မနက်က ယှဉ်ပြိုင်သွားတဲ့ ယူနိုက်တက်နဲ့ အေဇက် အယ်ကမာ ပွဲအပြီးမှာတော့ မန်နေဂျာဆိုးရှားက ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူသစ် အနည်းငယ် ထပ်ဖြည့်ဖို့ လိုအပ်တယ်လို့ ဝန်ခံ ပြောဆိုပါတယ်။

နွေတုန်းက ခံစစ်ကို အဓိက ပြင်ဆင်ခဲ့တဲ့ အသင်းဟာ တိုက်စစ်နဲ့ ကွင်းလယ်မှာ အင်အားဖြည့်ဖို့ သေချာပေါက် လိုအပ်နေတာပါ။ မာရှယ် ဒဏ်ရာရခဲ့စဉ် တိုက်စစ်သမား ရှားပါးခြင်းက ယူနိုက်တက်ရဲ့ သွင်းဂိုးတွေအတွက် အထိနာစေခဲ့သလို ပေါ့ဘာနဲ့ တော်မီနေး ဒဏ်ရာရချိန်မှာ ကွင်းလယ်က လိုအပ်ချက် များခဲ့တာဖြစ်ပါတယ်။

ယူရိုပါလိဂ်မှာ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ် ခြေစွမ်းပြခဲ့ပြီး အကယ်ဒမီ ကစားသမားတွေကိုလည်း နေရာပေးမှုတွေ ရှိနေပေမယ့် တိုက်စစ်သမားနေရာက အားနည်းနေပါတယ်။ ယူနိုက်တက်ဟာ ဆဲလ်ဘတ်မှ ဟာလန်၊ ဒေါ့မွန်မှ ဆန်ချို၊ လိုက်ဇစ်မှ ဝါနာတို့နဲ့ သတင်းတွေ ထွက်ထားပြီး ဟာလန်နဲ့ ဆန်ချိုကတော့ ဇန်နဝါရီမှာတင် အသင်းပြောင်းဖွယ် ရှိနေပါတယ်။

ကွင်းလယ်မှာ မတ်ဒီဆန်ကို စောင့်ကြည့်နေပေမယ့် အင်္ဂလန်သားက လက်စတာနဲ့ပဲ သက်တမ်းတိုးဖွယ် ရှိနေတာပါ။ မန်နေဂျာဆိုးရှားက လက်ရှိ အသင်းဟာ ကောင်းမွန်ပေမယ့် ပြိုင်ဘက်တွေလောက် တောင့်တင်းမှု မရှိဘူးလို့ ဆိုထားပြီး ကစားသမားကောင်းတွေကို ခေါ်ယူလိုကြောင်း ပြောဆိုပါတယ်။

ဆိုးရှားက ” ကျနော်တို့ နေရာအချို့မှာ အားဖြည့်မှုတွေ ထပ်လုပ်ရမှာဖြစ်ပါတယ်။ ကျနေ်ာတို့အသင်းနဲ့ ပြိုင်ဘက်အသင်း လူစာရင်းတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လိုအပ်ချက်တွေ ရှိနေတာကို တွေ့ရမှာပါ။ လက်ရှိ စုဖွဲ့မှုက ကောင်းမွန်ပေမယ့် တရာသီလုံး ဖြတ်သန်းရမယ့် အနေအထားမှာ အခက်အခဲမရှိဖို့ လုံလောက်တဲ့ လူစာရင်းတော့ မဟုတ်ပါဘူး။ ကစားသမားကောင်း နှစ်ဦး၊ သုံးဦးလောက်ကို ထပ်မံ ခေါ်ယူဖို့ လိုအပ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မနက္က ယွဥ္ျပိဳင္သြားတဲ့ ယူႏုိက္တက္နဲ႔ ေအဇက္ အယ္ကမာ ပြဲအျပီးမွာေတာ့ မန္ေနဂ်ာဆိုးရွားက ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ လူသစ္ အနည္းငယ္ ထပ္ျဖည့္ဖို႔ လိုအပ္တယ္လို႔ ဝန္ခံ ေျပာဆိုပါတယ္။

