တိုးတက်လာတဲ့ ခံစစ်မှူးတိုမိုရီကို ၅ နှစ် သက်တမ်းတိုးစာချုပ် ပေးခဲ့ပြီဖြစ်ပါတယ်။

တိုမိုရီဟာ မန်နေဂျာလမ်းပတ် လက်အောက်မှာ အေဘရာဟမ်၊ မောင့်တို့နဲ့အတူ အဓိက ကစားသမား တစ်ဦးအဖြစ် ကစားပေးရမယ့် အကယ်ဒမီထွက် ကစားသမားစစ်စစ်လည်း ဖြစ်တယ်။ လာမယ့် သီတင်းပတ်မှာ အသက် ၂၂ နှစ်ပြည့်မှာဖြစ်ပြီး ဒီရာသီမှာ ပြိုင်ပွဲစုံ စီနီယာပွဲထွက်ခွင့် ၁၆ ပွဲထိ ကစားထားနိုင်သူဖြစ်ကာ အင်္ဂလန်အသင်းအတွက်လည်း တစ်ကြိမ် ပါဝင်ပေးထားနိုင်ပါတယ်။

စာချုပ်သစ်ကို လက်မှတ်ထိုးအပြီးမှာ တိုမိုရီက ” ကျနော်နဲ့ ကျနော်ရဲ့ မိသားစုအတွက် တကယ်ကို ဂုဏ်ယူရတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ ကျနော်ဟာ ချယ်ဆီးအသင်းထံ အသက် ၇ နှစ်သား အရွယ်ကတည်းက ပူးပေါင်းခဲ့တာပါ။ ဒီအသင်းအကြောင်းထက် ပိုသိတာလည်း မရှိပါဘူး။ အသင်းဟာ ကျနော်အပေါ် အမြဲကောင်းခဲ့ပြီး ကျနော်ရဲ့ တိုးတက်မှုတွေကိုလည်း စောင့်ကြည့်ပေးခ့တယ်။

စီနီယာအသင်းအတွက် ကစားခွင့်ရခဲ့ပြီး ကာလရှည် သက်တမ်းတိုးလိုက်နိုင်တာက ကျနော်အတွက် အိပ်မက်တွေ အမှန်ဖြစ်လာတာပါပဲ။ အသင်းက ကျနော်ကို အမြဲတမ်း ယုံကြည်ပေးတာကိုလည်း ပျော်ရွှင်ရပါတယ်။ ရှေ့ဆက်ပြီး အသင်းနဲ့အတူ ကစားရမှာအတွက် စိတ်လှုပ်ရှားမိပါတယ်။ နိုင်ပွဲတွေနဲ့ ဆုဖလားတွေရဖို့ ကစားပေးမှာဖြစ်ပြီး အကယ်ဒမီ ကစားသမားဘဝမှာလည်း အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရခဲ့ပါသေးတယ်။

တစ်ဦးချင်းအရတော့ အသင်းအတွက် အကောင်းဆုံး ပေးဆပ်နိုင်ဖို့ ကြိုးစားမှာပါ။ ချယ်ဆီးအတွက် နိုင်ပွဲတွေကော၊ ဆုဖလားတွေပါ ရယူပေးလိုပါတယ်။ နောက်ပြီး အသင်းရဲ့ ဂန္တဝင်တစ်ဦးလည်း ဖြစ်လိုပါတယ်။ ဒီစာချုပ်ကြောင့်လည်း ကာလရှည် ကစားခွင့်အတွက် မျှော်လင့်ထားပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ ကလပ္အသင္းနဲ႔ လူငယ္ကစားသမား ဘဝကတည္းက ပူးေပါင္းမႈလုပ္ခဲ့ျပီး ဒီရာသီမွာ စီနီယာအဆင့္ကို တိုးတက္လာတဲ့ ခံစစ္မွဴးတိုမိုရီကို ၅ ႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ေပးခဲ့ျပီျဖစ္ပါတယ္။

တိုမိုရီဟာ မန္ေနဂ်ာလမ္းပတ္ လက္ေအာက္မွာ ေအဘရာဟမ္၊ ေမာင့္တို႔နဲ႔အတူ အဓိက ကစားသမား တစ္ဦးအျဖစ္ ကစားေပးရမယ့္ အကယ္ဒမီထြက္ ကစားသမားစစ္စစ္လည္း ျဖစ္တယ္။ လာမယ့္ သီတင္းပတ္မွာ အသက္ ၂၂ ႏွစ္ျပည့္မွာျဖစ္ျပီး ဒီရာသီမွာ ျပိဳင္ပြဲစံု စီနီယာပြဲထြက္ခြင့္ ၁၆ ပြဲထိ ကစားထားႏုိင္သူျဖစ္ကာ အဂၤလန္အသင္းအတြက္လည္း တစ္ၾကိမ္ ပါဝင္ေပးထားႏုိင္ပါတယ္။

စာခ်ဳပ္သစ္ကို လက္မွတ္ထိုးအျပီးမွာ တိုမိုရီက ” က်ေနာ္နဲ႔ က်ေနာ္ရဲ႕ မိသားစုအတြက္ တကယ္ကို ဂုဏ္ယူရတဲ့ အခိုက္အတန္႔ ျဖစ္ပါတယ္။ က်ေနာ္ဟာ ခ်ယ္ဆီးအသင္းထံ အသက္ ၇ ႏွစ္သား အရြယ္ကတည္းက ပူးေပါင္းခဲ့တာပါ။ ဒီအသင္းအေၾကာင္းထက္ ပိုသိတာလည္း မရွိပါဘူး။ အသင္းဟာ က်ေနာ္အေပၚ အျမဲေကာင္းခဲ့ျပီး က်ေနာ္ရဲ႕ တိုးတက္မႈေတြကိုလည္း ေစာင့္ၾကည့္ေပးခ့တယ္။

စီနီယာအသင္းအတြက္ ကစားခြင့္ရခဲ့ျပီး ကာလရွည္ သက္တမ္းတိုးလိုက္ႏုိင္တာက က်ေနာ္အတြက္ အိပ္မက္ေတြ အမွန္ျဖစ္လာတာပါပဲ။ အသင္းက က်ေနာ္ကို အျမဲတမ္း ယံုၾကည္ေပးတာကိုလည္း ေပ်ာ္ရႊင္ရပါတယ္။ ေရွ႔ဆက္ျပီး အသင္းနဲ႔အတူ ကစားရမွာအတြက္ စိတ္လႈပ္ရွားမိပါတယ္။ ႏုိင္ပြဲေတြနဲ႔ ဆုဖလားေတြရဖို႔ ကစားေပးမွာျဖစ္ျပီး အကယ္ဒမီ ကစားသမားဘဝမွာလည္း အသင္းနဲ႔အတူ ဆုဖလား ေအာင္ျမင္မႈေတြ ရခဲ့ပါေသးတယ္။

တစ္ဦးခ်င္းအရေတာ့ အသင္းအတြက္ အေကာင္းဆံုး ေပးဆပ္ႏုိင္ဖို႔ ၾကိဳးစားမွာပါ။ ခ်ယ္ဆီးအတြက္ ႏုိင္ပြဲေတြေကာ၊ ဆုဖလားေတြပါ ရယူေပးလိုပါတယ္။ ေနာက္ျပီး အသင္းရဲ႕ ဂႏၱဝင္တစ္ဦးလည္း ျဖစ္လိုပါတယ္။ ဒီစာခ်ဳပ္ေၾကာင့္လည္း ကာလရွည္ ကစားခြင့္အတြက္ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။