ဒီကနေ့ညမှာတော့ အနောက်မြောက် ဒါဘီပွဲအဖြစ် လီဗာပူးဟာ ယူနိုက်တက်ကို အန်ဖီးကွင်းမှာ ဧည့်ခံကစားမှာဖြစ်ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီကနေ့မှာ ယှဉ်ပြိုင်ရမယ့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်တဲ့ အသင်းကောင်းဖြစ်ကြောင်း ထောက်ခံပြောဆိုလိုက်ပါတယ်။

ဒီကနေ့ပွဲမှာ သွင်းဂိုး ရယူနိုင်မယ်ဆိုရင် မာနေးဟာ အင်္ဂလန်လိဂ်မှာ သွင်းဂိုး ၁၀၀ ပြည့်ဂိုးကို ရရှိမှာဖြစ်ပါတယ်။

၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လီဗာပူးဟာ အင်္ဂလန်ရဲ့ အချမ်းသာဆုံးအသင်းနေရာကို ယူနိုက်တက်ထံက လွဲယူနိုင်ဖို့ သတင်းကြီးနေပါတယ်။ လီဗာပူးဟာ ဒီဘက်နှစ်တွေမှာ ဆုဖလားအောင်မြင်မှုကြောင့် ဆုကြေးကြီးတွေ ရနေပေမယ့် စီးပွားရေးပိုင်းဆိုင်ရာ စာချုပ်တွေမှာ ယူနိုက်တက်ကို သာလွန်ဖို့က လိုအပ်နေပါသေးတယ်။

လီဗာပူးဟာ ချယ်ဆီးနဲ့အပြိုင် တီမိုဝါနာကို လက်မှတ်ထိုးဖို့ ကြိုးစားလိုစိတ် ပြင်းပြနေပြီး ဒီပြိုင်ဆိုင်မှုက ပေါင် ၆၀ သန်းလောက်ထိ ရောက်ရှိနိုင်ပါတယ်။

လီဗာပူး ညာအစွန်လူ ထရန့်က ယူနိုက်တက်နဲ့ပွဲဟာ နိုင်ကို နိုင်ဖို့လိုတဲ့ ပွဲပါလို့ ထုတ်ဖော်ပြောဆိုပြီး ခါးသီးပြိုင်ဘက်ကို အနိုင်ယူခြင်းနဲ့အတူ အမှတ်ပေးဖလားအတွက် နေရာကောင်းကို ရယူလိုနေပါတယ်။

လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုဟာ ယူနိုက်တက်ပွဲမှာ ရွေးချယ်ခံနိုင်လောက်အောင်ကို ကြံ့ခိုင်မှု ကောင်းမွန်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကွင်းလယ်မှာ ဟန်ဒါဆန်၊ ဝိုက်နယ်ဒမ်တို့ရဲ့ တွဲဘက်အဖြစ် သူနေရာရမလား ချိန်ဘာလိန် ပါရမလားက မှန်းဆကြဆဲ ကိစ္စဖြစ်ပါတယ်။

အားကစားသုံးသပ်သူအဖြစ် အင်္ဂလန်မီဒီယာမှာ ဝင်ရောက် ပါဝင်ခဲ့တဲ့ ဟစ်ပီယာက ၂၀၀၅ ခုနှစ်တုန်းက အေစီမီလန်အသင်းသား အများအပြားက လီဗာပူးနဲ့ ဂျာစီလဲဖို့ကို ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ အေစီမီလန်ဂျာစီအောက်မှာ ချန်ပီယံလိဂ် အနိုင်ရမှုအတွက် အောင်ပွဲခံ ဝတ်စုံတွေ ဝတ်ထားတာကြောင့် ဂျာစီလဲဖို့ ငြင်းဆန်တာလို့ သူကဆိုတယ်။

ဂျူဗင်တပ်ကွင်းလယ်လူ ချန်ဟာ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ကို ပြောင်းလာဖို့ သတင်းကြီးနေပါတယ်။ မန်နေဂျာ အန်ဆယ်လော့တီက လီဗာပူးကွင်းလယ်လူဟောင်းကို ပေါင် ၃၀ သန်းနဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေတာပါ။

အချက်အလက်တွေအရ မန်စီးတီးနဲ့ လက်စတာတို့ဟာ လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ရမယ်ဆိုရင်တောင် ယှဉ်ပြိုင်ဖို့ ကျန်ရှိတဲ့ ၁၇ ပွဲမှာ ၁၁ ပွဲနိုင်ရုံနဲ့ လီဗာပူးဟာ အမှတ်ပေးဖလားကို အနိုင်ရပါမယ်။

ZAWGYI

ဒီကေန႔ညမွာေတာ့ အေနာက္ေျမာက္ ဒါဘီပြဲအျဖစ္ လီဗာပူးဟာ ယူႏုိက္တက္ကို အန္ဖီးကြင္းမွာ ဧည့္ခံကစားမွာျဖစ္ပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဒီကေန႔မွာ ယွဥ္ျပိဳင္ရမယ့္ ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရယူႏုိင္တဲ့ အသင္းေကာင္းျဖစ္ေၾကာင္း ေထာက္ခံေျပာဆိုလိုက္ပါတယ္။

