မန်စီးတီး ခံစစ်မှူး ဘန်ဂျမင် မန်ဒီကို ညက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ နူးကမ့်မှာ တွေ့လိုက်ရပြီး ဘာစီလိုနာနဲ့ အတူ အောင်ပွဲခံနေတဲ့ ဗီဒီယိုပါ တက်လာခဲ့ပါတယ်။ မန်ဒီအပြင် စီးတီးနည်းပြ ဂွာဒီယိုလာလည်း ထိုပွဲစဉ်ကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

မန်စီးတီးက စပို့တင်းလစ္စဘွန်းမှ ပေါ်တူဂီကွင်းလယ် ဘရူနို ဖာနန်ဒက်ကို ခေါ်ယူဖို့ စိတ်အားထက်သန်ဆဲ ဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် ကစားသမားနဲ့ ပြောဆိုဆွေးနွေးခွင့်ပြုရန် ကလပ်အသင်းချင်း တောင်းဆိုမှု ပြုလုပ်ထားပါတယ်။

မန်စီးတီး ပစ်မှတ်ထားနေတဲ့ အက်သလက်တီကို ကွင်းလယ် ကစားသမား ရိုဒရီက လက်ရှိကလပ်အသင်းမှာပဲ ဆက်နေဖို့ အလိုရှိနေပါတယ်။

ဘာနာဒိုဆေးဗားက ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ဂျာအို ဖိလစ် အပါအ၀င်၊ ဖာရို၊ ဖလော်ရန်တီနိုနဲ့ ဂျိုတာ အစရှိတဲ့ ဘင်ဖီကာ လူငယ်ကစားသမားလေးတွေကို မန်စီးတီးက ခေါ်ယူစေချင်မိကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။

မန်စီးတီးအသင်းဟာ လက်စတာ ဘယ်ခြမ်းခံစစ်မှူး ဘန်ချေးဝဲလ်ကို ခေါ်ယူဖို့ လှုပ်ရှားမှု ပြုလုပ်တော့မှာ မဟုတ်ဘဲ အသင်းမှာ ရှိတဲ့ မန်ဒီ၊ ဇီချိန်ကိုတို့ကိုပဲ ဆက်လက် အသုံးပြုသွားတော့မှာပါ။

မန်စီးတီး ကွင်းလယ်ကစားသမား ဘာနာဒိုဆေးဗားကတော့ သူက လက်ရှိကလပ်အသင်းကနေ ထွက်ခွာဖို့ မစဉ်းစားကြောင်း ပြောဆိုလိုက်ပြီး ၄င်းကို လာလီဂါချန်ပီယံ ဘာစီလိုနာက စိတ်ဝင်စားမှု ရှိနေပါတယ်။

မန်စီးတီးနဲ့ လီဗာပူးမှာ ပက်ဂွာဒီယိုလာ နဲ့ ယာဂန်ကလော့ပ်တို့ကို ၄င်းတို့ ကလပ်အသင်းတွေက ထောက်ပံ့နေမှုမျိုး ယူနိုက်တက်မှာ အောင်မြင်ဖို့အတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ မရခဲ့ဘူး လို့ မော်ရင်ညိုက ယုံကြည်နေပါတယ်။