လီဗာပူးအပေါ် ဂွာဒီယိုလာက ” သူတို့က ကစားရတဲ့ ၂၁ ပွဲမှာ ပွဲ ၂၀ ကို အနိုင်ရခဲ့တယ်။ လိဂ်အားလုံးမှာလည်း အမြင့်ဆုံး ဦးဆောင်ထားနိုင်သူပါ။ လီဗာပူးကို အာရုံစိုက်ဖို့ထက် ဒီရာသီမှာ ကျနေ်ာတို့ ဘာလုပ်နိုင်သလဲဆိုတာကို အာရုံစိုက်သွားရမှာ ဖြစ်ပါတယ်။ ” လို့ မှတ်ချက်ပေးပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က ယူနိုက်တက်မှာ သွားရောက် ယှဉ်ပြိုင်ပြီး ၁-၁ သရေကျတဲ့ပွဲမှာ အကောင်းဆုံး မစွမ်းဆောင်နိုင်ခဲ့ကြောင်းနဲ့ ဒီတစ်ကြိမ် အန်ဖီးကွင်းမှာ ထိပ်တိုက်တွေ့ရာမှာတော့ အကောင်းဆုံး ခြေစွမ်း ပြသမှာဖြစ်ကာ ဘယ်လို ရလဒ်ထွက်မလဲက စောင့်ကြည့်ကြပေါ့လို့ ဆိုပါတယ်။

လီဗာပူး ကစားသမားတွေဖြစ်တဲ့ မာတစ်နဲ့ ဖာဘင်ညိုတို့ဟာ ပွဲနေ့ လူစာရင်းမှာ ထည့်သွင်းရအောင်ကို အဆင်သင့် ဖြစ်နေပါပြီလို့ ကလော့ပ်က အတည်ပြုပါတယ်။

ယူနိုက်တက်ရဲ့ ကစားကွက်အပေါ် ယာဂင်ကလော့ပ်က မှတ်ချက်ပေးရာမှာတော့ ယူနိုက်တက်က ထိပ်တန်း အသင်းတစ်သင်းဖြစ်ပြီး သူတို့ လက်ရှိ ကစားနေတဲ့ ခံစစ်အသားပေး နည်းစနစ်ကလည်း ကောင်းမွန်ပါတယ်လို့ ဖြစ်ပါတယ်။

လီဗာပူးဟာ ဆာလက်၊ မာနေး၊ ကီတာတို့ကို အာဖရိကဖလားပြိုင်ပွဲအတွက် ဇန်နဝါရီလ ၉ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့ထိ လက်လွတ်ရဖွယ် ရှိနေပါတယ်။

ဒီရာသီမှာ လီဗာပူးက အမှတ်ပေးပြိုင်ပွဲမှာ တစ်ပွဲတည်းသော အနိုင်မရတဲ့ပွဲက ယူနိုက်တက်နဲ့ အဝေးကွင်းပွဲဖြစ်တယ်။ ဘာကြောင့် မနိုင်ခဲ့သလဲလို့ မေးခွန်းထုတ်ခံရရာမှာ ဆာလက်က ကျနော် ဒဏ်ရာရနေလို့ မပါနိုင်တာကြောင့် ဖြစ်မယ်လို့ အရွန်းဖောက်သွားပါတယ်။

ယူနိုက်တက်မန်နေဂျာ ဆိုးရှားက ၎င်းတို့ရဲ့ ကလပ်ဟာ လီဗာပူးလို နှစ်ပေါင်း ၃၀ ကြာအောင် အမှတ်ပေးဖလားနဲ့ ဝေးကွာနေတာမျိုး မဖြစ်စေဖို့ ကြိုးစား တည်ဆောက်ရမယ်လို့ ပွဲကြိုမှာ ပြောဆိုပါတယ်။

ဂျွန်းဘန်းကတော့ လီဗာပူးနဲ့ ယူနိုက်တက် နှစ်သင်းပေါင်း အကောင်းဆုံးအသင်းကို အောက်ပါအတိုင်း ရွေးချယ်ပါတယ်။

John Barnes’ combined Liverpool & Man Utd XI: Alisson, Alexander-Arnold, Gomez, Van Dijk, Robertson, Henderson, Fabinho, Wijnaldum, Mane, Firmino, Salah

