” ကျနော်က ယူနိုက်တက်ကို မုန်းရမယ်ဆိုတဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းလာခဲ့ရသူပါ။ သူတို့ (စခိုးနဲ့ နဗီး) ကလည်း ကျနော်လိုပဲ ဖြစ်ပါလိမ့်မယ်။ ” – စတီဗင်ဂျရတ်

မာဆေးဆိုဒ်ရဲ့ ဟူတွန်သား ဂျရတ်နဲ့ ဂရိတ် မန်ချက်စတာဖွားတွေဖြစ်တဲ့ စခိုးနဲ့ နဗီးတို့ဟာ ကစားသမားဘဝ တစ်လျှောက်လုံး ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြကာ တစ်ဦးနဲ့တစ်ဦး ရန်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ရသူတွေပါ။ ဒါကလည်း သမိုင်းကြောင်းနဲ့ချီပြီး ပြိုင်ဆိုင်လာခဲ့တဲ့ လီဗာပူးနဲ့ ယူနိုက်တက်ရဲ့ အစိတ်အပိုင်းတွေအဖြစ် သူတို့ကစားသမားဘဝကို အခြေချခဲ့ခြင်းကြောင့်လည်း ဖြစ်ပါတယ်။

လီဗာပူး အကျမှာ ယူနိုက်တက် အောင်မြင်ခြင်း၊ ယူနိုက်တက် အကျမှာ လီဗာပူး အောင်မြင်ခြင်းတွေနဲ့အတူ ဒီနှစ်သင်းဟာ အင်္ဂလန်ရဲ့ အောင်မြင်မှု အမြင့်ဆုံး နှစ်သင်းဖြစ်ပြီး ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး နှစ်သင်းလည်း ဖြစ်ကြတယ်။ ဒီကနေ့မှာတော့ နှစ်ပေါင်း ၃၀ အကြာမှာ အမှတ်ပေးဖလားကို တစ်ကျော့ ပြန်လည် အနိုင်ရဖို့ အားထုတ်နေတဲ့ လီဗာပူးက ရာသီကုန် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူပြီး ဆုဖလားတွေကို စိန်ခေါ်ဖို့ ပြန်လည် တည်ဆောက်နေတဲ့ ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်တယ်။

မန်နေဂျာနှစ်ဦးကြား မီဒီယာတွေ့ဆုံမှုတွေမှာ သွေးတိုးစမ်းမှုတွေ လုပ်ခဲ့ကြပြီး ဒါဘီပွဲရှိတဲ့ ဒီကနေ့မှာတော့ ကလပ်နှစ်သင်း ကစားသမားဟောင်းတွေက ကိုယ်သက်ဆိုင်ရာ အသင်းတွေက ဒီပွဲကို အနိုင်ရမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါ့အပြင် ကလပ်နှစ်သင်း တရားဝင် လူမှုကွန်ယက်တွေကနေလည်း လေတိုက်မှုတွေ စတင်နေပါပြီ။

ဆုဖလား အောင်မြင်မှု အရေအတွက်ကစလို အခြားသော နယ်ပယ်စုံ အောင်မြင်မှုတွေမှာပါ တူညီတဲ့ ကိန်းဂဏန်း ဖြစ်လုနီးပါးကို ပိုင်ဆိုင်ထားတဲ့ နှစ်သင်း ထိပ်တိုက်တွေ့တဲ့ ဒီပွဲအကြိုမှာ လီဗာပူးက ကလပ်ရဲ့ ဖေ့ဘုတ်၊ တွစ်တာ၊ အင်စတာဂရမ်နဲ့ ယူကျူချန်နယ်တွေမှာ ယူနိုက်တက်ကို ဘယ်လို နှိပ်ကွပ်ခဲ့တယ်ဆိုတာကို ဗီဒီယိုတွေ၊ ပုံတွေနဲ့ ဆက်တိုက် ဖော်ပြနေပြီး ပြိုင်ဘက် ယူနိုက်တက်ကလည်း တူညီတဲ့ ဖော်ပြမှုတွေကို ပြုလုပ်နေခဲ့တာဖြစ်တယ်။

အင်္ဂလန်ဒါဘီလို့ ထင်ရှားတဲ့ လီဗာပူးနဲ့ ယူနိုက်တက် ထိပ်တိုက်တွေ့မှုဟာ အင်္ဂလန်သတင်းဌာနကြီးတွေ ခေါင်းစီးသတင်းအဖြစ် အပြိုင် ဖော်ပြခံနေရပြီး ယာဂင်ကလောပ့် ဦးဆောင်တ့ လီဗာပူးအသင်းသားတွေဟာ နှစ် ၃၀ အိပ်မက်ကို အသက်သွင်းဖို့ ပြိုင်ဘက်ကြီးကို အလဲထိုးဖို့ ပြင်းပြနေမှာ ဖြစ်ပါတယ်။

ZAWGYI

” က်ေနာ္က ယူႏုိက္တက္ကို မုန္းရမယ္ဆိုတဲ့ အသိုင္းအဝိုင္းမွာ ၾကီးျပင္းလာခဲ့ရသူပါ။ သူတို႔ (စခိုးနဲ႔ နဗီး) ကလည္း က်ေနာ္လိုပဲ ျဖစ္ပါလိမ့္မယ္။ ” – စတီဗင္ဂ်ရတ္

