လီဗာပူး ယူ-၂၃ အသင်းဟာ ဆောက်သမ်တန်ကို ၅-၀ နဲ့ ဂိုးပြတ် အနိုင်ရတဲ့ပွဲအပြီး ထပ်မံယှဉ်ပြိုင်တဲ့ ဝီဂန် ယူ-၂၃ အသင်းကို ၃-၀ နဲ့ အရေးနိမ့်ခဲ့ပြီး ရလဒ်တွေ ထိခိုက်ခဲ့တယ်။ ဒါပေမယ့်လည်း နေးခရစ်ချ်လေရဲ့ အသင်းက ထူးချွန်တဲ့ အနေအထားကောင်းတွေ ပြသနိုင်ခဲ့တာ ရှိပါတယ်။

ဆောက်သမ်တန်ကို အနိုင်ရတဲ့ပွဲမှာ မာဆေးဆိုဒ် ဒါဘီပွဲကို အနိုင်ရတဲ့ပွဲအတွင်း ပါဝင်ကစားခဲ့တဲ့ လူငယ် ၅ ဦးလုံး ပါဝင်ခဲ့ပေမယ့် ဝီဂန်ပွဲမှာတော့ အနားရခဲ့ကာ ဟိုဗာတစ်ဦးတည်း ပါဝင်ခဲ့တာဖြစ်တယ်။ ဝီဂန်နဲ့ပွဲကို ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် ဟိုဗာရဲ့ အနေအထားနဲ့ ပက်သက်လို့ သတင်းကောင်း ကြားခဲ့ရတာဖြစ်တယ်။

နယ်သာလန်သား အသက် ၁၈ နှစ်အရွယ် ခံစစ်သမားဟာ လူငယ်အသင်းမှာ ညာအစွန်လူနဲ့ ဗဟိုခံစစ်သမား နှစ်နေရာကို ကစားပေးနေသူပါ။ ဝီဂန်နဲ့ပွဲမှာလည်း ညာအစွန်သမားအဖြစစ် ကစားခဲ့သေးပေမယ့် မန်နေဂျာယာဂင်ကလော့ပ်ရဲ့ ရွေးချယ်ပေးမှုအရ ဟိုဗာဟာ အနာဂတ်မှာတော့ ဗဟိုခံစစ်မှူးစစ်စစ်အဖြစ် ကစားရမှာ ဖြစ်ပါတယ်။ ဒီလို ရွေးချယ်ပေးခြင်းက ဟိုဗာအပေါ် ကလော့ပ်ရဲ့ မြင့်မြင့်မားမား မျှော်လင့်မှုကို မြင်သာစေတယ်။

အစွန်သမားတွေက တိုက်စစ်ကို တောင်ပံကနေ ပြေးလိုက်ရမှု ပိုများပြီး ဖြတ်တင်ဘောတွေ လုပ်ရပေမယ့် ဗဟိုခံစစ်မှူးကတော့ အမြင့်ဘောနဲ့ ဘောလုံး ဖြန့်ဝေမှုပိုင်းမှာ ပိုမိုအာရုံစိုက်ရတာဖြစ်တယ်။ စီနီယာအသင်းမှာ ဂိုးမက်စ်ဟာ ညာအစွန်နဲ့ ဗဟိုခံစစ်မှူး နှစ်နေရာ တွဲဆော့ပြပေမယ့် တိုက်စစ်အားသန် အစွန်လူထက် ခံစစ်အားသန် အစွန်လူအဖြစ်ပဲ ပိုကစားပြနိုင်ပါတယ်။

ဟိုဗာကို ဗဟိုခံစစ်မှူးအဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်ခြင်းက အနာဂတ်မှာလည်း သူ့ကို အဆိုပါနေရာကနေပဲ တိုးတက်လာစေဖို့ ရည်ရွယ်ခြင်းဖြစ်တယ်။ ၂၀၁၈ ခုနှစ်က ဝုဗ်ကို အရေးနိမ့်တဲ့ အက်ဖ်အေ တတိယအဆင့်ပွဲမှာ လီဗာပူးအတွက် ပထမဆုံး ပွဲထွက်မှုကို အသက် ၁၆ နှစ်နဲ့ လုပ်နိုင်ခဲ့တဲ့ ဟိုဗာဟာ ပြီးခဲ့တဲ့ စက်တင်ဘာက ကာရာဘောင်းပွဲမှာ လီဗာပူးကစားသမားဘဝ ပထမဆုံး သွင်းဂိုး ရခဲ့ပါတယ်။

ယူ-၂၃ အဆင့် ပွဲတွေမှာ ဦးဆောင်နိုင်မှုကောင်းတွေ ပြသနိုင်တာကြောင့် လီဗာပူးပရိသတ်တွေရဲ့ ချီးကျူးခြင်းကို ရရှိလေ့ရှိတဲ့ ဟိုဗာဟာ သက်တမ်းအလိုက် လက်ရွေးစင်အဆင့်မှာလည်း ပုံမှန် ပါဝင်ခွင့်ရသူပါ။ သူဟာ နယ်သာလန်လက်ရွေးစင် စီနီယာကြီး ဗန်ဒိုက်ရဲ့ ခြေရာနင်းမယ့် ဗဟိုခံစစ်မှူးအဖြစ်လည်း သတင်းကြီးနေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ယူ-၂၃ အသင္းဟာ ေဆာက္သမ္တန္ကို ၅-၀ နဲ႔ ဂိုးျပတ္ အႏုိင္ရတဲ့ပြဲအျပီး ထပ္မံယွဥ္ျပိဳင္တဲ့ ဝီဂန္ ယူ-၂၃ အသင္းကို ၃-၀ နဲ႔ အေရးနိမ့္ခဲ့ျပီး ရလဒ္ေတြ ထိခိုက္ခဲ့တယ္။ ဒါေပမယ့္လည္း ေနးခရစ္ခ်္ေလရဲ႕ အသင္းက ထူးခၽြန္တဲ့ အေနအထားေကာင္းေတြ ျပသႏုိင္ခဲ့တာ ရွိပါတယ္။