ZAWGYI

လီဗာပူးအေပၚ ဂြာဒီယိုလာက ” သူတို႔က ကစားရတဲ့ ၂၁ ပြဲမွာ ပြဲ ၂၀ ကို အႏုိင္ရခဲ့တယ္။ လိဂ္အားလံုးမွာလည္း အျမင့္ဆံုး ဦးေဆာင္ထားႏုိင္သူပါ။ လီဗာပူးကို အာရံုစိုက္ဖို႔ထက္ ဒီရာသီမွာ က်ေန္ာတို႔ ဘာလုပ္ႏုိင္သလဲဆိုတာကို အာရံုစိုက္သြားရမွာ ျဖစ္ပါတယ္။ ” လို႔ မွတ္ခ်က္ေပးပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ယူႏုိက္တက္မွာ သြားေရာက္ ယွဥ္ျပိဳင္ျပီး ၁-၁ သေရက်တဲ့ပြဲမွာ အေကာင္းဆံုး မစြမ္းေဆာင္ႏုိင္ခဲ့ေၾကာင္းနဲ႔ ဒီတစ္ၾကိမ္ အန္ဖီးကြင္းမွာ ထိပ္တိုက္ေတြ႔ရာမွာေတာ့ အေကာင္းဆံုး ေျခစြမ္း ျပသမွာျဖစ္ကာ ဘယ္လို ရလဒ္ထြက္မလဲက ေစာင့္ၾကည့္ၾကေပါ့လို႔ ဆိုပါတယ္။

လီဗာပူး ကစားသမားေတြျဖစ္တဲ့ မာတစ္နဲ႔ ဖာဘင္ညိဳတို႔ဟာ ပြဲေန႔ လူစာရင္းမွာ ထည့္သြင္းရေအာင္ကို အဆင္သင့္ ျဖစ္ေနပါျပီလို႔ ကေလာ့ပ္က အတည္ျပဳပါတယ္။

ယူႏုိက္တက္ရဲ႕ ကစားကြက္အေပၚ ယာဂင္ကေလာ့ပ္က မွတ္ခ်က္ေပးရာမွာေတာ့ ယူႏုိက္တက္က ထိပ္တန္း အသင္းတစ္သင္းျဖစ္ျပီး သူတို႔ လက္ရွိ ကစားေနတဲ့ ခံစစ္အသားေပး နည္းစနစ္ကလည္း ေကာင္းမြန္ပါတယ္လို႔ ျဖစ္ပါတယ္။

လီဗာပူးဟာ ဆာလက္၊ မာေနး၊ ကီတာတို႔ကို အာဖရိကဖလားျပိဳင္ပြဲအတြက္ ဇန္နဝါရီလ ၉ ရက္ေန႔ကေန ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ထိ လက္လြတ္ရဖြယ္ ရွိေနပါတယ္။

ဒီရာသီမွာ လီဗာပူးက အမွတ္ေပးျပိဳင္ပြဲမွာ တစ္ပြဲတည္းေသာ အႏုိင္မရတဲ့ပြဲက ယူႏုိက္တက္နဲ႔ အေဝးကြင္းပြဲျဖစ္တယ္။ ဘာေၾကာင့္ မႏိုင္ခဲ့သလဲလို႔ ေမးခြန္းထုတ္ခံရရာမွာ ဆာလက္က က်ေနာ္ ဒဏ္ရာရေနလို႔ မပါႏုိင္တာေၾကာင့္ ျဖစ္မယ္လို႔ အရြန္းေဖာက္သြားပါတယ္။

ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားက ၄င္းတို႔ရဲ႕ ကလပ္ဟာ လီဗာပူးလို ႏွစ္ေပါင္း ၃၀ ၾကာေအာင္ အမွတ္ေပးဖလားနဲ႔ ေဝးကြာေနတာမ်ိဳး မျဖစ္ေစဖို႔ ၾကိဳးစား တည္ေဆာက္ရမယ္လို႔ ပြဲၾကိဳမွာ ေျပာဆိုပါတယ္။

ဂၽြန္းဘန္းကေတာ့ လီဗာပူးနဲ႔ ယူႏုိက္တက္ ႏွစ္သင္းေပါင္း အေကာင္းဆံုးအသင္းကို ေအာက္ပါအတိုင္း ေရြးခ်ယ္ပါတယ္။

John Barnes’ combined Liverpool & Man Utd XI: Alisson, Alexander-Arnold, Gomez, Van Dijk, Robertson, Henderson, Fabinho, Wijnaldum, Mane, Firmino, Salah