လီဗာပူးအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ ဆာလက်နဲ့ မာနေး တို့ဟာ သြဂုတ်လထဲ ဘန်လေကို ၃-၀ နဲ့ နိုင်တဲ့ပွဲမှာ တင်းမာမှုများ ရှိခဲ့ပြီး မာနေးရဲ့ ပေါက်ကွဲမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။

ထိုဖြစ်ရပ်က ဆာလက်ဟာ ဂိုးသွင်းဖို့ ပိုကောင်းတဲ့နေရာမှာ ရှိနေတဲ့ မာနေးကို ဘောလုံးပေးဖို့ထက် သူကိုင်တိုင် ကန်သွင်းခဲ့ဖို့ ရွေးချယ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ မာနေးက လူစားလဲခံခဲ့ရပြီး ကွင်းထဲက ထွက်ခွာချိန်မှာ ဒေါသတကြီး ပေါက်ကွဲ နေခဲ့တာ တွေ့ခဲ့ရပါတယ်။

ထိုပွဲစဉ်ပြီးတဲ့နောက် ဆာလက်နဲ့ မာနေးကြား ဆက်ဆံရေး တင်းမာမှုတွေ ရှိလာခဲ့တယ် သတင်းထွက်ခဲ့ပေမယ့် ယာဂင်ကလော့ပ်ကတော့ အားလုံး အဆင်ပြေပြေ ရှိကြောင်း ပြောကြားခဲ့တာပါ။ ဒါပေမယ့် အင်တာဗျူး တစ်ခုမှာတော့ ကလော့ပ်က တိုက်စစ်သမားနှစ်ဦးကို သီးခြားစီ ခေါ်တွေ့ခဲ့ကာ ပြောဆိုဆွေးနွေးခဲ့ရတယ်လို့ ဝန်ခံ ဖွင့်ဟခဲ့ပါတယ်။

” ဘောလုံးလောကမှာတော့ ဘေးကကြည့်ရင် ဒါက ကိစ္စကြီးကြီးပေါ့.. ဘယ်လိုလုပ်မလဲ ဘယ်လိုဖြေရှင်းကြမလဲ တွေးချင်စရာပါ။ ဒါပေမယ့် ကျနေ်ာကတော့ သူတို့နဲ့ သေချာ စကားပြောတာပဲ လုပ်ခဲ့တယ်။” လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူး အဝတ်လဲခန်းထဲမှာ အမြဲတမ်း ရွှေပြည်အေး လုပ်ပေးတဲ့ ကစားသမား ရှိပြီး ထိုသူကတော့ ဝိုက်နယ်ဒန် ဖြစ်ကြောင်းလည်း ကလော့ပ်က ဖော်ထုတ်ခဲ့ပါတယ်။ ကစားသမားတွေ ဒေါသအမျက်ထွက်နေရင် အမြဲ ဖြေသိမ့်ပေးတတ်သူကတော့ ဟော်လန်သားပဲ ဖြစ်ပါတယ်။

” ဝိုက်နယ်ဒန်ကတော့ ပြသနာတွေ အမြဲ ကူဖြေရှင်းပေးဖို့ ကြိုးစားသူပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက လူတွေ ဘာကြောင့် ဒေါသထွက်ကြလဲ စာနာ နားလည်ပေးနိုင်သူ ဖြစ်တယ်။” လို့ ကလော့ပ်က ဆိုပါတယ်။

လီဗာပူး တိုက်စစ်မှူးနှစ်ဦး ဖြစ်တဲ့ ဆာလက်နဲ့ မာနေးကြားမှာ လောလောဆယ်တော့ ပြေလည်မှု ရရှိပြီး ကိုယ်စီလည်း ဂိုးတွေ သွင်းယူ နေကြပါတယ်။ ဆာလက်က ဒီရာသီ လီဗာပူးအတွင်း သွင်းဂိုး အများဆုံး အဖြစ် ၁၄ ဂိုး သွင်းထားပြီး မာနေးကလည်း ၁၃ ဂိုး သွင်းထားတာပါ။ ဂိုးထောက်ပံ့မှုမှာလည်း နှစ်ဦးလုံးက ၇ ကြိမ်စီ ပြုလုပ်ထားပါတယ်။

Zawgyi – လီဗာပူးအသင္းရဲ႕ ၾကယ္ပြင့္တိုက္စစ္မွဴး နွစ္ဦး ျဖစ္တဲ့ ဆာလက္နဲ႕ မာေနး တို႔ဟာ ၾသဂုတ္လထဲ ဘန္ေလကို ၃-၀ နဲ႕ နုိင္တဲ့ပြဲမွာ တင္းမာမႈမ်ား ရွိခဲ့ျပီး မာေနးရဲ႕ ေပါက္ကြဲမႈေတြကို ျမင္ေတြ႔ခဲ့ရပါတယ္။

