ဒီကနေ့မှာ လီဗာပူးနဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့ပြီဖြစ်ပြီး နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန် အနိုင်ရဖို့အတွက် လီဗာပူးဘက်က အရှိန်အဟုန်နဲ့ ကြိုးစားလာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးရဲ့ တိုးတက်မှုကို ရပ်တန့်ဖို့ရာ ယူနိုက်တက်ဟာ လိုအပ်ချက်များလှပြီး ယာဂင်ကလော့ပ် လုပ်ပြနိုင်သလို ကိုယ်ပိုင် ဟန်တစ်ခုကိုလည်း ဆိုးရှား မတည်ဆောက်နိုင်သေးကြောင်းကို အားကစားကလောက်ရှင် ဂျီးနပ်က သုံးသပ်သွားပါတယ်။

ဂျီးနပ်က ” နှစ်သင်းကြားမှာ ကွာဟချက်က အရမ်း ကြီးနေပါပြီ။ ကလော့ပ်က ကစားသမားတွေကို အုပ်ချုပ်မှုမှာ ထူးချွန်လွန်းပြီး အိုလီက သင်ယူနေဆဲပါ။ ” ဆိုပြီး ကလပ်နှစ်သင်းကြားမှာကော မန်နေဂျာတွေကြားမှာပါ ကွာဟနေမှုကို ထောက်ပြခဲ့တယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်ထိ အောင်မြင်ခဲ့ပြီး သုံးကြိမ်ဆက် အောင်မြင်မှုကလည်း နှစ်ကြိမ်တိုင် ရှိထားခဲ့တာပါ။ လက်ရှိ ကလော့ပ်ရဲ့ လီဗာပူးက အဆိုပါ ပုံစံအတိုင်း အောင်မြင်ဖို့နဲ့ ဆုဖလားတွေကို ရယူဖို့ အလားအလာရှိပေမယ့် အိုလီရဲ့ အသင်းက ဆုဖလားတွေကို စိန်ခေါ်နိုင်လောက်တဲ့ ဟန်ပန် မရှိဘူးလို့ ဂျီးနပ်က ထောက်ပြပါတယ်။

” ကျနော် တွေးနေမိတာက ဆိုးရှားနဲ့ ပက်သက်ပြီး သူ့ရဲ့ အသင်းသားတွေကို ဘယ်လို ကိုင်တွယမလဲဖြစ်ပါတယ်။ ထိပ်တန်း ကစားသမားတွေကို ရပေမယ့်လည်း လီဗာပူးကို စိန်ခေါ်နိုင်ဖို့ ကစားဟန်တစ်ခုကို သူရနိုင်ပ့မလား။ လီဗာပူးကို ကြည့်ရတာ ၉၀ နဲ့ ၂၀၀၀ ပြည့်နှစ်တွေက ယူနိုက်တက် လွှမ်းမိုးခဲ့သလို လွှမ်းမိုးမယ့် ပုံစံပါပဲ။

ဆိုးရှားလက်ထက် ယူနိုက်တက်ရဲ့ ကစာဒဟန်ဟာ ဆုဖလား စိန်ခေါ်ဖို့အတွက် လီဗာပူးကို ယှဉ်ပြိုင်နိုင်မယ်လို့ ကျနော် အခုချိန်ထိ မမြင်သေးပါဘး။ အကောင်းဆုံး အသင်းတွေနဲ့ ပြီးပြည့်စုံစွာ ယှဉ်ပြိုင်မယ့် ကစားဟန်တစ်ခုကို မမြင်သေးဘူး။ ဒါက ဆိုးရှားကို မန်နေဂျာတစ်ယောက် အနေနဲ့ တိုးတက်မလာနိုင်ဘူးလို့ ပြောတာ မဟုတ်ပါဘူး။ သူကလည်း သင်ယူနေပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

၂၀၁၅ ခုနှစ်မှာ လီဗာပူးကို ပြောင်းလာခဲ့တဲ့နောက် ကလော့ပ်ဟာ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲကို နှစ်ကြိမ်တိုင် တက်ရောက်ခဲ့ပြီး ယူရိုပါလိဂ် တစ်ကြိမ်နဲ့ ကာရာဘောင်း တစ်ကြိမ်တို့ တက်ရောက်နိုင်ခဲ့တယ်။ ဒီမတိုင်ခင် ဒေါ့မွန်နဲ့ ၇ နှစ်မှာ ဘွန်ဒက်လီဂါ ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲ တစ်ကြိမ်တို့ကို တက်ရောက်နိုင်ခဲ့ပါသေးတယ်။

