လီဗာပူးဖွား ဒေသခံကစားသမားဖြစ်တဲ့ ထရန့်က ဘောလုံးရာသီတိုင်း အနိုင်အရလိုဆုံး ကလပ်အသင်းဖြစ်တဲ့ ယူနိုက်တက်နဲ့ပွဲအတွက် အများကြီး အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။

သမိုင်းတစ်လျှောက် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ ကလပ်နှစ်သင်း ထိပ်တိုက်တွေ့တဲ့ ပွဲဟာ ခံစားမှုတွေ ပြင်းပြကြသလို နှစ်သင်းနဲ့ ပရိသတ်တွေက ဒီလိုပွဲမှာ အနိုင်ရလဒ်ကိုပဲ လိုချင်တယ်လို့ ထရန့်က ဆိုပါတယ်။

ထရန့်က “ ပရိသတ်တွေအတွက် ယူနိုက်တက်ကို အနိုင်ယူတာက အများကြီး အဓိပ္ပာယ် ရှိပါတယ်။ အားလုံးရဲ့ရှေ့ ဆက်ပြေးနေဖို့နဲ့ ကျနော်တို့ရဲ့ ခံစားချက်တွေကို ဒီပွဲထဲမှာ ထည့်ကစားဖို့ လိုပါတယ်။

ဒီပွဲက ပွဲကြီးတစ်ပွဲပါ။ အားပေးမှုကလည်း အရမ်းကို ကောင်းမွန်ပါလိမ့်မယ်။ ကျနေ်ာတို့ လုပ်ရမယ့် အလုပ်ရှိပြီး ပရိသတ်တွေ အားပေးဖို့ ရှိနေပေးဖို့ လိုပါတယ်။ ကျနေ်ာတို့ရဲ့ နည်းစနစ် မှန်ကန်ဖို့ လိုအပ်သလို ကျနေ်ာတို့ရဲ့ လိဂ်အဆင့်ရပ်တည်မှုကြောင့် ကိုယ်ဘာသာ ကျေနပ် နှစ်သိမ့်နေဖို့ မလိုပါဘူး။

အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေတာက ကျနေ်ာတို့ရဲ့ စိတ်ဓါတ်ပိုင်းကြောင့်ဆိုတာ သိပါတယ်။ ဒီအချိန်ထိ ပွဲတွေကို ချဉ်းကပ်မှုတွေက မှန်ကန်တယ်။ ဒါပေမယ့် အဝေးကြီး သွားဖို့ လိုသေးသလို ဒါကို အာရုံစိုက်ဖို့ လိုပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ပက်သက်ပြီး သူ့ရဲ့ အတွေ့အကြုံကို ပြောရာမှာ ” ကြီးပြင်းလာခဲ့ရာမှာ သူတို့ရဲ့ အတိတ်နဲ့ လီဗာပူးရဲ့ အတိတ်ကို လေ့လာကြီးပြင်းခဲ့ရပြီး ကျနေ်ာတို့ အနိုင်ရသလောက် ဆုဖလားတွေကို သူတို့ အနိုင်ရတယ်ဆိုတာကို သိမှီခဲ့ရတယ်။

သူတို့မှာ အကောင်းဆုံး ကစားသမားတွေ အကောင်းဆုံး အသင်းတွေနဲ့ ဘယ်လို အနိုင်ရမယ်ဆိုတာကို သိခဲ့တယ်။ ဘယ်လို အခြေအနေမဆို နိုင်ပွဲတွေရဖို့ နောက်ဆုံးမိနစ်ထိ သွင်းဂိုးရယူနိုင်တဲ့ သူတို့လို အသင်းကောင်းတွေ အများကြီး မထွက်ပေါ်ခဲ့ပါဘူး။ ဘယ်လိုပဲ ဖြစ်ပါစေ ယူနိုက်တက်က အနိုင်ရမယ်ဆိုတဲ့ ခံစားချက်တွေ အမြဲတမ်း ရှိခဲ့တာပါ။

ကျနေ်ာတို့ကြားမှာ အမြဲတမ်း ပြိုင်ဆိုင်ခဲ့တဲ့ သမိုင်းကြောင်း ရှိပြီး ဒါကို ငယ်ရွယ်တဲ့ ကစားသမား ဘဝကတည်းက သိခဲ့တယ်။ ဘောလုံးရာသီမှာ အဓိပ္ပာယ်အရှိဆုံးသော နိုင်ပွဲအတွက် ပရိသတ်တွေက အာရုံစိုက်နေပါတယ်။ အဲဗာတန်၊ ယူနိုက်တက်တို့နဲ့ ရင်ဆိုင်ရမယ့် ပွဲတွေက မကန်ခင်ကတည်းက စောင့်ဆိုင်းခဲ့ရတဲ့ ပွဲတွေဖြစ်ပါတယ် ” လို့ ထရန့်က ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဖြား ေဒသခံကစားသမားျဖစ္တဲ့ ထရန္႔က ေဘာလံုးရာသီတိုင္း အႏုိင္အရလိုဆံုး ကလပ္အသင္းျဖစ္တဲ့ ယူႏုိက္တက္နဲ႔ပြဲအတြက္ အမ်ားၾကီး အာရံုစိုက္ေနတယ္လို႔ ဆိုပါတယ္။