မာေဆးဆိုဒ္ရဲ႕ ဟူတြန္သား ဂ်ရတ္နဲ႔ ဂရိတ္ မန္ခ်က္စတာဖြားေတြျဖစ္တဲ့ စခိုးနဲ႔ နဗီးတို႔ဟာ ကစားသမားဘဝ တစ္ေလွ်ာက္လံုး ျပိဳင္ဘက္ေတြ ျဖစ္ခဲ့ၾကကာ တစ္ဦးနဲ႔တစ္ဦး ရန္ဘက္ေတြအျဖစ္ ရင္ဆုိင္ခဲ့ရသူေတြပါ။ ဒါကလည္း သမုိင္းေၾကာင္းနဲ႔ခ်ီျပီး ျပိဳင္ဆုိင္လာခဲ့တဲ့ လီဗာပူးနဲ႔ ယူႏုိက္တက္ရဲ႕ အစိတ္အပိုင္းေတြအျဖစ္ သူတို႔ကစားသမားဘဝကို အေျခခ်ခဲ့ျခင္းေၾကာင့္လည္း ျဖစ္ပါတယ္။

လီဗာပူး အက်မွာ ယူႏုိက္တက္ ေအာင္ျမင္ျခင္း၊ ယူႏုိက္တက္ အက်မွာ လီဗာပူး ေအာင္ျမင္ျခင္းေတြနဲ႔အတူ ဒီႏွစ္သင္းဟာ အဂၤလန္ရဲ႕ ေအာင္ျမင္မႈ အျမင့္ဆုံး ႏွစ္သင္းျဖစ္ျပီး ျပိဳင္ဆုိင္မႈ အျပင္းထန္ဆံုး ႏွစ္သင္းလည္း ျဖစ္ၾကတယ္။ ဒီကေန႔မွာေတာ့ ႏွစ္ေပါင္း ၃၀ အၾကာမွာ အမွတ္ေပးဖလားကို တစ္ေက်ာ့ ျပန္လည္ အႏုိင္ရဖို႔ အားထုတ္ေနတဲ့ လီဗာပူးက ရာသီကုန္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရယူျပီး ဆုဖလားေတြကို စိန္ေခၚဖို႔ ျပန္လည္ တည္ေဆာက္ေနတဲ့ ယူႏုိက္တက္ကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္တယ္။

မန္ေနဂ်ာႏွစ္ဦးၾကား မီဒီယာေတြ႔ဆံုမႈေတြမွာ ေသြးတိုးစမ္းမႈေတြ လုပ္ခဲ့ၾကျပီး ဒါဘီပြဲရွိတဲ့ ဒီကေန႔မွာေတာ့ ကလပ္ႏွစ္သင္း ကစားသမားေဟာင္းေတြက ကိုယ္သက္ဆိုင္ရာ အသင္းေတြက ဒီပြဲကို အႏုိင္ရမယ္လို႔ ခန္႔မွန္းခဲ့ၾကပါတယ္။ ဒါ့အျပင္ ကလပ္ႏွစ္သင္း တရားဝင္ လူမႈကြန္ယက္ေတြကေနလည္း ေလတိုက္မႈေတြ စတင္ေနပါျပီ။

ဆုဖလား ေအာင္ျမင္မႈ အေရအတြက္ကစလို အျခားေသာ နယ္ပယ္စံု ေအာင္ျမင္မႈေတြမွာပါ တူညီတဲ့ ကိန္းဂဏန္း ျဖစ္လုနီးပါးကို ပိုင္ဆုိင္ထားတဲ့ ႏွစ္သင္း ထိပ္တိုက္ေတြ႔တဲ့ ဒီပြဲအၾကိဳမွာ လီဗာပူးက ကလပ္ရဲ႕ ေဖ့ဘုတ္၊ တြစ္တာ၊ အင္စတာဂရမ္နဲ႔ ယူက်ဴခ်န္နယ္ေတြမွာ ယူႏုိက္တက္ကို ဘယ္လို ႏွိပ္ကြပ္ခဲ့တယ္ဆိုတာကို ဗီဒီယိုေတြ၊ ပံုေတြနဲ႔ ဆက္တိုက္ ေဖာ္ျပေနျပီး ျပိဳင္ဘက္ ယူႏုိက္တက္ကလည္း တူညီတဲ့ ေဖာ္ျပမႈေတြကို ျပဳလုပ္ေနခဲ့တာျဖစ္တယ္။

အဂၤလန္ဒါဘီလို႔ ထင္ရွားတဲ့ လီဗာပူးနဲ႔ ယူႏုိက္တက္ ထိပ္တုိက္ေတြ႔မႈဟာ အဂၤလန္သတင္းဌာနၾကီးေတြ ေခါင္းစီးသတင္းအျဖစ္ အျပိဳင္ ေဖာ္ျပခံေနရျပီး ယာဂင္ကေလာပ့္ ဦးေဆာင္တ့ လီဗာပူးအသင္းသားေတြဟာ ႏွစ္ ၃၀ အိပ္မက္ကို အသက္သြင္းဖို႔ ျပိဳင္ဘက္ၾကီးကို အလဲထိုးဖို႔ ျပင္းျပေနမွာ ျဖစ္ပါတယ္။