လီဗာပူးဟာ ဈေးကွက်ထဲမှာ ကစားသမားကောင်းတွေကို ရှာဖွေနေပြီး လာမယ့် နွေမှာတော့ တိုက်စစ်သမားတစ်ဦးအပြင် ခံစစ်ပိုင်းကိုလည်း အားဖြည့်မယ်လို့ သတင်းကြီးနေခဲ့တယ်။

လိုက်ဇစ်မှ တိုက်စစ်သမား တီမိုဝါနာအတွက် ပေါင် ၆၀ သန်း အကုန်အကျခံမယ်လို့ သတင်းကြီးနေပေမယ့်လည်း လီဗာပူးခံစစ်မှူးဟောင်း ဖီဘတ်ကတော့ တိုက်စစ်ပိုင်းထက် ခံစစ်ပိုင်းကိုပဲ ကမ္ဘာအဆင့်အားဖြည့်မှုကို လုပ်စေလိုပါတယ်။ လာမယ့် နွေမှာဆိုရင် နာပိုလီခံစစ်မှူး ကိုလီဘာလီကို ပေါင် ၆၄ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး သူ့ကို ခေါ်ကာ ဗန်ဒိုက်နဲ့ တွဲပေးဖို့ လီဗာပူးအသင်းသား ဟောင်းကြီးက တိုက်တွန်းခဲ့တာပါ။

ဖီးဘတ်က ပြောရာမှာ “ လီဗာပူးဖန်းတစ်ဦးအနေနဲ့ကော ကလပ်အသင်းရဲ့ ကိုယ်စားလှယ်အနေနဲ့ပါ ဘယ်နေရာကို ကလော့ပ် အားဖြည့်မယ်ဆိုတာကို အံသြနေမိမှာပါ။ ကျနော်ကတော့ နောက်ထပ် ထိပ်တန်း ခံစစ်မှူးတစ်ဦးကိုပဲ ဦးစားပေးအဖြစ် ခေါ်ယူစေလိုပါတယ်။

ဂိုးမက်စ်၊ မာတစ်နဲ့ လိုဗရန်တို့က ဒဏ်ရာဆိုင်ရာ မှတ်တမ်းတွေ ရှိထားကြတာပါ။ ဗန်ဒိုက်ကတော့ တကယ်ကို အားကောင်းမောင်းသန်နဲ့ ဒဏ်ရာရခဲ့သူဖြစ်ပေမယ့်လည်း သူနဲ့တွဲဘက်ပြီး ကစားဖို့ နောက်ထပ် ကမ္ဘာအဆင့် ခံစစ်မှူးတစ်ဦး လိုအပ်လှပါတယ်။ ဗန်ဒိုက်နဲ့ ကိုလီဘာလီအတွဲကို မြင်ယောင်ကြည့်မိရဲ့လား။ တကယ်ကို ထိပ်တန်း ခံစစ်အတွဲ ဖြစ်သွားပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ခံစစ်သမားဟာ ကုန်ခဲ့တဲ့ လေးရာသီဆက်တိုက် စီးရီးအေ အကောင်းဆုံးအသင်းမှာ ပါဝင်ရတဲ့ တစ်ဦးတည်းသော ခံစစ်မှူးဖြစ်တယ်။ အီတလီရဲ့ အကောင်းဆုံး ခံစစ်မှူးဟာ ကမ္ဘာအကောင်းဆုံး ခံစစ်မှူးတွေထဲက တစ်ဦးအဖြစ်လည်း သက်မှတ်ခံထားရတယ်။

၂၀၂၃ ခုနှစ်ထိ နာပိုလီနဲ့ စာချုပ်ရှိနေတဲ့ ဆီနီဂေါလက်ရွေးစင်ကို ယူရို ၇၅ သန်းပေးရင် ခေါ်ယူနိုင်မှာဖြစ်ပြီး နာပိုလီကလည်း ဘဏ္ဍာရေးပိုင်းအရ လူသစ်ခေါ်ဖို့ ကစားသမား ရောင်းချမှုတွေ လုပ်ရနိုင်တာဖြစ်တယ်။ လက်ရွေးစင်အသင်းဖော် မာနေးရှိတဲ့ လီဗာပူးနဲ့ ကိုလီဘာလီကြား သတင်းကြီးတွေ ရှိခဲ့ပေမယ့်လည်း ဗန်ဒိုက် ရောက်ပြီး နောက်ပိုင်းမှာတော့ ငြိမ်သက်နေခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ေစ်းကြက္ထဲမွာ ကစားသမားေကာင္းေတြကို ရွာေဖြေနျပီး လာမယ့္ ေႏြမွာေတာ့ တိုက္စစ္သမားတစ္ဦးအျပင္ ခံစစ္ပိုင္းကိုလည္း အားျဖည့္မယ္လို႔ သတင္းၾကီးေနခဲ့တယ္။