ထိပ်တန်းအောင်မြင်မှုတွေအတွက် ကလော့ပ်ရဲ့ တည်ဆောက်ပုံနဲ့ ပက်သက်လို့လည်း ဂျီးနပ်က အခုလို ထောက်ပြခဲ့ပါသေးတယ် ” ကလော့ပ်က ဒေါ့မွန်မှာ အသင်းကို တည်ဆောက်ခဲ့ပြီး အမှတ်ပေးဖလား အနိုင်ရကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ခဲ့တယ်။ သူက ငယ်ရွယ်တ့ ကစားသမားကောင်းတွေကို တိုးတက်လာဖို့ လုပ်ဆောင်ပေးခဲ့သူပါ။

အခုချိန်မှာ ထိပ်တန်းတွေဖြစ်နေတဲ့ ရော်ဘတ်ဆန်နဲ့ ဝိုက်နယ်ဒမ်တို့ကို တန်းဆင်းသွားတဲ့ အသင်းတွေကနေ သူခေါ်ယူခဲ့တာပါ။ ကုန်ခဲ့တဲ့ နှစ်ရာသီအတွင်း ဂျော်ဒန်ဟန်ဒါဆန်က ဘယ်လောက်တောင်မှ တိုးတက်လာတယ်ဆိုတာလည်း မြင်တွေ့နိုင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔မွာ လီဗာပူးနဲ႔ ယူႏုိုက္တက္တို႔ ထိပ္တိုက္ေတြ႔ျပီျဖစ္ျပီး ႏွစ္ ၃၀ ၾကာ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို တစ္ေက်ာ့ျပန္ အႏုိင္ရဖို႔အတြက္ လီဗာပူးဘက္က အရွိန္အဟုန္နဲ႔ ၾကိဳးစားလာခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးရဲ႕ တိုးတက္မႈကို ရပ္တန္႔ဖို႔ရာ ယူႏုိက္တက္ဟာ လိုအပ္ခ်က္မ်ားလွျပီး ယာဂင္ကေလာ့ပ္ လုပ္ျပႏုိင္သလို ကိုယ္ပိုင္ ဟန္တစ္ခုကိုလည္း ဆိုးရွား မတည္ေဆာက္ႏုိင္ေသးေၾကာင္းကို အားကစားကေလာက္ရွင္ ဂ်ီးနပ္က သံုးသပ္သြားပါတယ္။

ဂ်ီးနပ္က ” ႏွစ္သင္းၾကားမွာ ကြာဟခ်က္က အရမ္း ၾကီးေနပါျပီ။ ကေလာ့ပ္က ကစားသမားေတြကို အုပ္ခ်ဳပ္မႈမွာ ထူးခၽြန္လြန္းျပီး အိုလီက သင္ယူေနဆဲပါ။ ” ဆိုျပီး ကလပ္ႏွစ္သင္းၾကားမွာေကာ မန္ေနဂ်ာေတြၾကားမွာပါ ကြာဟေနမႈကို ေထာက္ျပခဲ့တယ္။

ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္ဖလား ၁၃ ၾကိမ္ထိ ေအာင္ျမင္ခဲ့ျပီး သံုးၾကိမ္ဆက္ ေအာင္ျမင္မႈကလည္း ႏွစ္ၾကိမ္တိုင္ ရွိထားခဲ့တာပါ။ လက္ရွိ ကေလာ့ပ္ရဲ႕ လီဗာပူးက အဆိုပါ ပံုစံအတိုင္း ေအာင္ျမင္ဖို႔နဲ႔ ဆုဖလားေတြကို ရယူဖို႔ အလားအလာရွိေပမယ့္ အိုလီရဲ႕ အသင္းက ဆုဖလားေတြကို စိန္ေခၚႏုိင္ေလာက္တဲ့ ဟန္ပန္ မရွိဘူးလို႔ ဂ်ီးနပ္က ေထာက္ျပပါတယ္။