ထိုျဖစ္ရပ္က ဆာလက္ဟာ ဂိုးသြင္းဖို႔ ပိုေကာင္းတဲ့ေနရာမွာ ရွိေနတဲ့ မာေနးကို ေဘာလံုးေပးဖို႔ထက္ သူကိုင္တိုင္ ကန္သြင္းခဲ့ဖို႔ ေရြးခ်ယ္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ အဲဒီေနာက္ သိပ္မၾကာခင္မွာပဲ မာေနးက လူစားလဲခံခဲ့ရျပီး ကြင္းထဲက ထြက္ခြာခ်ိန္မွာ ေဒါသတၾကီး ေပါက္ကြဲ ေနခဲ့တာ ေတြ႕ခဲ့ရပါတယ္။

ထိုပြဲစဥ္ျပီးတဲ့ေနာက္ ဆာလက္နဲ႕ မာေနးၾကား ဆက္ဆံေရး တင္းမာမႈေတြ ရွိလာခဲ့တယ္ သတင္းထြက္ခဲ့ေပမယ့္ ယာဂင္ကေလာ့ပ္ကေတာ့ အားလံုး အဆင္ေျပေျပ ရွိေၾကာင္း ေျပာၾကားခဲ့တာပါ။ ဒါေပမယ့္ အင္တာဗ်ဴး တစ္ခုမွာေတာ့ ကေလာ့ပ္က တိုက္စစ္သမားနွစ္ဦးကို သီးျခားစီ ေခၚေတြ႕ခဲ့ကာ ေျပာဆိုေဆြးေႏြးခဲ့ရတယ္လို႔ ၀န္ခံ ဖြင့္ဟခဲ့ပါတယ္။

” ေဘာလံုးေလာကမွာေတာ့ ေဘးကၾကည့္ရင္ ဒါက ကိစၥၾကီးၾကီးေပါ့.. ဘယ္လိုလုပ္မလဲ ဘယ္လိုေျဖရွင္းၾကမလဲ ေတြးခ်င္စရာပါ။ ဒါေပမယ့္ က်ေန္ာကေတာ့ သူတို႔နဲ႕ ေသခ်ာ စကားေျပာတာပဲ လုပ္ခဲ့တယ္။” လို႔ ကေလာ့ပ္က ဆိုခဲ့ပါတယ္။

ဒါ့အျပင္ လီဗာပူး အ၀တ္လဲခန္းထဲမွာ အျမဲတမ္း ေရႊျပည္ေအး လုပ္ေပးတဲ့ ကစားသမား ရွိျပီး ထိုသူကေတာ့ ၀ိုက္နယ္ဒန္ ျဖစ္ေၾကာင္းလည္း ကေလာ့ပ္က ေဖာ္ထုတ္ခဲ့ပါတယ္။ ကစားသမားေတြ ေဒါသအမ်က္ထြက္ေနရင္ အျမဲ ေျဖသိမ့္ေပးတတ္သူကေတာ့ ေဟာ္လန္သားပဲ ျဖစ္ပါတယ္။

” ၀ိုက္နယ္ဒန္ကေတာ့ ျပသနာေတြ အျမဲ ကူေျဖရွင္းေပးဖို႔ ၾကိဳးစားသူပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူက လူေတြ ဘာေၾကာင့္ ေဒါသထြက္ၾကလဲ စာနာ နားလည္ေပးနုိင္သူ ျဖစ္တယ္။” လို႔ ကေလာ့ပ္က ဆိုပါတယ္။

လီဗာပူး တိုက္စစ္မွဴးနွစ္ဦး ျဖစ္တဲ့ ဆာလက္နဲ႕ မာေနးၾကားမွာ ေလာေလာဆယ္ေတာ့ ေျပလည္မႈ ရရွိျပီး ကိုယ္စီလည္း ဂိုးေတြ သြင္းယူ ေနၾကပါတယ္။ ဆာလက္က ဒီရာသီ လီဗာပူးအတြင္း သြင္းဂိုး အမ်ားဆံုး အျဖစ္ ၁၄ ဂိုး သြင္းထားျပီး မာေနးကလည္း ၁၃ ဂိုး သြင္းထားတာပါ။ ဂိုးေထာက္ပံ့မႈမွာလည္း နွစ္ဦးလံုးက ၇ ၾကိမ္စီ ျပဳလုပ္ထားပါတယ္။