လိုက္ဇစ္မွ တိုက္စစ္သမား တီမိုဝါနာအတြက္ ေပါင္ ၆၀ သန္း အကုန္အက်ခံမယ္လို႔ သတင္းၾကီးေနေပမယ့္လည္း လီဗာပူးခံစစ္မွဴးေဟာင္း ဖီဘတ္ကေတာ့ တိုက္စစ္ပိုင္းထက္ ခံစစ္ပိုင္းကိုပဲ ကမၻာအဆင့္အားျဖည့္မႈကို လုပ္ေစလိုပါတယ္။ လာမယ့္ ေႏြမွာဆိုရင္ နာပိုလီခံစစ္မွဴး ကိုလီဘာလီကို ေပါင္ ၆၄ သန္း ဝန္းက်င္နဲ႔ ေခၚယူႏုိင္မွာျဖစ္ျပီး သူ႔ကို ေခၚကာ ဗန္ဒိုက္နဲ႔ တြဲေပးဖို႔ လီဗာပူးအသင္းသား ေဟာင္းၾကီးက တိုက္တြန္းခဲ့တာပါ။

ဖီးဘတ္က ေျပာရာမွာ “ လီဗာပူးဖန္းတစ္ဦးအေနနဲ႔ေကာ ကလပ္အသင္းရဲ႕ ကိုယ္စားလွယ္အေနနဲ႔ပါ ဘယ္ေနရာကို ကေလာ့ပ္ အားျဖည့္မယ္ဆိုတာကို အံၾသေနမိမွာပါ။ က်ေနာ္ကေတာ့ ေနာက္ထပ္ ထိပ္တန္း ခံစစ္မွဴးတစ္ဦးကိုပဲ ဦးစားေပးအျဖစ္ ေခၚယူေစလိုပါတယ္။

ဂိုးမက္စ္၊ မာတစ္နဲ႔ လိုဗရန္တို႔က ဒဏ္ရာဆိုင္ရာ မွတ္တမ္းေတြ ရွိထားၾကတာပါ။ ဗန္ဒိုက္ကေတာ့ တကယ္ကို အားေကာင္းေမာင္းသန္နဲ႔ ဒဏ္ရာရခဲ့သူျဖစ္ေပမယ့္လည္း သူနဲ႔တြဲဘက္ျပီး ကစားဖို႔ ေနာက္ထပ္ ကမၻာအဆင့္ ခံစစ္မွဴးတစ္ဦး လိုအပ္လွပါတယ္။ ဗန္ဒိုက္နဲ႔ ကိုလီဘာလီအတြဲကို ျမင္ေယာင္ၾကည့္မိရဲ႕လား။ တကယ္ကို ထိပ္တန္း ခံစစ္အတြဲ ျဖစ္သြားပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ ခံစစ္သမားဟာ ကုန္ခဲ့တဲ့ ေလးရာသီဆက္တုိက္ စီးရီးေအ အေကာင္းဆံုးအသင္းမွာ ပါဝင္ရတဲ့ တစ္ဦးတည္းေသာ ခံစစ္မွဴးျဖစ္တယ္။ အီတလီရဲ႕ အေကာင္းဆံုး ခံစစ္မွဴးဟာ ကမၻာအေကာင္းဆံုး ခံစစ္မွဴးေတြထဲက တစ္ဦးအျဖစ္လည္း သက္မွတ္ခံထားရတယ္။

၂၀၂၃ ခုႏွစ္ထိ နာပိုလီနဲ႔ စာခ်ဳပ္ရွိေနတဲ့ ဆီနီေဂါလက္ေရြးစင္ကို ယူရို ၇၅ သန္းေပးရင္ ေခၚယူႏုိင္မွာျဖစ္ျပီး နာပိုလီကလည္း ဘ႑ာေရးပိုင္းအရ လူသစ္ေခၚဖို႔ ကစားသမား ေရာင္းခ်မႈေတြ လုပ္ရႏုိင္တာျဖစ္တယ္။ လက္ေရြးစင္အသင္းေဖာ္ မာေနးရွိတဲ့ လီဗာပူးနဲ႔ ကိုလီဘာလီၾကား သတင္းၾကီးေတြ ရွိခဲ့ေပမယ့္လည္း ဗန္ဒိုက္ ေရာက္ျပီး ေနာက္ပိုင္းမွာေတာ့ ျငိမ္သက္ေနခဲ့တာ ျဖစ္ပါတယ္။