” က်ေနာ္ ေတြးေနမိတာက ဆိုးရွားနဲ႔ ပက္သက္ျပီး သူ႔ရဲ႕ အသင္းသားေတြကို ဘယ္လို ကိုင္တြယမလဲျဖစ္ပါတယ္။ ထိပ္တန္း ကစားသမားေတြကို ရေပမယ့္လည္း လီဗာပူးကို စိန္ေခၚႏုိင္ဖို႔ ကစားဟန္တစ္ခုကို သူရႏုိင္ပ့မလား။ လီဗာပူးကို ၾကည့္ရတာ ၉၀ နဲ႔ ၂၀၀၀ ျပည့္ႏွစ္ေတြက ယူႏုိက္တက္ လႊမ္းမိုးခဲ့သလို လႊမ္းမိုးမယ့္ ပံုစံပါပဲ။

ဆိုးရွားလက္ထက္ ယူႏုိက္တက္ရဲ႕ ကစာဒဟန္ဟာ ဆုဖလား စိန္ေခၚဖို႔အတြက္ လီဗာပူးကို ယွဥ္ျပိဳင္ႏုိင္မယ္လို႔ က်ေနာ္ အခုခ်ိန္ထိ မျမင္ေသးပါဘး။ အေကာင္းဆံုး အသင္းေတြနဲ႔ ျပီးျပည့္စံုစြာ ယွဥ္ျပိဳင္မယ့္ ကစားဟန္တစ္ခုကို မျမင္ေသးဘူး။ ဒါက ဆိုးရွားကို မန္ေနဂ်ာတစ္ေယာက္ အေနနဲ႔ တိုးတက္မလာႏုိင္ဘူးလို႔ ေျပာတာ မဟုတ္ပါဘူး။ သူကလည္း သင္ယူေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

၂၀၁၅ ခုႏွစ္မွာ လီဗာပူးကို ေျပာင္းလာခဲ့တဲ့ေနာက္ ကေလာ့ပ္ဟာ ခ်န္ပီယံလိဂ္ဖလား ဗိုလ္လုပြဲကို ႏွစ္ၾကိမ္တိုင္ တက္ေရာက္ခဲ့ျပီး ယူရိုပါလိဂ္ တစ္ၾကိမ္နဲ႔ ကာရာေဘာင္း တစ္ၾကိမ္တုိ႔ တက္ေရာက္ႏုိင္ခဲ့တယ္။ ဒီမတိုင္ခင္ ေဒါ့မြန္နဲ႔ ၇ ႏွစ္မွာ ဘြန္ဒက္လီဂါ ၂ ၾကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ဗိုလ္လုပြဲ တစ္ၾကိမ္တို႔ကို တက္ေရာက္ႏုိင္ခဲ့ပါေသးတယ္။

ထိပ္တန္းေအာင္ျမင္မႈေတြအတြက္ ကေလာ့ပ္ရဲ႕ တည္ေဆာက္ပံုနဲ႔ ပက္သက္လို႔လည္း ဂ်ီးနပ္က အခုလို ေထာက္ျပခဲ့ပါေသးတယ္ ” ကေလာ့ပ္က ေဒါ့မြန္မွာ အသင္းကို တည္ေဆာက္ခဲ့ျပီး အမွတ္ေပးဖလား အႏုိင္ရကာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ေရာက္ခဲ့တယ္။ သူက ငယ္ရြယ္တ့ ကစားသမားေကာင္းေတြကို တိုးတက္လာဖို႔ လုပ္ေဆာင္ေပးခဲ့သူပါ။

အခုခ်ိန္မွာ ထိပ္တန္းေတြျဖစ္ေနတဲ့ ေရာ္ဘတ္ဆန္နဲ႔ ဝိုက္နယ္ဒမ္တို႔ကို တန္းဆင္းသြားတဲ့ အသင္းေတြကေန သူေခၚယူခဲ့တာပါ။ ကုန္ခဲ့တဲ့ ႏွစ္ရာသီအတြင္း ေဂ်ာ္ဒန္ဟန္ဒါဆန္က ဘယ္ေလာက္ေတာင္မွ တိုးတက္လာတယ္ဆိုတာလည္း ျမင္ေတြ႔ႏုိင္ပါတယ္ ” လို႔ ဆိုခ့ဲတာျဖစ္ပါတယ္။