ေဆာက္သမ္တန္ကို အႏုိင္ရတဲ့ပြဲမွာ မာေဆးဆိုဒ္ ဒါဘီပြဲကို အႏုိင္ရတဲ့ပြဲအတြင္း ပါဝင္ကစားခဲ့တဲ့ လူငယ္ ၅ ဦးလံုး ပါဝင္ခဲ့ေပမယ့္ ဝီဂန္ပြဲမွာေတာ့ အနားရခဲ့ကာ ဟိုဗာတစ္ဦးတည္း ပါဝင္ခဲ့တာျဖစ္တယ္။ ဝီဂန္နဲ႔ပြဲကို ဂိုးျပတ္ အေရးနိမ့္ခဲ့ေပမယ့္ ဟိုဗာရဲ႕ အေနအထားနဲ႔ ပက္သက္လို႔ သတင္းေကာင္း ၾကားခဲ့ရတာျဖစ္တယ္။

နယ္သာလန္သား အသက္ ၁၈ ႏွစ္အရြယ္ ခံစစ္သမားဟာ လူငယ္အသင္းမွာ ညာအစြန္လူနဲ႔ ဗဟိုခံစစ္သမား ႏွစ္ေနရာကို ကစားေပးေနသူပါ။ ဝီဂန္နဲ႔ပြဲမွာလည္း ညာအစြန္သမားအျဖစစ္ ကစားခဲ့ေသးေပမယ့္ မန္ေနဂ်ာယာဂင္ကေလာ့ပ္ရဲ႕ ေရြးခ်ယ္ေပးမႈအရ ဟိုဗာဟာ အနာဂတ္မွာေတာ့ ဗဟိုခံစစ္မွဴးစစ္စစ္အျဖစ္ ကစားရမွာ ျဖစ္ပါတယ္။ ဒီလို ေရြးခ်ယ္ေပးျခင္းက ဟိုဗာအေပၚ ကေလာ့ပ္ရဲ႕ ျမင့္ျမင့္မားမား ေမွ်ာ္လင့္မႈကို ျမင္သာေစတယ္။

အစြန္သမားေတြက တိုက္စစ္ကို ေတာင္ပံကေန ေျပးလိုက္ရမႈ ပိုမ်ားျပီး ျဖတ္တင္ေဘာေတြ လုပ္ရေပမယ့္ ဗဟိုခံစစ္မွဴးကေတာ့ အျမင့္ေဘာနဲ႔ ေဘာလံုး ျဖန္႔ေဝမႈပိုင္းမွာ ပိုမိုအာရံုစိုက္ရတာျဖစ္တယ္။ စီနီယာအသင္းမွာ ဂိုးမက္စ္ဟာ ညာအစြန္နဲ႔ ဗဟိုခံစစ္မွဴး ႏွစ္ေနရာ တြဲေဆာ့ျပေပမယ့္ တိုက္စစ္အားသန္ အစြန္လူထက္ ခံစစ္အားသန္ အစြန္လူအျဖစ္ပဲ ပိုကစားျပႏုိင္ပါတယ္။

ဟိုဗာကို ဗဟိုခံစစ္မွဴးအျဖစ္ ေရြးခ်ယ္ဖို႔ ဆံုးျဖတ္ျခင္းက အနာဂတ္မွာလည္း သူ႔ကို အဆိုပါေနရာကေနပဲ တိုးတက္လာေစဖို႔ ရည္ရြယ္ျခင္းျဖစ္တယ္။ ၂၀၁၈ ခုႏွစ္က ဝုဗ္ကို အေရးနိမ့္တဲ့ အက္ဖ္ေအ တတိယအဆင့္ပြဲမွာ လီဗာပူးအတြက္ ပထမဆံုး ပြဲထြက္မႈကို အသက္ ၁၆ ႏွစ္နဲ႔ လုပ္ႏုိင္ခဲ့တဲ့ ဟိုဗာဟာ ျပီးခဲ့တဲ့ စက္တင္ဘာက ကာရာေဘာင္းပြဲမွာ လီဗာပူးကစားသမားဘဝ ပထမဆံုး သြင္းဂိုး ရခဲ့ပါတယ္။

ယူ-၂၃ အဆင့္ ပြဲေတြမွာ ဦးေဆာင္ႏုိင္မႈေကာင္းေတြ ျပသႏုိင္တာေၾကာင့္ လီဗာပူးပရိသတ္ေတြရဲ႕ ခ်ီးက်ဴးျခင္းကို ရရွိေလ့ရွိတဲ့ ဟိုဗာဟာ သက္တမ္းအလိုက္ လက္ေရြးစင္အဆင့္မွာလည္း ပံုမွန္ ပါဝင္ခြင့္ရသူပါ။ သူဟာ နယ္သာလန္လက္ေရြးစင္ စီနီယာၾကီး ဗန္ဒိုက္ရဲ႕ ေျခရာနင္းမယ့္ ဗဟိုခံစစ္မွဴးအျဖစ္လည္း သတင္းၾကီးေနတာ ျဖစ္ပါတယ္။