လီဗာပူးနဲ့ပွဲမှာ ဂိုးတွေသွင်းယူခဲ့တာကြောင့် မက်ဆီဟာ ရိုနယ်ဒိုရဲ့ သွင်းဂိုး ၆၀၀ စံချိန်ကို လိုက်မှီခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အကုန် အင်တာမီလန်နဲ့ ဂျူဗင်တပ်ပွဲမှာမှာ ရိုနယ်ဒိုဟာ အင်တာမီလန်တို့ရဲ့ ဆန်စီယိုကွင်းမှာ ဒုတိယပိုင်းအတွင်း သွင်းဂိုးတစ်ဂိုး ရခဲ့တာကြောင့် ကလပ်သွင်းဂိုး ၆၀၀ ပြည့်သွားခဲ့တာပါ။

ပရော်ဖယ်ရှင်နယ် ကစားသမားဘဝ သွင်းဂိုး ၆၀၀ ကျော်ခဲ့တာက မက်ဆီနဲ့ ရော်နယ်ဒို နှစ်ဦးပဲ ရှိထားတာ မဟုတ်ပါဘူး။ ရော်နယ်ဒိုက အဆိုပါစာရင်းထဲ ဝင်ရောက်နိုင်တဲ့ ခြောက်ဦးမြောက် ကစားသမားဖြစ်ပြီး မက်ဆီကတော့ ခုနှစ်ဦးမြောက် ကစားသမားဖြစ်ပါတယ်။

သူတို့ မတိုင်ခင်တုန်းကတော့ ဘရာဇီး ဂန္တဝင်တွေဖြစ်တဲ့ ပီလီနဲ့ ရိုမာရီယို၊ ဂျာမနီဂန္တဝင်ကြီး မူလာ၊ ဆလားဗီးယား အကျော်အမော် ဘီကာနဲ့ ဟန်ဂေရီ ကစားသမားကြီး ပူစကတ်စ်တို့ကလည်း ပရော်ဖယ်ရှင်နယ်ဘဝ သွင်းဂိုး ၆၀၀ တွေကို ကျော်လွန်ခဲ့တာဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် ပ်ါတူဂီ တိုက်စစ်သမား ရိုနယ်ဒိုနဲ့ ကာလရှည် ယှဉ်ပြိုင်လာခဲ့တဲ့ အာဂျင်တီးနား တိုက်စစ်သမားဟာ ပြိုင်ဘက်ကြီးနည်းတူ ကစားသမားဘဝ နောက်ထပ် မိုင်တိုင်တစ်ခုကို ရောက်ရှိခဲ့ပါပြီ။