ဒီကေန႔ပြဲမွာ သြင္းဂိုး ရယူႏုိင္မယ္ဆိုရင္ မာေနးဟာ အဂၤလန္လိဂ္မွာ သြင္းဂိုး ၁၀၀ ျပည့္ဂိုးကို ရရွိမွာျဖစ္ပါတယ္။

၂၇ ႏွစ္အတြင္း ပထမဆံုးအၾကိမ္အျဖစ္ လီဗာပူးဟာ အဂၤလန္ရဲ႕ အခ်မ္းသာဆံုးအသင္းေနရာကို ယူႏုိက္တက္ထံက လြဲယူႏုိင္ဖို႔ သတင္းၾကီးေနပါတယ္။ လီဗာပူးဟာ ဒီဘက္ႏွစ္ေတြမွာ ဆုဖလားေအာင္ျမင္မႈေၾကာင့္ ဆုေၾကးၾကီးေတြ ရေနေပမယ့္ စီးပြားေရးပိုင္းဆိုင္ရာ စာခ်ဳပ္ေတြမွာ ယူႏုိက္တက္ကို သာလြန္ဖို႔က လိုအပ္ေနပါေသးတယ္။

လီဗာပူးဟာ ခ်ယ္ဆီးနဲ႔အျပိဳင္ တီမိုဝါနာကို လက္မွတ္ထိုးဖို႔ ၾကိဳးစားလိုစိတ္ ျပင္းျပေနျပီး ဒီျပိဳင္ဆိုင္မႈက ေပါင္ ၆၀ သန္းေလာက္ထိ ေရာက္ရွိႏုိင္ပါတယ္။

လီဗာပူး ညာအစြန္လူ ထရန္႔က ယူႏုိက္တက္နဲ႔ပြဲဟာ ႏုိင္ကို ႏုိင္ဖို႔လိုတဲ့ ပြဲပါလို႔ ထုတ္ေဖာ္ေျပာဆိုျပီး ခါးသီးျပိဳင္ဘက္ကို အႏုိင္ယူျခင္းနဲ႔အတူ အမွတ္ေပးဖလားအတြက္ ေနရာေကာင္းကို ရယူလိုေနပါတယ္။

လီဗာပူးကြင္းလယ္လူ ဖာဘင္ညိဳဟာ ယူႏုိက္တက္ပြဲမွာ ေရြးခ်ယ္ခံႏုိင္ေလာက္ေအာင္ကို ၾကံ႕ခိုင္မႈ ေကာင္းမြန္ေနတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ကြင္းလယ္မွာ ဟန္ဒါဆန္၊ ဝိုက္နယ္ဒမ္တို႔ရဲ႕ တြဲဘက္အျဖစ္ သူေနရာရမလား ခ်ိန္ဘာလိန္ ပါရမလားက မွန္းဆၾကဆဲ ကိစၥျဖစ္ပါတယ္။

အားကစားသံုးသပ္သူအျဖစ္ အဂၤလန္မီဒီယာမွာ ဝင္ေရာက္ ပါဝင္ခဲ့တဲ့ ဟစ္ပီယာက ၂၀၀၅ ခုႏွစ္တုန္းက ေအစီမီလန္အသင္းသား အမ်ားအျပားက လီဗာပူးနဲ႔ ဂ်ာစီလဲဖို႔ကို ျငင္းဆန္ခဲ့တယ္လို႔ ဆိုပါတယ္။ ေအစီမီလန္ဂ်ာစီေအာက္မွာ ခ်န္ပီယံလိဂ္ အႏုိင္ရမႈအတြက္ ေအာင္ပြဲခံ ဝတ္စံုေတြ ဝတ္ထားတာေၾကာင့္ ဂ်ာစီလဲဖို႔ ျငင္းဆန္တာလို႔ သူကဆိုတယ္။

ဂ်ဴဗင္တပ္ကြင္းလယ္လူ ခ်န္ဟာ ပရီးမီးယားလိဂ္ကလပ္ အဲဗာတန္ကို ေျပာင္းလာဖို႔ သတင္းၾကီးေနပါတယ္။ မန္ေနဂ်ာ အန္ဆယ္ေလာ့တီက လီဗာပူးကြင္းလယ္လူေဟာင္းကို ေပါင္ ၃၀ သန္းနဲ႔ ေခၚယူဖို႔ ဆႏၵရွိေနတာပါ။

အခ်က္အလက္ေတြအရ မန္စီးတီးနဲ႔ လက္စတာတို႔ဟာ လက္က်န္ပြဲေတြ အားလံုးကို အႏုိင္ရမယ္ဆိုရင္ေတာင္ ယွဥ္ျပိဳင္ဖို႔ က်န္ရွိတဲ့ ၁၇ ပြဲမွာ ၁၁ ပြဲႏုိင္ရံုနဲ႔ လီဗာပူးဟာ အမွတ္ေပးဖလားကို အႏုိင္ရပါမယ္။