ေႏြတုန္းက ခံစစ္ကို အဓိက ျပင္ဆင္ခဲ့တဲ့ အသင္းဟာ တိုက္စစ္နဲ႔ ကြင္းလယ္မွာ အင္အားျဖည့္ဖို႔ ေသခ်ာေပါက္ လိုအပ္ေနတာပါ။ မာရွယ္ ဒဏ္ရာရခဲ့စဥ္ တိုက္စစ္သမား ရွားပါးျခင္းက ယူႏုိက္တက္ရဲ႕ သြင္းဂိုးေတြအတြက္ အထိနာေစခဲ့သလို ေပါ့ဘာနဲ႔ ေတာ္မီေနး ဒဏ္ရာရခ်ိန္မွာ ကြင္းလယ္က လိုအပ္ခ်က္ မ်ားခဲ့တာျဖစ္ပါတယ္။

ယူရိုပါလိဂ္မွာ လူငယ္တိုက္စစ္မွဴး ဂရင္းဝုဒ္ ေျခစြမ္းျပခဲ့ျပီး အကယ္ဒမီ ကစားသမားေတြကိုလည္း ေနရာေပးမႈေတြ ရွိေနေပမယ့္ တိုက္စစ္သမားေနရာက အားနည္းေနပါတယ္။ ယူႏုိက္တက္ဟာ ဆဲလ္ဘတ္မွ ဟာလန္၊ ေဒါ့မြန္မွ ဆန္ခ်ိဳ၊ လိုက္ဇစ္မွ ဝါနာတို႔နဲ႔ သတင္းေတြ ထြက္ထားျပီး ဟာလန္နဲ႔ ဆန္ခ်ိဳကေတာ့ ဇန္နဝါရီမွာတင္ အသင္းေျပာင္းဖြယ္ ရွိေနပါတယ္။

ကြင္းလယ္မွာ မတ္ဒီဆန္ကို ေစာင့္ၾကည့္ေနေပမယ့္ အဂၤလန္သားက လက္စတာနဲ႔ပဲ သက္တမ္းတိုးဖြယ္ ရွိေနတာပါ။ မန္ေနဂ်ာဆိုးရွားက လက္ရွိ အသင္းဟာ ေကာင္းမြန္ေပမယ့္ ျပိဳင္ဘက္ေတြေလာက္ ေတာင့္တင္းမႈ မရွိဘူးလို႔ ဆိုထားျပီး ကစားသမားေကာင္းေတြကို ေခၚယူလိုေၾကာင္း ေျပာဆိုပါတယ္။

ဆိုးရွားက ” က်ေနာ္တို႔ ေနရာအခ်ိဳ႕မွာ အားျဖည့္မႈေတြ ထပ္လုပ္ရမွာျဖစ္ပါတယ္။ က်ေန္ာတို႔အသင္းနဲ႔ ျပိဳင္ဘက္အသင္း လူစာရင္းေတြကို ႏိႈင္းယွဥ္ၾကည့္မယ္ဆိုရင္ လိုအပ္ခ်က္ေတြ ရွိေနတာကို ေတြ႔ရမွာပါ။ လက္ရွိ စုဖြဲ႔မႈက ေကာင္းမြန္ေပမယ့္ တရာသီလံုး ျဖတ္သန္းရမယ့္ အေနအထားမွာ အခက္အခဲမရွိဖို႔ လံုေလာက္တဲ့ လူစာရင္းေတာ့ မဟုတ္ပါဘူး။ ကစားသမားေကာင္း ႏွစ္ဦး၊ သံုးဦးေလာက္ကို ထပ္မံ ေခၚယူဖို႔ လိုအပ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။