သမိုင္းတစ္ေလွ်ာက္ ျပိဳင္ဆုိင္မႈ ျပင္းထန္ခဲ့တဲ့ ကလပ္ႏွစ္သင္း ထိပ္တိုက္ေတြ႔တဲ့ ပြဲဟာ ခံစားမႈေတြ ျပင္းျပၾကသလို ႏွစ္သင္းနဲ႔ ပရိသတ္ေတြက ဒီလိုပြဲမွာ အႏုိင္ရလဒ္ကိုပဲ လိုခ်င္တယ္လို႔ ထရန္႔က ဆိုပါတယ္။

ထရန္႔က “ ပရိသတ္ေတြအတြက္ ယူႏုိက္တက္ကို အႏုိင္ယူတာက အမ်ားၾကီး အဓိပၸာယ္ ရွိပါတယ္။ အားလံုးရဲ႕ေရွ႔ ဆက္ေျပးေနဖို႔နဲ႔ က်ေနာ္တို႔ရဲ႕ ခံစားခ်က္ေတြကို ဒီပြဲထဲမွာ ထည့္ကစားဖို႔ လိုပါတယ္။

ဒီပြဲက ပြဲၾကီးတစ္ပြဲပါ။ အားေပးမႈကလည္း အရမ္းကို ေကာင္းမြန္ပါလိမ့္မယ္။ က်ေန္ာတို႔ လုပ္ရမယ့္ အလုပ္ရွိျပီး ပရိသတ္ေတြ အားေပးဖို႔ ရွိေနေပးဖို႔ လိုပါတယ္။ က်ေန္ာတုိ႔ရဲ႕ နည္းစနစ္ မွန္ကန္ဖို႔ လိုအပ္သလို က်ေန္ာတို႔ရဲ႕ လိဂ္အဆင့္ရပ္တည္မႈေၾကာင့္ ကိုယ္ဘာသာ ေက်နပ္ ႏွစ္သိမ့္ေနဖို႔ မလိုပါဘူး။

အမွတ္ေပးဇယား ထိပ္ဆံုးမွာ ရွိေနတာက က်ေန္ာတုိ႔ရဲ႕ စိတ္ဓါတ္ပိုင္းေၾကာင့္ဆိုတာ သိပါတယ္။ ဒီအခ်ိန္ထိ ပြဲေတြကို ခ်ဥ္းကပ္မႈေတြက မွန္ကန္တယ္။ ဒါေပမယ့္ အေဝးၾကီး သြားဖို႔ လိုေသးသလို ဒါကို အာရံုစိုက္ဖို႔ လိုပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

ယူႏုိက္တက္နဲ႔ ပက္သက္ျပီး သူ႔ရဲ႕ အေတြ႔အၾကံဳကို ေျပာရာမွာ ” ၾကီးျပင္းလာခဲ့ရာမွာ သူတို႔ရဲ႕ အတိတ္နဲ႔ လီဗာပူးရဲ႕ အတိတ္ကို ေလ့လာၾကီးျပင္းခဲ့ရျပီး က်ေန္ာတုိ႔ အႏိုင္ရသေလာက္ ဆုဖလားေတြကို သူတို႔ အႏုိင္ရတယ္ဆိုတာကို သိမီွခဲ့ရတယ္။

သူတို႔မွာ အေကာင္းဆံုး ကစားသမားေတြ အေကာင္းဆံုး အသင္းေတြနဲ႔ ဘယ္လို အႏုိင္ရမယ္ဆိုတာကို သိခဲ့တယ္။ ဘယ္လို အေျခအေနမဆို ႏုိင္ပြဲေတြရဖို႔ ေနာက္ဆံုးမိနစ္ထိ သြင္းဂိုးရယူႏုိင္တဲ့ သူတို႔လို အသင္းေကာင္းေတြ အမ်ားၾကီး မထြက္ေပၚခဲ့ပါဘူး။ ဘယ္လိုပဲ ျဖစ္ပါေစ ယူႏုိက္တက္က အႏုိင္ရမယ္ဆိုတဲ့ ခံစားခ်က္ေတြ အျမဲတမ္း ရွိခဲ့တာပါ။

က်ေန္ာတုိ႔ၾကားမွာ အျမဲတမ္း ျပိဳင္ဆိုင္ခဲ့တဲ့ သမိုင္းေၾကာင္း ရွိျပီး ဒါကို ငယ္ရြယ္တဲ့ ကစားသမား ဘဝကတည္းက သိခဲ့တယ္။ ေဘာလံုးရာသီမွာ အဓိပၸာယ္အရွိဆံုးေသာ ႏုိင္ပြဲအတြက္ ပရိသတ္ေတြက အာရံုစိုက္ေနပါတယ္။ အဲဗာတန္၊ ယူႏုိက္တက္တုိ႔နဲ႔ ရင္ဆုိင္ရမယ့္ ပြဲေတြက မကန္ခင္ကတည္းက ေစာင့္ဆိုင္းခဲ့ရတဲ့ ပြဲေတြျဖစ္ပါတယ္ ” လို႔ ထရန္႔က ဆိုခဲ့တာျဖစ္ပါတယ္။